မူဆယ်တိုက်ပွဲတွင် အရပ်သား တစ်ဦးသေ၊ ဘုန်းတော်ကြီးအပါအဝင် ၃ ဦး ဒဏ်ရာရ

မူဆယ်တိုက်ပွဲတွင် အရပ်သား တစ်ဦးသေ၊ ဘုန်းတော်ကြီးအပါအဝင် ၃ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ကားသမား ၁ ဦးသေဆုံးခဲ့ပြီး ဘုန်း ကြီးတစ်ပါး အပါအဝင် ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

မော်တောင်း ကောင်းဝိုက်ရွာအနားမှာ ဩဂုတ်လ ၂ ရက်နေ့၊ ညက ဖြစ်ပွားခဲ့သည့် လက်နက်ကိုင် အဖွဲ့အစည်း များ ကြားက တိုက်ပွဲအတွင်း ကားသမား တစ်ဦး ထိမှန်သေဆုံး ခဲ့သည်ဟု မူဆယ်မြို့က မြင့်မြတ်ပါရမီ အသင်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ကျနော်တောင် အခု ၁၀၅ မိုင်ကိုသွားမလို့ တစ်ယောက်က အပစ်ခံထားရတာ မနေ့ညကတည်းက အဲဒါအခုက လူနာရှင်တွေက အကူအညီတောင်း လာလို့ အဲဒါလေး သွားခေါ်မလို့။ အခု မော်တောင်းကောင်းဝိုက်နားမှာ အပစ်ခံထားရတဲ့ ကားသမားပေါ့။ အဲဒါလေး သွားကူညီမလို့ အဲဒါလူနာရှင်က အကူအညီတောင်းလာလို့ အခု သွားနေတယ်” ဟု ပြောသည်။

ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် လက်နက်ကိုင် အဖွဲ့အစည်းများကို မသိရသေးပေ။

ထို့အပြင် ဩဂုတ်လ ၂ ရက်နေ့ မနက် ၉ နာရီခန့်ကလည်း မူဆယ်မြို့နယ် တုန်ခန်ကျေးရွာအနီးတွင် စစ်ကောင် စီနဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/ TNLA) တပ်တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း ဒေသခံ ၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများကပြောသည်။

ထိခိုဒဏ်ရာရသူများကို သွားရောက် ကူညီပေးခဲ့သည့် မူဆယ်မြို့က မြင့်မြတ်ပါရမီ အသင်း တာဝန်ရှိသူ တစ်ဦး က “သူတို့အဲဒီကြားမှာ ညပ်သွားပြီးတော့ အဲဒီ အဲဒါက သူက သေနတ်ကျည်ဆံက လက်မောင်းကို မှန်တယ်။ သေနတ်ကျည်ဆံက လက်မောင်းကို ရှပ်မှန်တာပေါ့နော။ မှန်တယ်ပေါ့။ နောက်တစ်ခါ ဗုံးစထိမှန်တာပေါ့။ ခြေ ထောက်တွေ ဘာတွေမှာပေါ့။ ၂ ယောက်ထိတာ သိပ်တော့ ဟိုလိုကြီးတော့ မများပေမယ့် ဒီနေ့ကျနော် ဆေးရုံ သွားပြန်ပို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ သွေးထွက်နေလို့လေ” ဟု ပြောသည်။

“ကျနော်တို့ သွားတဲ့အ ချိန်မှာ ရပ်နေရသေးတယ်။ လောလောဆယ် ပစ်ခတ်နေလို့လေ။ ရပ်ပြီးပြန်လှည့်ရသေး တာ။ ပြီးခါမှ အခြေအနေ ဟိုဟာဖြစ်မှ ကောက်လို့ရ ကာမှ ကျနော်တို့ သွားကောက်လိုက်တာ” ဟု ဆက်ပြော သည်။

မူဆယ်နှင့် ၁၀၅ မိုင်အကြားရှိ တုန်ခန်ကျေးရွာအနီးတွင် ဩဂုတ်လ ၂ ရက်နေ့ မနက် ၉ နာရီခန့်က တိုက်ပွဲ စတင် ဖြစ်ပွားခဲ့ပြီး လမ်းပေါ်တွင် သွားလာနေသည့် အသက် ၁၄ နှစ်အရွယ် ကလေးငယ် ၂ ဦးထိမှန်ဒဏ်ရာ ရရှိခဲ့ သည် ဟု ဆိုသည်။

ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် ကလေးငယ် ၂ ဦးကို ယမန်နေ့က မြင့်မြတ်ပါရမီအသင်းမှ မူဆယ်ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ပြီး အခြေအနေ မစိုးရိမ်ရသည့်အတွက် ဆေးရုံက အိမ်ပြန်ခွင့်ပြုခဲ့သည်ဟု ပြောသည်။

သို့သော် ထိမှန်ဒဏ်ရာ ရရှိသည့်နေရာတွင် သွေးထွက်လာသည့်အတွက် ဩဂုတ်လ ၃ ရက်နေ့ ယနေ့ တွင် လူနာရှင်များဖက်က အကူအညီတောင်းလာသည့်အတွက် မူဆယ်ဆေးရုံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ သည်ဟု မြင့်မြတ်ပါရမီ အသင်း တာဝန်ရှိသူက ပြောသည်။

ထိုအပြင် အဆိုပါ ပစ်ခတ်မှုများအတွင်း ဘုန်းကြီး ၁ ပါးလည်း ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု မြင့်မြတ်ပါရမီ အသင်းက အဆိုပါ တာဝန်ရှိသူက ဆက်ပြောသည်။

“ဘုန်းကြီးတစ်ပါးက ကျတော့ သူတို့ ဘုန်းကြီးကားနဲ့လာပြီးတော့ ဟိုဟာဖြစ် သွားတာ သိပ်တော့ အများကြီး တော့ မထိပါဘူး။ ဒါပေမယ့် ဗုံးစထိတာပေါ။ တုန်ခါရွာက မဟုတ်ဘူးထင်တယ်။ ကျနော်အဲဒါလေးတော့ မမေး မိလိုက်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သေနတ်တွေကလည်း တောက်လျှောက်ပစ် နေတာ တိုက်ပွဲတွေကလည်း တောက်လျှောက် ဖြစ်နေတာဆိုတော့ အမြန်ကောက်ခဲ့ရတာ” ဟု ပြောသည်။

ကျည်ဆံထိမှန်ထားသည့် ဘုန်းကြီးသည်  ခိုမုန်းကျေးရွာက ဘုန်းကြီးဖြစ်ပြီး မူဆယ်တွင်  ဝါဆိုသင်္ကန်ကပ်ပြီး အပြန်လမ်းတွင် ကျည်ထိမှန်ခဲ့သည်ဟု သွားရောက်ကူညီပေးခဲ့သည့် မူဆယ်မြို့ မေတ္တာပန်းခင်း ပရဟိတ လူငယ်အဖွဲ့ က ဆိုသည်။ လက်ရှိမှာ ပြင်ဦးလွင်ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည်ဟု ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဇူလိုင်လ ဒုတိယ အပတ်ကစတင်ကာ ယနေ့အချိန်အထိ  စစ်ကောင်စီတပ်နှင့် PSLF/TNL တပ်တို့အကြား တိုက်ပွဲ ပြင်းထန်စွာ ဆက်တိုက် ဖြစ်ပွားနေသည်။

တိုက်ပွဲများကြောင့် ပြည်သူလူထုများမှာ တိမ်းရှောင်နေရသည့်အပြင် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီ တပ်၏ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုကြောင့်လည်း ဒေသခံများ ထိမှန်ဒဏ်ရာ ရရှိခဲ့ကြသည်ဟု ဒေသခံ များက ပြောသည်။

Most read this week

January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...
January 9, 2025
ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့တွင် တစ်နေ့ကို လျှပ်စစ်မီး ၃ နာရီသာ ရရှိတော့သည်ဟု...
January 8, 2025
ကချင်ပြည်၊ မြစ်ကြီးနားတွင် လူငယ်၊ လူလတ်ပိုင်း အမျိုးသားများ သတင်းအစအနမရဘဲ ဆက်တိုက်...
January 7, 2025
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီက ကုန်တင်ကားပိုင်ရှင်များကို အစည်းအဝေး‌ခေါ်ကာ...