စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာဖြင့် မြစ်ကြီးနား အကျဉ်းထောင်မှ (၇၀) ကျော် လွတ်မြောက်၊ နိုင်ငံရေးအကျဉ်းသား (၇) ဦးပါဝင်

စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာဖြင့် မြစ်ကြီးနား အကျဉ်းထောင်မှ (၇၀) ကျော် လွတ်မြောက်၊ နိုင်ငံရေးအကျဉ်းသား (၇) ဦးပါဝင်

စစ်ကောင်စီကနေ လွတ်ငြမ်းချမ်းသာနဲ့ ဒီကနေ့ လွတ်ပေးတဲ့အထဲမှာ မြစ်ကြီးနားအကျဉ်းထောင်က (၇၀) ကျော်ပါဝင်ခဲ့ပြီး အဲဒီအထဲက နိုင်ငံရေးအကျဉ်းသား (၇) ဦးသာပါဝင်ခဲ့တယ်လို့ သိရပါတယ်။

လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ အာဏာသိမ်းစဉ်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့လို့ ပုဒ်မ ၅၀၅-က နဲ့ တရားစွဲဆိုခံထားရသူတွေဖြစ်ပြီး လွတ်ရက်စေ့ဖို့ ရက်ပိုင်းအလိုလောက်သာ ရှိတော့တဲ့ သူတွေ ဖြစ်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက မြစ်ကြီးနား သတင်းဂျာနယ်ကို ပြောပါတယ်။

" သူတို့က အခုမဟုတ်ရင်တောင် လွတ်ရက်က နည်းနည်းပဲလိုတော့တာ။ အမှုတစ်မှု သီးသန့်သမားတွေပေါ့။ ယောက်ျားလေးတွေပဲ (၇) ယောက်လွတ်တယ်။ မိန်းကလေးမပါဘူး။ တခြား အမှုနဲ့ ကျနေတဲ့ သူတွေကတော့ အယောက် (၇၀) ကျော် လွတ်တာပေါ့ " လို့ ပြောပါတယ်။

လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ ကိုဝေဇော်သူ၊ ကိုပြည့်ဖြိုးအောင်၊ ကိုဂျက်မား ၊ ကိုတင်မင်းထွန်း၊ ကိုဆန်းကျော်ဦး၊ ဦးချစ် ၊ ကိုကြည်စိုးတို့ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ မြစ်ကြီးနားအကျဥ်းထောင်ထဲမှာ နိုင်ငံရေးအမှုနဲ့ အကျဥ်းကျနေသူ အယောက် (၄၀) ခန့် ကျန်ရှိသေးကြောင်းနဲ့ သူတို့ဟာ အမှု(၂)မှု ကနေ (၅) မှုလောက် အထိ တရားစွဲဆိုခံထားရသူတွေ ဖြစ်တယ်လို့လည်း ဒီကနေ့ လွတ်မြောက်လာ သူတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

မြစ်ကြီးနားအကျဉ်းထောင်ကနေ နိုင်ငံရေးအကျဥ်းသားတွေကို စစ်ကောင်စီကနေ ၂၀၂၁ ခုနှစ် ဇွန်လ (၃၀) ရက်နေ့ က တစ်ကြိမ်၊ အောက်တိုဘာလ (၁၈) ရက်နှင့် (၁၉)ရက်မှာ တစ်ကြိမ်နဲ့ ဒီကနေ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၁၇) ရက် နေ့ မှာ တစ်ကြိမ်၊ စုစုပေါင်း ၃ ကြိမ် လွတ်ငြိမ်းချမ်းသာနဲ့ လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီကနေ (၁၀၂)နှစ်မြောက် အမျိုးသားနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ နိုင်ငံတစ်ဝန်းက အကျဉ်းသား (၆၀၀၀) ခန့်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။

January 7, 2025
ဝေးလံခေါင်ဖျားတဲ့ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်ဒေသမှာ စက်သုံးဆီနဲ့ ကုန်ဈေးနှုန်းတွေ...
January 3, 2025
အခု ၂၀၂၅ ခုနှစ်အတွင်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်သလို အောင်မြင်မှုရတဲ့အထိ...
December 18, 2024
ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ PDF ပူးပေါင်းတပ်တွေကနေ စတင်လိုက်တဲ့ ထိုးစစ်ဆင်တိုက်ပွဲတွေအတွင်း...