ရိုဟင်ဂျာများကို နှိပ်စက်ညှင်းပမ်းရာမှာ တယ်လီနော ပါဝင်ပတ်သက်မှုစုံစမ်းဖို့ OECD လုပ်သင့်တယ်လို့ဆို

ရိုဟင်ဂျာများကို နှိပ်စက်ညှင်းပမ်းရာမှာ တယ်လီနော ပါဝင်ပတ်သက်မှုစုံစမ်းဖို့ OECD လုပ်သင့်တယ်လို့ဆို

မြန်မာ အစိုးရ စစ်တပ် က ရခိုင်ပြည်နယ်မှာ ၂၀၁၆ နှင့် ၂၀၁၇ က ပြုလုပ်ခဲ့တဲ့ ရက်စက်ကြမ်းတမ်းတဲ့ “ရှင်းလင်းရေး” စစ်ဆင်မှုမှာ နော်ဝေး အစိုးရပိုင် တယ်လီနော ကုမ္ပဏီရဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်၊ အလယ်သံကျော်ကျေးရွာရှိ တာဝါတိုင် အဆောက်အဦးနဲ့ ပတ်သက်ပြီး OECD (Organization of Economic Cooperation and Development) ရဲ့ စည်းမျဥ်းကို ချိုးဖေါက်မှုရှိမရှိ တရားဝင်စုံစမ်းစစ်ဆေးရန် နော်ဝေးရှိ OECD ဆက်သွယ်ရေးရုံး က ထုတ်ပြန် လိုက်ပါသည်။

၂၀၁၇ ခု သြဂုတ်လ နောက်ဆုံးပတ်အတွင်း အလယ်သံကျော်ကျေးရွာ မှ ထွက်ပြေးခဲ့သော ရိုဟင်ဂျာ ယောက်ကျား၊ မိန်းမ၊ ခလေးသူငယ်တွေကို အစိုးရလုံခြုံရေးတပ်တွေက ၎င်းဒေသရှိတယ်လီနော်ဓါတ်အားတိုင် ပေါ် မှ တက်ပြီး ပစ်ခတ်သတ်ဖြတ်ကြောင်း အလယ်သန်ကျော်ရွာမှ ရိုဟင်ဂျာတို့က တိုင်ကြခဲ့သည်။ အမြင့်ပိုင်းမှာရှိတဲ့ တာဝါတိုင်အုတ်ခုံပေါ်က အစိုးရ စစ်တပ်တို့အတွက် အဝေးကို လှမ်းမြင်နိုင်ပြီး ပြေးလွှားနေတဲ့ ရိုဟင်ဂျာရွာသားတွေကို ပစ်ခတ်သတ်ဖြတ်ဖို့ နှင့် ခြိမ်းခြောက်ဖို့ အတွက် နေရာလည်းဖြစ်ခဲ့သည်ဟု ရွာသားများ က ပြောဆိုသည်။

စစ်ဆင်ရေးအချိန်ကာလာတွင် အသတ်ခံရသည့် အလယ်သံကျော်ကျေးရွာသား တရာလောက်လည်း တယ်လီနော တာဝါတိုင် အောက်မှာ ပုံထားတယ်လို့ လည်း ဆိုကြကြောင်းသိရှိရသည်။

ဒီရက်စက်မှုအောက်မှ လွတ်မြောက်လာသူများ၊ ယခု ဘင်ဂါလားဒေးရှ် ရှိ ကမ္ဘာ့အကြီးဆုံးဒုက္ခသည်စခန်းတွင် ရောက်ရှိနေသောသူတွေက “အလယ်သံကျော် အတွက် အမှုမှန်ပေါ်ဆောင်ရေး ကော်မီတီ” မှတဆင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် OECD ကို တိုင်တန်းခဲ့သည်။ အချိန်တွေ အတော်ကြာ ဆက်စပ်စုံစမ်းစစ်ဆေးပြီးနောက် နော်ဝေး OECD ဆက်သွယ်ရေးရုံးက ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့မှာ အမှုကိုလက်ခံ လိုက်ကြောင်းသိရှိရသည်။

