မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုပ်မှုများနှင့် ပတ်သက်မှုများကို တယ်လီနော ဖွင့်ဟဖို့အချိန်တန်ပြီ - ရိုဟင်ဂျာများ‌ပြောဆို

မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုပ်မှုများနှင့် ပတ်သက်မှုများကို တယ်လီနော ဖွင့်ဟဖို့အချိန်တန်ပြီ - ရိုဟင်ဂျာများ‌ပြောဆို
မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော်ရှိ တယ်လီနော်တာဝါတိုင်
မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော်ရှိ တယ်လီနော်တာဝါတိုင်

မြန်မာပြည်ရှိ နော်ဝေးပိုင် တယ်လီနောလုပ်ငန်းကို အမြန်ရောင်းချခြင်းဖြစ်ပေါ်ပြီးနောက် ရိုဟင်ဂျာရွာအတွင်း ရက်စက်ကြမ်းကြုတ်မှုတွင် တယ်လီနောပါဝင်ပတ်သက်မှုအတွက် ဖွင့်ဟဝန်ခံသင့်ပြီဟု နော်ဝေးကို ဖိအားပေးခဲ့သည့် ရိုဟင်ဂျာဒုက္ခသည်များက ပြောဆိုသည်။

၂၀၂၀ ခုနှစ်တွင် နော်ဝေးအစိုးရ၏ OECD ဆက်သွယ်ရေးဌာနက တယ်လီနောသည် ရခိုင်ပြည်မြောက်ပိုင်းရှိ အလယ်သံကျော်ရွာတွင် ဆက်သွယ်ရေးကွန်ယက်တာဝါတိုင် မဆောက်လုပ်မှီ OECD လမ်းညွှန်ချက်များကို လေးစားလိုက်နာမှု ပျက်ကွက်ခဲ့ခြင်း ရှိ/မရှိ စုံစမ်းရန် ထုတ်ပြန်ခဲ့သည်။

လမ်းညွှန်ချက်ကိုလိုက်နာရန် ပျက်ကွက်ပါက ထိုရွာတွင် လူမျိုးတုန်းသတ်ဖြတ်မှုဖြစ်စေခဲ့သော “ရှင်းလင်းရေးစစ်ဆင်မှု” တွင် တယ်လီနော ပါဝင်ပတ်သက်ခြင်းဖြစ်သည်ဟု ရိုဟင်ဂျာဒုက္ခသည်များက ပြောဆိုသည်။

ရိုဟင်ဂျာရွာသားများဖြင့် ဖွဲ့စည်းထားသည့် “အလယ်သံကျော်ရွာ တရားမျှတမှုဖေါ်ထုတ်ရေးကော်မတီ - (CSJA) က မြန်မာလုံခြုံရေးတပ်သားတို့သည် တယ်လီနောတာဝါတိုင်ပေါ်မှနေ၍ ၂၀၁၇ ခုနှစ် ဩဂုတ်လ နောက်ဆုံးပတ်တွင် ရွာမှထွက်ပြေးနေသည့် ရိုဟင်ဂျာ ယောက်ျား၊ မိန်းမ၊ ကလေးတို့ကို ပစ်ခတ်ခဲ့သည်။

တာဝါတိုင်အမြင့်သည် မြန်မာစစ်သားတို့အတွက် အပေါ်စည်းမှ အဝေးသို့ လှမ်းမြင်နိုင်သည့်အတွက် ပြေးလွှားနေကြသော ရိုဟင်ဂျာရွာသားများကို ပစ်ခတ်သတ်ဖြတ်နိုင်ခဲ့သည်။

ထိုပစ်ခတ်မှုကြောင့် အလယ်သံကျော်နေ ရွာသား ၁၀၀ ကျော်ခန့်သေပြီး၊ တချို့အလောင်းများကို တယ်လီနောတာဝါတိုင်အောက်တွင် မြုပ်ထားခဲ့ကြသည်။

မြန်မာပြည်ရှိ တယ်လီနောလုပ်ငန်းကို ရောင်းချရန် အစီအစဥ်နှင့်ပတ်သက်၍ CSJA ပြောခွင့်ရပုဂ္ဂိုလ်က နော်ဝေးအနေနှင့် သူ့ဆုံးရှုံးမှုကို သက်သာရန် စုံစမ်းစစ်ဆေးမှုနဲ့ တရားမျှတမှုကိုပစ်ပယ်ပြီး မြန်မာပြည်က ထွက်သွားမှာပူပန်ကြောင်း ပြောသည်။

