Published
Thursday, January 09, 2025
ဒုက္ခမျိုးစုံကြုံနေရတဲ့ ကရင်နီလူထုကို ဆက်လက်ကူညီပေးဖို့ နိုင်ငံတကာရောက်ကရင်နီလူထုကို KNPP တိုက်တွန်း
- နိုင်ငံတကာရောက် ကရင်နီပြည်သူတွေကနေ ဒုက္ခမျိုးစုံကြုံတွေ့နေရတဲ့ ကရင်နီလူထုကို ဆက်လက်ကူညီပေးဖို့ KNPP က နိုင်ငံတကာရောက် ကရင်နီလူထုတွေနဲ့ တွေ့ဆုံချိန်မှာ တိုက်တွန်းလိုက်ပါတယ်။
- မနုမနော(ကော်ယော်)လူမျိုးစုအနေနဲ့ မိမိတို့ရဲ့ စာပေ၊ ဓလေ့ထုံးတမ်းကို ရဲရဲဝံ့ဝံ့ ဖော်ထုတ်ပြီး ထိန်းသိမ်းစောင့်ရှောက်ဖို့ မနုမနော(ကော်ယော်)အမျိုးသားနေ့မှာ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC)က တိုက်တွန်းပြောဆိုလိုက်ပါတယ်။
- ကရင်နီပြည်က စစ်ဘေးရှောင်လူထုတွေ နေရပ်မပြန်နိုင်တာ ၄ နှစ်ရှိနေပြီး စစ်ရှောင်ကာလကြာမြင့်လာတာနဲ့အမျှ လိုအပ်ချက်တွေ များပြားနေဆဲဖြစ်တာကြောင့် နေရပ်ပြန်နိုင်ဖို့ မျှော်လင့်နေကြပါတယ်။