အမ်မိုးနီးယား လိုအပ်ချက်ကြောင့် သက်တမ်းလွန် စက်ရုံကို ပြန်ဖွင့်ရန် စစ်ကောင်စီ စီစဉ်

အမ်မိုးနီးယား လိုအပ်ချက်ကြောင့် သက်တမ်းလွန် စက်ရုံကို ပြန်ဖွင့်ရန် စစ်ကောင်စီ စီစဉ်

မကွေးတိုင်း၊ အောင်လံမြို့နယ်ထဲက သက်တမ်းလွန် ကျော်စွာ ဓာတ်မြေဩဇာ စက်ရုံကို လက်နက်ထုပ်လုပ်ရန် လိုအပ်တဲ့ အမ်မိုးနီးယား ရရှိဖို့အတွက် ပြန်လည်ဖွင့်လှစ်ရန် စစ်ကောင်စီ စီစဉ်နေပါတယ်။

၁၃ နှစ် ကြာပိတ်ထားခဲ့ရတဲ့ အဆိုပါ ကျော်စွာ ဓါတ်မြေဩဇာ စက်ရုံကို ပြန်လည်ဖွင့်လှစ်ဖို့ စစ်ကောင်စီက စီစဥ်နေတယ်လို့ စက်ရုံဝန်ထမ်းတယောက်က ပြောပါတယ်။

”အရင်ကထဲက Gas မပေးနိုင်တာနဲ့ သက်တမ်းကုန်သွားတာကြောင့် ပိတ်ထားတာကြာပြီ၊ ၁၃ နှစ်လောက်ရှိနေ ပြီ။ အခုမှ အရေးတကြီး ဖွင့်ချင်နေတာ။ အဓိက က အမ်မိုးနီးယားကို လိုချင်တာ၊ အမ်မိုးနီးယားက၊ လက်နက် ထုတ် တဲ့ နေရာမှာ အဓိက ကုန်ကြမ်းလေ။ အရင်စက်ရုံကြီးလည်တုန်းကလဲ အမ်မိုးနီးယားအရည်ကို စစ်တပ်ကိုပို့ရတာ။ ဒီစက်ကရတဲ့ အမ်မိုးနီးယား အရည်အသွေးမျိုးက တခြားဓါတ်မြေဩဇာ စက်ရုံတွေမှာ မရဘူး။ ဒီစက်ရုံက သဘာ ၀ဓါတ်ငွေ့ ကို ကုန်တွင်းပိုင်းက ထွက်တဲ့ Gas ကိုသုံးတာဆိုတော့ Quality ကောင်းတယ်။ နောက်ပြီး ဒီစက်က ဂျာ မဏီကစက် မြန်မာပြည်မှာက ဒီတစ်လုံးပဲ ရှိတာ၊။ ဒါကြောင့် စစ်ကောင်စီက ဒီစက်ကို အတင်းပြန်လည်ဖို့ လုပ် နေတာ” လို့ အငြိမ်းစားစက်ရုံဝန်ထမ်း တစ်ဦးက ပြောပါတယ်။

အဆိုပါ စက်ရုံမှ ဓါတ်မြေဩဇာထုတ်မယ်ဟု ပြောဆိုကာ စက်ရုံလည်ပတ်နိုင်ရေး ပြင်ဆင်နေကြတာ ဖြစ်တယ် လို့ ဆိုပါတယ်။ သို့သော် စက်ရုံရဲ့ သက်တမ်းမှာ နှစ် ၃၀ သာ ရှိတာ ဖြစ်တာကြောင့် အခုဆိုရင် သက်တမ်းက ပြည့်နေပြီလို့ CDM ဝန်ထမ်းတွေက ပြောပါတယ်။ ဒီစက်ရုံကို လည်ပတ်နိုင်ရေး စီစဉ်နေတာက  အန္တရာယ်များ လွန်းတယ်လို့ ဆိုပါတယ်။

“အရမ်းအန္တယ်ကြီးတယ်။ ပိုက်လိုင်းတွေထဲမှာ အမိုးနီးယားချိုးတွေက အများကြီး။ အဲ့ဒါတွေလည်း သေသေ ချာချာ သန့်စင်နိုင်တာ မဟုတ်ဘူး။ စက်လည်ပတ်ဖို့အတွက် ၅ လလောက်ကြာအောင် စမ်းသပ်နေပေမဲ့ ဘွိုင်လာ က အခုထိအဆင်မပြေပါဘူ။ ပြီးခဲ့တဲ့အခေါက်က စမ်းကြည့်တာ ပေါက်ကုန်တယ်။ အခုလည်း အဲ့ဒါကိုပဲ လုပ် ချင်နေတာ။ တကယ်ထပေါက်ရင် အကုန်သေကုန်မှာ။ စစ်ကောင်စီက လူတွေက ဘာမှသိတာမဟုတ်ဘဲ အတင်း ခိုင်းနေတာ” လို့ CDM စက်ရုံ ဝန်ထမ်းတစ်ယောက်က ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းတဲ့ အချိန်ထိ ကျော်စွာစက်ရုံမှာ ဝန်ထမ်း ၂၈၀ ခန့်ရှိပြီး၊ အဲ့ဒီအထဲက ၃၀ လောက်က အငြိမ်းစားယူသွားကြကာ၊ ၁၀၀ ကျော်ခန့်ကမး CDM လုပ်သွားခဲ့ကြပါတယ်။