“အရေးယူမှာကို ထွက်ပြေးပုန်းအောင်းတာဘဲဖြစ်တယ်။ တယ်လီနောအနေနဲ့ အလယ်သံကျော်ရွာ တာဝါတိုင်မှာ မြန်မာစစ်တပ်နဲ့ ဘယ်လို ပတ်သက်ခဲ့သလဲ၊ ဘာတွေဖြစ်ခဲ့သလဲ။ အသေးစိတ်အချက်အလက်တွေကို ထုတ်ဖေါ်ပြီး ဖွင့်ဟသင့်တယ်” လို့ CSIA ပြောခွင့်ရ ရာမတ်အူလ်လာကဆိုသည်။

စုံစမ်းစစ်ဆေးဆဲ တရားစွဲစာမှာ တယ်လီဖုန်းတာဝါတိုင်နေရာအတွက် တယ်လီနောက မြန်မာစစ်တပ်အတွက် လုံခြုံရေးနဲ့ ထောက်လှမ်းရေးတွေမှာ ပါဝင်တယ်လို့ ဆိုထားသည်။

ထိုစွဲဆိုစာမှာ တယ်လီနောအနေဖြင့် ၂၀၁၆ ခုနှစ်က ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်၏ နှိပ်စက်မှုတွေကို တွေ့ခဲ့ပြီးဖြစ်သောကြောင့် ၂၀၁၇ ခုနှစ်မှာ ရင်နှီးမြုပ်နှံ့မှုကို ရပ်တန့်သင့်ပေမဲ့ တာဝါတိုင်ကို ဆက်လုပ်ခဲ့သည်ဟုဆိုသည်။

၂၀၁၉ ခုနှစ်မှာ CSJA က စွဲဆိုစာကို ဖြန့်ဝေခဲ့ပေမဲ့ တယ်လီနောက အလယ်သံကျော်နဲ့ပတ်သက်လို့ သတင်းအချက်အလက်မပေးဘဲ တာဝါတိုင်ပိုင်ကုမ္ပဏီနံမည်ကိုသာ ဖေါ်ပြခဲ့သည်။

Irrawaddy Green Tower Company ဖြစ်ပြီး ယခု ထိုကုမ္ပဏီသည် မြန်မာတယ်လီဖုန်းဆက်သွယ်ရေးလုပ်ငန်းကို မူလဈေးထက်လျှော့၍ တယ်လီနောထံမှ ဝယ်ယူမည်ဟုဆိုသည်။

“ကုမ္ပဏီကိုမရောင်းမှီ နော်ဝေးအစိုးရရဲ့ တယ်လီနောက သက်သေအထောက်အထားတွေကို ထုတ်ဖေါ်သင့်တယ်။ လူမျိုးတုန်းသတ်ဖြတ်မှု အတွက် ကျွန်ုပ်တို့ပြည်သူတွေက တင်ရှိထားတဲ့အကြွေးတွေကို ပြန်ဆပ်နိုင်ဖို့နှင့် တရားမျှတမှုအတွက် ကျွန်ုပ်တို့နှင့်အတူ တွဲစပ်ဆောင်ရွက် သင့်တယ်” ဟု ရာမတ်အူလ်လာကပြောသည်။

ဤစာရေးချိန်အထိ နော်ဝေးက OECD တယ်လီနောစုံစမ်းမှုကို ပစ်ပယ်လိုက်ကြောင်း အများသိ မကျေညာသေးပေ။

Most read this week

August 28, 2023
မြန်မာနိုင်ငံ၏ အာဏာရှင် ခေတ်အဆက်ဆက်တွင် ပုံစံမျိုးစုံနှင့် လူမျိုးတုန်းသတ်ဖြတ်‌မှုကို ခံခဲ့ရပြီး...
July 5, 2023
ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်စကောအကျဥ်းထောင်က နိုင်ငံရေးအကျဥ်းသား ၃၇ ယောက်ကို ထောင်ရွှေ့...
June 28, 2023
ဇွန်လ ၂၉ ရက်နေ့မှာ ကျရောက်တဲ့ အိဒွလ်အသွဟာ (Eid ul Adha) နေ့အတွက် အစ္စလာမ်ဘာသာဝင်တွေက...
June 28, 2023
မကွေးတိုင်း၊ အောင်လံမြို့နယ်ထဲက သက်တမ်းလွန် ကျော်စွာ ဓာတ်မြေဩဇာ စက်ရုံကို လက်နက်ထုပ်လုပ်ရန်...