ကော်မီတီ၏ တိုင်ကြားချက်ထဲတွင် တယ်လီနော မန်နေဂျာများသည် ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အစိုးရစစ်တပ်မှ ရက်ရက်စက်စက် စစ်ဆင်ရေး လုပ်တော့မယ်ဆိုတာကို ခန့်မှန်းနိုင်ခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ်၊ အစိုးရစစ်တပ်၏ “ရှင်းလင်းရေး” ကြိုတင်စစ်ဆင်မှု အဖြစ် အစုလိုက်အပြုံလိုက် မုဒိမ်းကျင့်ခြင်း၊ နှိပ်စက် သတ်ဖြတ်ခြင်းတို့ကြောင့် ရိုဟင်ဂျာ ၇၀၀၀၀ ကျော် ဘင်ဂါလားဒေးရှ်နိုင်ငံသို့ ထွက်ပြေးနေချိန်တွင် တယ်လီနော် ရုံး မှ သူတို့ ၏ ဝန်ထမ်းအားလုံးကို အလယ်သံကျော်ကျေးရွာ မှ ရွှေ့ထားခဲ့ကြကြောင်း ရွာသားများ ၏ ပြောပြချက်အရ သိရသည်။

ဒီလို ရက်စက်မှုတွေ အစိုးရစစ်တပ်က ကျူးလွန်ခဲ့ပေမဲ့ တယ်လီနောရုံးက ၂၀၁၇ ခုနှစ်မှာ အလယ်သံကျော်သို့ ပြန်လာပြီး တာဝါတိုင်ကို ဆက်လက်ဆောက်ခဲ့ကြတယ်။ အစိုးရစစ်တပ်ကလည်း ပိုမိုပြင်းထန်တဲ့ “ရှင်းလင်း ရေး” စစ်ဆင်မှုကို ရခိုင်မြောက်ပိုင်းတခွင်မှာ ၂၀၁၇ ခုနှစ်တွင် ထပ်လုပ်လို့ ရိုဟင်ဂျာ ထောင်ပေါင်း များစွာ အသတ်ခံရပြန်ပြီး ၇၀၀၀၀၀ ကျော် တိုင်းပြည်က ထွက်ပြေးကြရပြန်တယ် ဟု အမှုမှန်ပေါ်ဆောင်ရေး ကော်မီတီ မှ ပြောဆိုသည်။

နိုင်ငံတော်ကိုယ်တိုင်က ရိုဟင်ဂျာတွေ အပေါ် ပြစ်မှုကျူးလွန်နေတာကို ထင်ရှားနေပေမဲ့ တယ်လီနောရုံးက ဂရုမ စိုက်ခဲ့တဲ့ အတွက် OECD ရဲ့ လမ်းညွှန်ချက် ဖြစ်တဲ့ “Due diligence (အသေအချာစီစစ်သင့်)” ဆိုတဲ့ အချက်နဲ့ ဆန့်ကျင်နေတယ် လို့ ကော်မီတီက အခိုင်အမာဆို ထားကြောင်းသိရှိရသည်။

နော်ဝေး OECD ဝက်ဗ်ဆိုက်(https://www.responsiblebusiness.no/committee-seeking-justice-for-alethan...) မှာ စုံစမ်းစစ်ဆေးဖို့ သက်သေလုံလောက်တယ်၊ “ အချက်အလက်ရှာဖွေတဲ့ အစီရင်ခံစာ အရ တိုင်းကြားချက်က အဖြစ်မှန် နဲ့ ခိုင်မာမှုရှိတယ်။” လို့ ဆိုတယ်။

အလယ်သံကျော် အတွက် အမှုမှန်ပေါ်ရေး ကော်မီတီ” ဥက္ကဌ ရာမတ်အူလာ က “OECD ရဲ့ စုံစမ်းစစ်ဆေးမှုကို ကြိုဆိုလိုက်တယ်။ “အသတ်ခံရတဲ့ လူတွေအတွက် တရားနည်းလမ်း အရဖြစ်စေချင်တယ်။ နော်ဝေးက ကုမ္ပဏီ အနေနဲ့ ရှင်းရှင်းလင်းလင်း တာဝန်ခံ စေချင်တယ်။”

