Published
Friday, December 15, 2023
ပထမအကြိမ် ချင်းပြည်ကောင်စီညီလာခံမှာ ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြဋ္ဌာန်း
- ပထမအကြိမ် ချင်းပြည်ကောင်စီညီလာခံမှာ ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြဋ္ဌာန်းပြီး ချင်းပြည်ကောင်စီကိုလည်း ဖွဲ့စည်းလိုက်ပါတယ်။
- စစ်ကိုင်းတိုင်း တမူးခရိုင် ခမ်းပါတ်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီတပ်ဖွဲ့ဘက်က မြေပြင်နဲ့ လေကြောင်းကပါ ထိုးစစ်ဆင်လာတာကြောင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။
- အာဏာသိမ်းစစ်ကောင်စီအဖွဲ့ထဲ ပူးပေါင်းပါ၀င်တဲ့ ချင်းတိုင်းရင်းသား ဒေါက်တာမှုထန် အပါအ၀င် စစ်ကောင်စီထိပ်ပိုင်းအရာရှိ ၄ ဦးနဲ့ လက်နက်ပွဲစား ကုမ္ပဏီ ၂ ခုတို့ကို ဥရောပသမဂ္ဂ(အီးယူ)က ဒဏ်ခတ်ပိတ်ဆို့လိုက်ပါတယ်။