မဲပေးခွင့်မရသဖြင့် မှတ်ပုုံတင်အား မီးရှို့

မဲပေးခွင့်မရသဖြင့် မှတ်ပုုံတင်အား မီးရှို့
by -
ခုုိင်နွယ်ဦး
ခုုိင်နွယ်ဦး — မွန်ပြည်နယ် လမိုင်းမြို့တွင် မဲပေးခွင့် မရသဖြင့် လူတစ်ရာကျော်ရှေ့၌ အဆိုပါ မဲဆန္ဒရှင်မှ ၎င်း၏မှတ်ပုံတင်အား မီးရှို့ခဲ့သော ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း အဆိုပါ လမိုင်းမြို့ မြို့မ(၃) အုပ်ချုပ်ရေးမှုး ဦးမိုးမြင့်ဦးထံမှ သတင်းရရှိပါသည်

 12193766 1655265958055275 2332373435761116265 n“မဲစာရင်းမှာ ပါလားမပါလားဆိုတာတော့မသိဘူး သူမဲပေးချင်တယ်ဆိုပြီး ထောက်ခံစာ လုပ်ခိုင်းလို့လုပ်ပေးလိုက်တယ် တကယ်တမ်းကျတော့ မဲပေးခွင့်မရဘူးဆိုတာသိတဲ့အချိန် ဒေါကန်ပြီး မီးရှို့ခဲ့တာဖြစ်တယ်”ဟု ဦးမိုးမြင့်ဦးက ရှင်းပြသည်

မှတ်ပုံတင်ကို မီးရှို့ဖျက်ဆီးသူမှာ အဆိုပါရပ်ကွက်မှ ဦးဂျိန်းဆိုသူဖြစ်ပြီး မှတ်ပုံတင်ပါရှိပါက မဲပေးခွင့်ရနိုင်သည်ဟု သတင်းရရှိသဖြင့် မြို့မ အုပ်ချုပ်ရေးမှုးထံမှ ထောက်ခံစာတောင်းယူပြီး မဲပေးခွင့် ရရန်စောင့်ဆိုင်းခဲ့သော်လည်း မဲရုံပိတ်ချိန် လေးနာရီခန့်တွင် မှတ်ပုံတင်ပါရှိရုံဖြင့် မဲပေးခွင့် မရကြောင်း မဲပေးခွင့်မပြုကြောင်း ပြောကြားခဲ့သဖြင့် လူအများနှင့် ရပ်/ကျေးကော်မရှင်မှ တာဝန်ရှိသူများရှေ့တွင် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်

အဆိုပါဖြစ်စဉ်နှင့် ပက်သတ်ပြီး ဦးဂျိန်းသို့ဆက်သွယ်မေးမြန်းရာတွင် မဲစာရင်းထုတ်ပြန်ချက် (၃)ကြိမ်လုံးတွင် မဲစာရင်း၌ မပါရှိဘဲ ရွေးကောက်ပွဲ ကော်မရှင်သို့ ပြင်ဆင်ပေးရန် ပြောဆိုခဲ့သော်လည်း အကြောင်းအမျိုးမျိုးပြ၍ မဲစာရင်းတွင် ပြင်ဆင်ပေးခဲ့ခြင်း မရှိခဲ့ကြောင်း သတင်းရရှိပါသည်

“မှတ်ပုံတင်ပါရင်ရတယ်ပြောလို့ မဲပေးချင်လို့ သွားတယ် မရဘူးဆိုတော့ ဒီလိုအရေးကြီးတဲ့ အချိန်တောင်မှ ဒီမှတ်ပုံတင်က သုံးစားမရတာ ကျွန်တော့ အတွက် အသုံးမလိုဘူးထင်လို့ မီးရှို့ခဲ့တာပါ မဲပေးခွင့် မရတာက ကျွန်တော်တင်မဟုတ်ဘူး တချို့လူတွေလဲ အကြောင်းအမျိုးမျိုးနဲ့ မဲပေးခွင့် ဆုံးရှုံးခဲ့ရပါတယ်”ဟု ဦးဂျိန်းက အခြေနေကို ရှင်းပြသည်။

January 15, 2016
“သင်တန်းတွေ တက်ရတဲ့အခါ ကိုယ်လိုချင်တာကို တောင်းဆိုဖို့နဲ့ ဌာနချုပ်က သဘောထားတွေကို တီးခေါက်...
December 18, 2015
အဆိုပါ သင်တန်းအား ပါတီမှ အနိုင်ရကိုယ်စားလှယ်လောင်းများကို အသုတ် (၅)သုတ်ခွဲ၍ သင်တန်းပေးခြင်း...
December 15, 2015
“ကိုယ်စားလှယ်လောင်း အားလုံးတင်ဖြစ်တယ် ပြသနာတော့ မရှိသေးဘူး သူတို့တွေရဲ့ တင်ပြချက်တွေ အပေါ်...
December 14, 2015
မေး။  ။ ၂၀၁၆မှာ နိုင်ငံရေးအပြောင်းအလဲအနေနဲ့ ဘာတွေဖြစ်လာနိုင်မလဲဆိုတာသုံး သပ်ပေးပါ။ဖြေ။...