တအာင်းတပ်နှင့် စစ်ကောင်စီ ရှမ်းမြောက်တွင် တိုက်ပွဲများ ပြန်ဖြစ်

တအာင်းတပ်နှင့် စစ်ကောင်စီ ရှမ်းမြောက်တွင် တိုက်ပွဲများ ပြန်ဖြစ်

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့နယ်မှာ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA နှင့် စစ် ကောင်စီတပ်တို့ အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသည်။

TNLA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခြင်းမျိုး မရှိဘဲ အချိန်အတန်ကြာ ရပ်တန့်နေရာမှ ပြီးခဲ့ သည့် မေလ တတိယပတ်တွင် ပြန်လည်ဖြစ်ပွားခဲ့သည်ဟု တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA သတင်းနှင့် ပြန်ကြားရေး တာဝခန်ခံ ဒု-ဗိုလ်မှူးကြီး မိုင်းအိုက်ကျော် က ပြောသည်။

“မေလ ၂၀ ရက်နေ့က ဖြစ်တယ်။ ညနေ ၄ နာရီလောက်ကနေ ၆ နာရီခွဲလောက်အထိ ဖြစ်တယ်။ တိုက်ပွဲဖြစ်တဲ့ နေရာကတော့ ကျနော်တို့ လားရှိုးမြို့နယ် ဖက်မှာဖြစ်တယ်။ လားရှိုးမြို့နယ် တပ်မဟာ ၆ နယ်မြေဖြစ်တယ်။ ရွာအနေနဲ့ ပန်မွန်းရွာနဲ့ နီးတယ်။”

စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက်လာသည့် အတွက် တိုက်ပွဲ ဖြစ်ပွားရခြင်း ဖြစ်သည်ဟု ဒု-ဗိုလ်မှူးကြီး မိုင်းအိုက်ကျော် က ဆက်ပြောသည်။

“တပ်ဖက်က ကျနော်တို့ ရှိတဲ့ နေရာမှာ ထိုးစစ်ဆင် တက်လာတော့ တိုက်ပွဲဖြစ်ပွားတာဖြစ်တယ်။ ကျနော်တို့ သိ တာကတော့ စကခ ၁ ဒီ ခမရ ၅၀၄ တပ်ရင်းဖြစ်တယ်။ ကျနော်တို့ ရှိတဲ့ဖက်ကို သူက ထိုးစစ်ဆင်တက်လာ တော့ အင်အားကတော့ ကျနော်တို့ ခန့်မှန်းခြေကတော့ ငါးဆယ်ကျော် ခြောက်ဆယ်လောက်ရှိတယ်။”

၂ နာရီကျော်အကြာ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က ပြန်လည် ဆုတ်ခွာ သွားသည့်အတွက် တိုက်ပွဲ ငြိမ်သက်သွားသည်ဟု PSLF/TNLA က ဆိုသည်။

မေလ တတိယပတ်တွင် တိုက်ပွဲ ဖြစ်ပွားပြီးနောက် မေလနောက်ဆုံးပတ်တွင်မူ တိုက်ပွဲများ ရပ်တန့်နေသည်ဟု ဒု-ဗိုလ်မှူးကြီး မိုင်းအိုက်ကျော် က ပြောသည်။

သို့သော် စစ်ကောင်စီတပ်က PSLF/TNLA ထိန်းချုပ်ထားတဲ့ နေရာဒေသများထဲတွင် စစ်အင်အား ဖြန့်ကျက်ထား သည်ဟု PSLF/TNLA က ဆိုသည်။

“အင်အားကတော့ နဂိုကတည်းက သူတို့ ဖြန့်ထားတဲ့ အင်အားပဲ လက်တလော ပြန်ဖြည့်တင်းလာတာတော့ မရှိ ဘူး။ နဂိုကတည်းက သူတို့ဖြန့်ကျက်ထားတာတော့ရှိတာပေါ့နော။ ဥပမာ တပ်မ ၁၀၁ တွေ ၉၉ တို့ အရင်က တည်း က ကျနော်တို့ ဒီဖက်မှာ ထိုးစစ်ဆင်ဖို့အတွက် ဖြန့်ပြီးသား တပ်တွေတော့ရှိတယ်။”

စစ်တပ်က အာဏာသိမ်းပြီးနောက် တိုင်းရင်းသားဒေသများထဲတွင် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မ တော် PSLF/TNLA အပါအဝင် အခြားတိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့် စစ်တပ် တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်။

တိုင်းရင်းသား ပြည်နယ်များတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့် အပြင် တိုင်းဒေသကြီးများတွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အဖွဲ့များနှင့် စစ်ကောင်စီတို့အကြား ပြင်း ပြင်းထန်ထန် တိုက်ပွဲများ ဖြစ်ပွားနေသည်။

ထိုသို့ တိုက်ပွဲများ ပြင်းထန်နေချိန် စစ်တပ်က ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA လှုပ်ရှားရာ၊ ထိန်းချုပ်ရာ ဒေသများဖက်ကို ထိုးစစ်ဆင် တိုက်ခိုက်မှုများ လျော့ချလိုက် သည့် အတွက် ထိတွေ့မှုများ ရပ်တန့်ခဲ့သည်။

သို့သော် မေလ တတိယပတ်က TNLA တပ်မဟာ ၆ ဖက်ကို စစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်လာသည့် အတွက် အချိန်အတန်အကြာ ရပ်တန့်နေသည့် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာခဲ့ခြင်း ဖြစ်သည်။

January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...
January 9, 2025
ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့တွင် တစ်နေ့ကို လျှပ်စစ်မီး ၃ နာရီသာ ရရှိတော့သည်ဟု...
January 8, 2025
ကချင်ပြည်၊ မြစ်ကြီးနားတွင် လူငယ်၊ လူလတ်ပိုင်း အမျိုးသားများ သတင်းအစအနမရဘဲ ဆက်တိုက်...
January 7, 2025
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီက ကုန်တင်ကားပိုင်ရှင်များကို အစည်းအဝေး‌ခေါ်ကာ...