ကျိုက်စကောထောင်က နိုင်ကျဥ်း ၃၇ ယောက်ကို ထောင်ရွှေ့ပြီးနောက် ပျောက်ဆုံးနေ

ကျိုက်စကောထောင်က နိုင်ကျဥ်း ၃၇ ယောက်ကို ထောင်ရွှေ့ပြီးနောက် ပျောက်ဆုံးနေ

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်စကောအကျဥ်းထောင်က နိုင်ငံရေးအကျဥ်းသား ၃၇ ယောက်ကို ထောင်ရွှေ့ မယ်လို့ ပြောဆိုကာ ခေါ်ထုတ်သွားပြီးနောက် ပျောက်ဆုံးနေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

ထောင်အပြောင်းအရွှေ့ လုပ်တာ ၁၀ ရက်နီးပါး ရှိသွားပြီ ဖြစ်ပေမယ့် ဒီနေ့အချိန်ထိ အဆက်အသွယ်မရတော့ဘဲ ပြတ်သွားလို့ မိသားစုဝင်တွေက စိုးရိမ်နေကြပါတယ်။

နိုင်ငံရေး အကျဉ်းသား ကျဥ်းသားတစ်ယောက်ရဲ့ မိခင်က “အခု ခေါ်ထုတ်သွားတဲ့ သူတွေက ပြီးခဲ့တဲ ဇွန်လထဲမှာ တုန်းကလည်း အကြိမ်ကြိမ်ခေါ်ထုတ်ပြီး ပြင်ပုံကြီး စစ် ကောင်စီတပ်ထဲမှာ ခေါ်ယူရိုက်နှက်ထားခဲ့သူတွေ၊ အဲဒီ တုန်းက လက်လွန်ပြီး တစ်ယောက် သေသွားသေးတယ်။ အခုကျန်တဲ့ ၃၇ ယောက်ကို ထောင်ကနေ ထုတ်သွား တာ၊ ထောင်ဝန် ထမ်းတွေဆီမှာ မေးကြည့်တော့ သာယာ၀တီထောင်ကို ရွှေ့သွားတယ်ဆိုလို့ သာယာ၀တီထောင် ကိုလည်း သွားမေးပြီးပြီ၊ မရှိဘူးတဲ့ အခုက ပျောက်နေတာ၊ တခုခုများလုပ်လိုက်ပြီလားမသိဘူး” လို့ ပြောပါ တယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့က ထောင်ရွှေ့မယ်ဆိုပြီး ခေါ်ထုတ်သွားရာကနေ ဘယ်ထောင်ကို ရောက်သွားမှန်း မသိ ဘဲ မိသားစုတွေနဲ့ပဲ အဆက်ပြတ်သွားတာ ဖြစ်တယ်လို့ အကျဉ်းဦးစီးဌာနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ထောင်ပြောင်းတာကိုလည်း မိသားစုဝင်တွေကို သက်ဆိုင်ရာ ထောင်အာဏာပိုင်တွေနဲ့ တာဝန်ရှိသူတွေက အကြောင်းကြားပေးတာမျိုး မရှိခဲ့ဘူးလို့ ဆိုကြပါတယ်။

“ထောင်ပြောင်းမယ် ဆိုတာကိုလည်း မိသားစုဝင်တွေဆီကို အကြောင်းကြားတာတော့ မရှိပါဘူး။ ဒါပေမဲ့ ထောင် မှာ သွားစုံစမ်းတော့၊ အင်းစိန်၊ သာယာ၀တီနဲ့ သရက်ထောင်တွေကို ပြောင်းလိုက်တယ်လို့ ကြားတာကြောင့် အဲ့ဒီ ထောင်တွေကို လိုက်လံစုံစမ်းတော့လည်း ဘယ်သူမှ ရောက်မလာဘူးလို့ ဆိုပါတယ်။ ဒါကြောင့် သူတို့ စားဝတ် နေရေးနဲ့ ကျန်းမာရေးတွေ အတွက်လည်း စိုးရိမ်နေရတာ။ အဓိကကတော့ သူတို့ သတ်လိုက်ပြီလားမသိဘူး” လို့ နိုင်ကျဥ်းတစ်ယောက်ရဲ့ ဖခင်ဖြစ်သူ က ပြောပါတယ်။

အခုပျောက်ဆုံးနေသူတွေက နှစ် ၄၀ အထက် ထောင်ချထားပြီးသူတွေ ဖြစ်ပြီး အကျဥ်းထောင်လက်စွဲ ဥပဒေ အရ ထောင်ထဲရောက်ရှိပြီးသား ဘယ်အကျဥ်သားကိုမှ အပြင်ကို ထုတ်ယူခွင့်မရှိသလို၊ လိုအပ်လို့ ပြန်လည် စစ်ဆေးချင်ရင်လည်း ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ယူပြီးမှ တရားရုံးတွေမှာပဲ စစ်ဆေးရမှာဖြစ်ပါတယ်။

သို့မဟုတ်ပါက အကျဥ်းထောင်အရာရှိရဲ့ ရှေ့မှောက်မှာပဲ စစ်ဆေးရမှာဖြစ်ကြောင်း အခုက ဥပဒေမဲ့ လုပ်ရပ် တစ်ခုသာ ဖြစ်တယ်လို့ နိုင်ငံရေးအကျဥ်းသားဟောင်း ရှေ့နေတစ်ယောက် က ပြောပါတယ်။

ယခု ပျောက်ဆုံးနေသူတွေကို ပြီးခဲ့တဲ့ ဇွန်လထဲမှာတုန်းက ပြင်ပုံကြီး စစ်ကောင်စီတပ်ထဲမှာ ခေါ်ယူ ရိုက်နှက် စစ်ကြောရေး ပြန်လုပ်ခံခဲ့ရတဲ့သူတွေဖြစ်ပြီး၊ အဲဒီတုန်းက စစ်ကြောရေးဒဏ်ကြောင့် နှစ်ကြီး ချခံထားရတဲ့ ကိုသန့်ဇင်ဝင်း ဆိုသူ လက်လွန်ပြီး သေဆုံးသွားခဲ့ပါတယ်။

Most read this week

August 28, 2023
မြန်မာနိုင်ငံ၏ အာဏာရှင် ခေတ်အဆက်ဆက်တွင် ပုံစံမျိုးစုံနှင့် လူမျိုးတုန်းသတ်ဖြတ်‌မှုကို ခံခဲ့ရပြီး...
June 28, 2023
ဇွန်လ ၂၉ ရက်နေ့မှာ ကျရောက်တဲ့ အိဒွလ်အသွဟာ (Eid ul Adha) နေ့အတွက် အစ္စလာမ်ဘာသာဝင်တွေက...
June 28, 2023
မကွေးတိုင်း၊ အောင်လံမြို့နယ်ထဲက သက်တမ်းလွန် ကျော်စွာ ဓာတ်မြေဩဇာ စက်ရုံကို လက်နက်ထုပ်လုပ်ရန်...
June 13, 2023
ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ နွယ်အေးရပ်ကွက် မှာနေထိုင်သူ ရိုဟင်ဂျာ အမျိုးသား ဦးသန်းမြင့် (ခ)...