မောင်တောမြောက်ပိုင်းတွင် လူမျိုးတုံးသတ်ဖြတ်မှု သက်သေအထောက်အထားများကို မြန်မာစစ်တပ်က ဖျက်ဆီးနေ

မောင်တောမြောက်ပိုင်းတွင် လူမျိုးတုံးသတ်ဖြတ်မှု သက်သေအထောက်အထားများကို မြန်မာစစ်တပ်က ဖျက်ဆီးနေ

မောင်တောမြောက်ပိုင်းသို့ အသစ်ရောက်ရှိနေသည့် မြန်မာစစ်တပ်များသည် ပြီးခဲ့သည့်အပတ်မှစ၍ ၂၀၁၇ ခုနှစ် ၊ သြဂုတ်လအတွင်းပြုလုပ်ခဲ့သည့် “ရှင်းလင်းရေးလုပ်ငန်းများ”စစ်ဆင်ရေးအတွင်း သတ်ဖြတ်ခဲ့သည့် ရိုဟင်ဂျာရွာသားများ၏ အစုလိုက်အပြုံလိုက် မြှုပ်ခဲ့သည့်သင်္ချိုင်းများကို ဖျက်စီးပစ်နေခြင်းများလုပ်ဆောင်နေသည်ဟု မျက်မြင်သက်သေများ၏ပြောဆိုချက်အရ သိရသည်။

စက်တင်ဘာ ၁၀ ရက်မှ ၁၄ ရက်အကြား မြန်မာစစ်တပ် ၂၀၀၀ ခန့်သည် ပင်လယ်ကမ်းရိုးတန်း အင်းဒင်မှ နတ်မြစ် အထက်ပိုင်း မောင်တောမြောက်ပိုင်းသို့ ငါးဖမ်းစက်လှေများဖြင့် သယ်ယူ ပို့ဆောင်ခြင်းခံခဲ့ရသည်။ ၎င်းစစ်သားများသည် အင်းဒင်အနီး ကျောက်ချထားသော မြန်မာရေတပ် စစ်သင်္ဘော ၄ စီးဖြင့် ရောက်ရှိလာသူများဖြစ်သည်။

စစ်သားအသစ်များကို မောင်တောမြောက်ပိုင်းခရိုင်၊ ခမောက်ဆိပ်မြို့နယ်ခွဲရှိ နယ်ခြားစောင့် တပ်စခန်းများ၌ တပ်ချထားခဲ့သည်။ ထိုနေရာတွင် ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာကျေးရွာအများအပြားဖျက်ဆီးခံရပြီး လူရာပေါင်းများစွာသေဆုံးခဲ့သည်။

စက်တင်ဘာ ၂၁ ရက်မှ စတင်၍ ခမောက်ဆိပ်ကျေးရွာရှိ ဒေသခံရိုဟင်ဂျာမဟုတ်သော ရွာသားများသည် အသစ်ရောက်ရှိလာသော မြန်မာစစ်တပ်များသည် ယခင်ရိုဟင်ဂျာကျေးရွာများအတွင်း သတ်ဖြတ်မှုများ၏ အကြွင်းအကျန်များကိုရှာဖွေခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၏ သက်သေအထောက်အထားများကို ဖျက်ဆီးပစ်နေသည့်ဟု သက်ဆိုင်ရာ ဌာနသို့ အစီရင်ခံတင်ပြခဲ့‌ကြောင်းသိရသည်။

ပြီးခဲ့သည့်အပတ်က ဒေသခံရွာသားများက ဘူးသီးတောင်မှ မေယုတောင်တန်းများကို ဖြတ်ကျော်ပြီး၊ ခမောက်ဆိပ်ကျေးရွာတောင်ပိုင်း၊ ငရန်းချောင် -တချို့သော ဒေသခံများက အိစ်ဒေးဖါကျေးရွာ ဟုခေါ်- (နယ်မြေစောင့်တပ်ရဲစခန်းသို့) တင့်ကား ၆ စီးရောက်ရှိလာသည်ဟုပြောဆိုသည်။ ငရန်းချောင်းသည် ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ ၆ ကီလိုမီတာခန့် အကွာတွင်ရှိပြီး နယ်စပ်စောင့်တပ်ရဲစခန်းနံပါတ် ၂ လက်အောက်တွင်ရှိသည်။

စက်တင်ဘာလ ၁၅ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးတွင် မြန်မာစစ်တပ်များ၏ ပုံမှန်မဟုတ်သော စစ်သားများ လှုပ်ရှားမှု၊ ရောက်ရှိလာခြင်းနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ပြောကြားခဲ့သည်။

အပြည်ပြည်ဆိုင်ရာ တရားမျှတမှုတရားရုံးမှ ဂမ်ဘီယာနိုင်ငံမှ မြန်မာနိုင်ငံအား လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်းအရ အရေးယူခြင်း၊ လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်များနှင့် သက်ဆိုင်သော သက်သေ အထောက်အထားများကို ထိန်းသိမ်းရန်နှင့် ပျက်စီးခြင်းကို ကာကွယ်ရန် လိုအပ်ဟု ညွန်ကြားခဲ့သည်။

မောင်တောမြောက်ပိုင်းသို့ မြန်မာစစ်တပ်များ ရောက်ရှိလာသည့် အချိန်မှစ၍ ဒေသခံ အာဏာပိုင်များသည် မောင်တောတစ်ဝိုက် နေ့လည် ၁ နာရီမှ နံနက် ၅ နာရီအကြား ညမထွက်ရအမိန့်ကို ကိုဗစ်- ၁၉ ပြန့်ပွားမှုကို ကာကွယ်ရန်အတွက် ထုတ်ပြန်ခဲ့ကြောင်း ဖြစ်သည်ဟုပြောကြားခဲ့သည်။

မောင်တောတောင်ပိုင်းရှိ ရွာသားများက စက်တင်ဘာလလယ်ပိုင်းက အလယ်သံကျော်ကျေးရွာရှိ ရေတပ်သင်္ဘောများဖြင့် ရောက်ရှိလာသည့် မြန်မာစစ်တပ် တပ်သား ၈၀၀ ခန့်သည် ဘူးသီးတောင်ရှိ ရခိုင်တပ်တော်အား တိုက်ခိုက်နေသည့် တပ်ရင်းများကို အားဖြည့်ရန် အရှေ့ဘက်သို့ မေယုတောင်တန်း များကို ဖြတ်လျှောက် သွားခဲ့သည်ဟု သတင်းများရရှိခဲ့သည်။

Most read this week

August 28, 2023
မြန်မာနိုင်ငံ၏ အာဏာရှင် ခေတ်အဆက်ဆက်တွင် ပုံစံမျိုးစုံနှင့် လူမျိုးတုန်းသတ်ဖြတ်‌မှုကို ခံခဲ့ရပြီး...
July 5, 2023
ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်စကောအကျဥ်းထောင်က နိုင်ငံရေးအကျဥ်းသား ၃၇ ယောက်ကို ထောင်ရွှေ့...
June 28, 2023
ဇွန်လ ၂၉ ရက်နေ့မှာ ကျရောက်တဲ့ အိဒွလ်အသွဟာ (Eid ul Adha) နေ့အတွက် အစ္စလာမ်ဘာသာဝင်တွေက...
June 28, 2023
မကွေးတိုင်း၊ အောင်လံမြို့နယ်ထဲက သက်တမ်းလွန် ကျော်စွာ ဓာတ်မြေဩဇာ စက်ရုံကို လက်နက်ထုပ်လုပ်ရန်...