စုံစမ်းတွေ့ရှိချက်အရ အလယ်သံကျော်ရှိ တာဝါတိုင်ကို တယ်လီနောက Irrawaddy Green Towers ( ဧရာဝတီ ဂရင်း တာဝါစ်) ကုမ္ပဏီမှ ငှါးထားသည့် ဖြစ်ကြောင်း၊ ဧရာဝတီ ဂရင်း တာဝါစ် ကုမ္ပဏီဟာ မြန်မာပြည်မှာ အကြီးဆုံး တယ်လီဖုန်း တာဝါကုမ္ပဏီ ဖြစ်ပြီး ရင်းနှီးမြုပ်နှံတဲ့ အစိုးရတွေက ဗြိတိန်၊ ပြင်သစ်၊ နယ်သာလန်၊ အော်စတီးယား၊ ဂျာမဏီ၊ ဘယ်ဂျီယန် စတဲ့အစိုးရတွေ ဖြစ်တဲ့ အပြင် ကမ္ဘာ့ဘဏ်ရဲ့ ပုဂ္ဂလိက ကဏ္ဏ လက်ကိုင်းဖြစ်တဲ့ နိုင်ငံတကာ ငွေကြေးကော်ပို ရေးရှင်း (IFC) လည်းပါဝင်နေကြောင်း သိရှိရသည်။

တွေ့ရှိတဲ့ မှတ်ချက်အရ မြန်မာအစိုးရ၏စစ်တပ်က တယ်လီနောတာဝါကို သုံးပြီး ပစ်ခတ်သတ်ဖြတ်မှုတွေ လုပ်တယ် ဆိုတာကို တယ်လီနောက မငြင်းဆန်ပေမဲ့ ဒီလုပ်ရပ်က သူတို့ တာဝန် ယူနိုင်တဲ့ အပိုင်း မဟုတ်ဘူး လို့ ဆိုတယ်။

ပြည်တွင်း တရားရေးမဏ္ဏိုင်က စစ်ဘက်ဆိုင်ရာအရာရှိကြီးတွေကို တာဝန်မခံခိုင်းနိုင်လို့ နိုင်ငံတကာ တရားရုံးမှာ ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှု အဖြစ် စွဲချက်တင်ရတဲ့ ရှင်းလင်းတဲ့ အကြောင်းရင်းဖြစ်နေပေမဲ့ တယ်လီနော က မြန်မာ အာဏာပိုင်တွေကို ဒီရက်စက်မှုအတွက် စုံစမ်းပေးဖို့ ပြောနေတယ်။

အလယ်သံကျော် လူအစုလိုက်အပြုံလိုက်သတ်မှုသတင်းကို ၂၀၁၈ ခုနှစ်တွင် ကုလားတန် သတင်းကွန်ယက် မှ “အလယ်သံကျော် လူသတ်ကုန်း” ဆိုတဲ့ အစီရင်ခံစာမှာ ပထမဦးဆုံး ဖေါ်ပြခဲ့သည်။ နောက်ပိုင်းတွင် ၂၀၁၉ ခုနှစ် တွင် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ယန်ဟီလီက “တာဝါတိုင်တွေပေါ်ကနေ စနိုက်ပါတွေနဲ့ ပစ်ခတ်တာဟာ ကုမ္ပဏီတွေနဲ့ (မြန်မာပြည်မှာ) ရင်းနှီးမြုပ်နှံသူတွေ အနေနဲ့ လူ့အခွင့်အရေး အတွက် (due diligence) သေသေချာချာ လုပ်ဖို့ အရေးကြီးတယ် ဆိုတာထင်ရှားတယ်” လို့ဆိုခဲ့သည်။

Most read this week

August 28, 2023
မြန်မာနိုင်ငံ၏ အာဏာရှင် ခေတ်အဆက်ဆက်တွင် ပုံစံမျိုးစုံနှင့် လူမျိုးတုန်းသတ်ဖြတ်‌မှုကို ခံခဲ့ရပြီး...
July 5, 2023
ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်စကောအကျဥ်းထောင်က နိုင်ငံရေးအကျဥ်းသား ၃၇ ယောက်ကို ထောင်ရွှေ့...
June 28, 2023
ဇွန်လ ၂၉ ရက်နေ့မှာ ကျရောက်တဲ့ အိဒွလ်အသွဟာ (Eid ul Adha) နေ့အတွက် အစ္စလာမ်ဘာသာဝင်တွေက...
June 28, 2023
မကွေးတိုင်း၊ အောင်လံမြို့နယ်ထဲက သက်တမ်းလွန် ကျော်စွာ ဓာတ်မြေဩဇာ စက်ရုံကို လက်နက်ထုပ်လုပ်ရန်...