- ဗန်းမော်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင်ဦးရေ တစ်သောင်းခွဲမှာ အကူအညီမရရှိတဲ့အတွက် အစားအသောက်နဲ့နေရာအခက်အခဲ ကြုံတွေ့နေရတယ်လို့ စုံစမ်းသိရှိရပါတယ်။
- ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်- TNLA က ဒေသခံပြည်သူတွေကို တအာင်းအမျိုးသားတော်လှန်ရေးနေ့မှာ အိမ်တိုင်း တအာင်းအလံ မထောင်မနေရလို့ဆိုပြီး အတင်းအဓမ္မ အလံဖိုးဆောင်ခိုင်းပြီး လိုက်လံဖိအားပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
- တရုတ်ဇနီးမယားအဖြစ် လူကုန်ကူးရောင်းစားခံရမှုဖြစ်စဉ် မြန်မာပြည်တစ်ဝှမ်း ပျံ့နှံ့လာနေပြီး အများစုကတော့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းက ဒေသခံအမျိုးသမီးတွေဖြစ်တယ်လို့ ကချင်အမျိုးသမီးအဖွဲ့-ထိုင်းနိုင်ငံ(KWAT)က ပြောပါတယ်။