ထို့ကြောင့် လက်ရှိမှာ စက်ရုံ ပြန်လည်လည်ပတ်ဖို့ အတွက် လိုအပ်နေတဲ့ ဝန်ထမ်းတွေကိုတော့ စလေ၊ ပုသိမ် နဲ့ မြောင်းတကာ စက်ရုံတွေက ဝန်ထမ်းကိုပါ ခေါ်ပြီး အလျင်အမြန် လုပ်နေတယ်လို့ အငြိမ်းစား ဝန်ထမ်းတစ် ယောက် က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကျော်စွာ၊ ပုသိမ်၊ စလေ၊ ကွန်းချောင်း၊ မြောင်းတကာ စတဲ့ ဓါတ်မြေဩဇာစက်ရုံ ‌(၅)ခုရှိပြီး၊

ဓါတ်မြေဩဇာအတွက် အဓိက ကုန်ကြမ်းက သဘာ၀ဓါတ်ငွေ၊ ရေ၊ လေ တို့သာ လိုအပ်ပြီး၊ ကျော်စွာစက်ရုံက ထွက်တဲ့ ဓါတ်မြေဩဇာက ကုန်းတွင်းထွက် သဘာ၀ဓါတ်ငွေ့ကနေ ထုတ်တာကြောင့် အရည်အသွေး အကောင်းဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

တခြားစက်ရုံတွေက ကမ်းလွန်ကရတဲ့ သဘာ၀ဓါတ်ငွေ့တွေနဲ့ ထုတ်လုပ်ကြပြီး၊ အခု နောက်ဆုံးလည်ပတ်နေတဲ့ ပုသိမ်နဲ့မြောင်းတကာ စက်ရုံတွေကိုပါ ရပ်တန့် ထားလိုက်ကာ အဲ့ဒီက ဝန်ထမ်းတွေကို ကျော်စွာစက်ရုံကို အရေးပေါ် ခေါ်ပြီး စက်ရုံကို လည်ပတ်ဖို့ လုပ်နေကြတာ ဖြစ်ပါတယ်။

ဒီအတွက် စစ်ကောင်စီက အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းလောက်ကထဲက စီစဥ်နေခဲ့တာဖြစ်ပြီး၊ ပြီးခဲ့ တဲ့ ဇွန်လ ၂၃ ရက်နေ့ကလည်း မကွေးတိုင်း စစ်ကောင်စီ စွမ်းအင်ဝန်ကြီးဌာနက တိုင်းအဆင့် တာဝန်ရှိသူတွေ လာရောက်ကာ စက်အခြေအနေတွေကို စမ်းသပ် မောင်းနှင်ခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

ကျော်စွာစက်ရုံကို ၁၉၈၀ ခုနှစ်မှာ အနောက်ဂျာမဏီ နိုင်ငံကနေမှာယူပြီး တည်ဆောက်ထားခဲ့တာ ဖြစ်ပါတယ်။

စတင် လည်စမှာ တန်ချိန် (၆၀၀) အထိ ထွက်ပြီး နောက်ပိုင်းမှာ သဘာ၀ဓါတ်ငွေ့ မရတော့လို့ ဆိုပြီး၊ စက်ရုံကို ရပ် လိုက်ပါတယ်။ သက်တမ်းအနေနဲ့ကလည်း နှစ် ၃၀ ပြည့်သွားတာကြောင့် ရပ်တန့်ထားလိုက်ရတာလို့ ဆိုကြ ပါတယ်။

Most read this week

August 28, 2023
မြန်မာနိုင်ငံ၏ အာဏာရှင် ခေတ်အဆက်ဆက်တွင် ပုံစံမျိုးစုံနှင့် လူမျိုးတုန်းသတ်ဖြတ်‌မှုကို ခံခဲ့ရပြီး...
July 5, 2023
ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်စကောအကျဥ်းထောင်က နိုင်ငံရေးအကျဥ်းသား ၃၇ ယောက်ကို ထောင်ရွှေ့...
June 28, 2023
ဇွန်လ ၂၉ ရက်နေ့မှာ ကျရောက်တဲ့ အိဒွလ်အသွဟာ (Eid ul Adha) နေ့အတွက် အစ္စလာမ်ဘာသာဝင်တွေက...
June 13, 2023
ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ နွယ်အေးရပ်ကွက် မှာနေထိုင်သူ ရိုဟင်ဂျာ အမျိုးသား ဦးသန်းမြင့် (ခ)...