ကျောက်ဖြူတွင် ရဲ ၃ ဦး၊ လဝကဒုဦးစီး ၁ ဦးနှင့် ရှေ့နေ ၁ ဦးတို့ကို စစ်တပ်က ဖမ်းသွားပြီးနောက် အဆက်အသွယ်မရဖြစ်နေ

ကျောက်ဖြူတွင် ရဲ ၃ ဦး၊ လဝကဒုဦးစီး ၁ ဦးနှင့် ရှေ့နေ ၁ ဦးတို့ကို စစ်တပ်က ဖမ်းသွားပြီးနောက် အဆက်အသွယ်မရဖြစ်နေ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ရဲတပ်ဖွဲ့ဝင် ၃ ဦး၊ လဝကဒုဦးစီး ၁ ဦးနှင့် ရှေ့နေ ၁ ဦးတို့ကို စစ်တပ်က ဖမ်းသွားပြီး  ၄ ရက်ကြာသည့်တိုင် သူတို့နှင့် အဆက်အသွယ်မရသေးသဖြင့် စိုးရိမ်နေရသည်ဟု မိသားစုများက ပြောသည်။

ဖမ်းဆီးခံရသူများမှာ ကျောက်ဖြူမြို့မရဲစခန်းမှ ရဲတပ်ကြပ် မျိုးဝင်း (၃၆) နှစ်၊ ကျောက်ဖြူ လေကြောင်းရဲတပ်ဖွဲ့မှ ရဲတပ်ကြပ် မောင်မောင်အေး (၅၀) နှစ်ခန့်၊ ကျောက်ဖြူ ရေကြောင်း ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင် ထက်ဝေလင်း (၄၀) နှစ်ခန့်၊ ကျောက်ဖြူမြို့နယ် လဝက ဒုဦးစီး ဒေါ် မကြည် (၄၄) နှစ်နှင့် တရားလွှတ်တော်ရှေ့နေ ဦးဦးဆန်းဝင်း (၄၅) နှစ် တို့ဖြစ်ကြသည်။

သူတို့သည် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်တွင် ကျောက်ဖြူအခြေစိုက် ၃၄ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။

ဖမ်းဆီးခံရသူတစ်ဦး၏ မိသားစုဝင်တစ်ဦးက "သူတို့ကို ၃၄ တပ်ထဲကိုပဲခေါ်သွားလား။ မြို့မစခန်းထဲမှာပဲ ရှိသလား။ စုံစမ်းမရသေးဘူး။ အဆက်အသွယ်မရသေးတော့ သူတို့ တစ်ခုခုဖြစ်သွားမှာကို စိုးရိမ်တာပေါ့"ဟု ပြောသည်။

သူတို့ကို သူတို့၏လုပ်ငန်းခွင်များနှင့် နေအိမ်တို့မှတဆင့် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟုလည်း မြို့ခံများက ပြောသည်။

ကျောက်ဖြူတွင် ပြီးခဲ့သည့် အောက်တိုဘာလကလည်း မြေစာရင်းဦးစီးမှူးနှင့် ရုံးဝန်ထမ်း ၁ ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ၂ ဦးနှင့် အုပ်ချုပ်ရေးမှူးရုံးများမှ ဝန်ထမ်းအချို့ကိုလည်း စစ်ကောင်စီတပ်က

ဖမ်းဆီးသွားခဲ့သည်ဟု မြို့ခံများက ပြောသည်။

ယင်းအနက် မြေစာရင်းရုံးမှ နှစ်ဦးသာ ပြန်လည်လွတ်မြောက်လာခဲ့ပြီး ကျန်သူများမှာ ယနေ့အချိန်ထိ ပြန်လွတ်လာခြင်းမရှိသေးသလို မိသားစုများနှင့်လည်း အဆက်အသွယ်မရသေးကြောင်း သိရသည်။

Most read this week

January 8, 2025
စစ်ရေးတင်းမာလာနေသည့် ကျောက်ဖြူတွင် မြို့ပေါ်နေသူ ပြည်သူ ထက်ဝက်ခန့်မှာ စစ်ရှောင်သွားကြပြီး...
January 7, 2025
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ပဒါန်းမြို့ကို စစ်ကောင်စီမှ ဝင်ခွင့်ပိတ်လိုက်၍ အမ်း -...
လက်ရှိ စစ်ဘေးရှောင်စခန်းများတွင် အရေပြားရောဂါဖြစ်ပွားနေသူများအား တွေ့ရစဥ်။
January 6, 2025
ရခိုင်ပြည်မှ နေရာအတော်များများတွင် သောက်သုံးရေ မသန့်ရှင်းမှု၊ နေရာထိုင်ခင်း အဆင်မပြေမှု၊ ဆေးဝါး...
January 3, 2025
စစ်တွေထောင်က ပုသိမ်ထောင်ကို ရွှေ့ပြောင်းခံရသူများနှင့် ထောင်ဝင်စွာတွေ့ရန်ခက်ခဲနေသလို...