NLD အစိုးရသစ်အတွက် ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ငြိမ်းချမ်းရေးက စိန်ခေါ်မှုဖြစ်

NLD အစိုးရသစ်အတွက် ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ငြိမ်းချမ်းရေးက စိန်ခေါ်မှုဖြစ်
ရွေးကောက်ပွဲတွင် အနိုင်ရရှိထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် အစိုးရသစ်ဖွဲ့စည်းပြီးနောက် ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းများက အဓိက စိန်ခေါ်မှုဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူ ဒေါက်တာရန်မျိုးသိန်းက Intellectual Talk on 2015 Election အစီအစဉ်တွင် ထည့်သွင်းပြော ဆိုခဲ့သည်။

“ ရွေးကောက်ပွဲအလွန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဖွဲ့မယ် ဆိုရင် အဓိကစိန်ခေါ်မှု ၂ ခု တွေ့တယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေး စိန်ခေါ်မှု၊ ငြိမ်းချမ်းရေး စိန်ခေါ်မှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဘယ်လိုမှ ရှောင်လွဲလို့ မရတဲ့ စိန်ခေါ်မှု ဖြစ်တယ်” ဟု ၎င်းက ပြောသည်။

နိုဝင်ဘာ ၂၇ ရက်နေ့ ရန်ကုန်မြို့ Grand Laurel ဟိုတယ်၌  Intellectual Talk on 2015 Election အစီအစဉ် ဟောပြောဆွေးနွေးစဉ် ၎င်းက ရွေးကောက်ပွဲကာလအလွန်တွင် အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနေဖြင့် ရင်ဆိုင်ရမည့် စိန်ခေါ်မှုအချက် ၂ ချက်ကို ထောက်ပြပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ ပြီးခဲ့တဲ့ လွှတ်တော်မှာ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ အာဏာအစိုးရက သူတို့စိတ်ကြိုက် စီမံပြီး၊ အချိန်ဆွဲတာ တွေ့ ရတယ်။ ဘာမှ ထိထိရောက်ရောက် ပြင်ဆင်တာမတွေ့ရဘူး။ ဖွဲ့စည်းပုံပြင်ဆင်ရေးက ၂၀၁၆ လွှတ်တော်မှာ မဖြစ်မနေ ဦးစားပေးလုပ်ရမယ့် အလုပ်ဖြစ်တယ်” ဟု ဒေါက်တာရန်မျိုးသိန်းက ပြောသည်။

စစ်အစိုးရလက်ထက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲကာ ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းက ထောက်ခံ အတည်ပြုထားသည့် ကိစ္စကို ပြန်လည်စဉ်းစားရန် လိုအပ်သဖြင့် ၂၀၁၆ လွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ပတ်သက်သည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ အဆိုတင်သွင်းကာ ဆောင်ရွက်သင့်ကြောင်း ၎င်းက သုံးသပ်ပြောသည်။

နိုင်ငံရေး လေ့လာသူ ဒေါ်ခင်မမမျိုးကလည်း “ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုဖြစ်လာဖို့ ခေါင်မိုးလဲရုံနဲ့ မဖြစ်နိုင်ပါဘူး။ ပင်လုံကဲ့သို့သော ညီလာခံကြီး ပေါ်ထွက်လာဖို့ ဖွဲ့စည်းပုံကို စလယ်ဆုံး ပြင်ရမှာ ဖြစ်တယ် ” ဟု ပြောသည်။

ယင်းအပြင် ပင်လုံကဲ့သို့သော ညီလာခံကြီး ပေါ်ထွက်လာမှသာ လက်နက်ကိုင်ပဋိပက္ခများနှင့် ဆွေးနွေးနေ သော ငြိမ်းချမ်းရေး တည်ဆောက်ရေး ဖြစ်ပေါ်လာမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

January 15, 2016
“သင်တန်းတွေ တက်ရတဲ့အခါ ကိုယ်လိုချင်တာကို တောင်းဆိုဖို့နဲ့ ဌာနချုပ်က သဘောထားတွေကို တီးခေါက်...
December 18, 2015
အဆိုပါ သင်တန်းအား ပါတီမှ အနိုင်ရကိုယ်စားလှယ်လောင်းများကို အသုတ် (၅)သုတ်ခွဲ၍ သင်တန်းပေးခြင်း...
December 15, 2015
“ကိုယ်စားလှယ်လောင်း အားလုံးတင်ဖြစ်တယ် ပြသနာတော့ မရှိသေးဘူး သူတို့တွေရဲ့ တင်ပြချက်တွေ အပေါ်...
December 14, 2015
မေး။  ။ ၂၀၁၆မှာ နိုင်ငံရေးအပြောင်းအလဲအနေနဲ့ ဘာတွေဖြစ်လာနိုင်မလဲဆိုတာသုံး သပ်ပေးပါ။ဖြေ။...