နိုင်ကျဉ်းအချို့ အချုပ်ပြောင်း၂၀၂၂ ခုနှစ် အောက်တိုဘာလ ၃ ရက်။

နိုင်ကျဉ်းအချို့ အချုပ်ပြောင်း၂၀၂၂ ခုနှစ် အောက်တိုဘာလ ၃ ရက်။

စစ်ကြောရေး အချုပ်ခန်းနှင့် ဖျာပုံမြို့မ ရဲစခန်းက အချုပ်ခန်းတို့တွင် ဖမ်းဆီးချုပ်နှောင်ခံထားရသည့် နိုင်ငံရေး အကျဉ်းသား အယောက် ၃၀ ကျော် အား ကျိုက်လတ်မြို့မ ရဲစခန်း အချုပ်ခန်းသို့ အားချင်း ပြောင်းရွှေ့ လိုက်သည်ဟု စစ်ကောင်စီ အုပ်ချုပ်ရေးနှင့် နီးစပ်သူ အချို့က ပြောသည်။

ဖျာပုံရဲအချို့ PDF များ နှင့် ပူးပေါင်းလှုပ်ရှားမှု ပေါ်ပေါက်လာပြီးနောက် ယခုကဲ့သို့ အချုပ်ပြောင်းရွေ့မှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဧရာဝတီတိုင်း၊ ဖျာပုံမြို့က စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်များကို မယုံသင်္ကာ ဖြစ်ကာ ဖျာပုံ မြို့မရဲစခန်း အချုပ်ခန်း လုံခြုံမှု မရှိခြင်းတို့ကြောင့် အိမ်စီးကားများဖြင့် ပြောင်းရွှေလိုက်ခြင်း ဖြစ်သည်ဟု ဖျာပုံ စစ်ကောင်စီ အုပ်ချုပ် ရေးအဖွဲ့ နှင့် နီးစပ်သူ အချို့၏ ပြောပြချက်အရ သိရသည်။

“လုံခြုံရေးအရ လိုအပ်လို့ အရေးပေါ်ပြောင်းတာလို့ ပြောကြတယ်။ PDF တွေဝင်မယ်ဆိုတဲ့ သတင်းကလည်း သိုးသိုးသန့်သန့် ဖြစ်နေတော့ စိုးရိမ်တာလည်းပါမယ်” ဟု အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

အောက်တိုဘာလ ၁ ရက်နေ့၊ နံနက်ပိုင်းတွင် နိုင်ငံရေး အကျဉ်းသား အယောက် ၃၀ ကျော်အား ကျိုက်လတ်မြို့မ ရဲစခန်း အချုပ်ခန်းသို့ တပြိုင်တည်း အိမ်စီးကားများဖြင့် တင်ဆောင် ပြောင်းရွှေ့လိုက်ခြင်း ဖြစ်သည်ဟု သိရ သည်။

ဖျာပုံ ရဲစခန်း နှင့် စစ်ကြောရေးစခန်းတွင် ဖျာပုံပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်များဟု စွပ်စွဲဖမ်းဆီးခံထားရသူ အယောက် ၃၀ ကျော်တွင် PDF များနှင့် ပူးပေါင်းမှုဖြင့် အဖမ်းခံထားရသည့် ဖျာပုံ ရဲတပ်ဖွဲ့ဝင် ၃ ဦး နှင့် အိမ် ထောင်သည် အမျိုးသမီး ၁ ဦးလည်း ပါဝင်သည်ဟုသိရသည်။

ဖျာပုံရဲတပ်ဖွဲ့က ရဲတပ်ကြပ် ထွန်းထွန်းနိုင်၊ ရဲတပ်သား မင်းထက်ပိုင်၊ ရဲတပ်သား ထက်လင်း နှင့် ၎င်း၏ ဇနီး မကေသီဝင်းတို့ကို စက်တင်ဘာလ ၂၆ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် ယခုကဲ့သို့ နိုင်ကျဉ်း များကို နေရာ ပြောင်းရွှေ့ခြင်းလည်း ဖြစ်သည်။

“ပြောင်းရွှေ့ခံရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို တရားရုံးကို ရုံးထုတ်ပြီး စစ်ဆေးတာ ချုပ်ရက် ရမန်ယူ တာ တစ်ခါမှမရှိ သေးဘူး” ဟု ဖမ်းဆီးခံ နိုင်/ကျဉ်း၏ မိသားစုဝင်တစ်ဦး က ပြောသည်။

ယခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလ အတွင်းက နယ်ထိန်း ရဲတပ်ကြပ်တစ်ဦး ပစ်သတ်ခံရပြီး အထွေထွေ အုပ်ချုပ်ရေးရုံးရှေ့ နှင့် ဖျာပုံရဲစခန်း အနီးတွင် ဗုံး ၂ ကြိမ်ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

Most read this week

January 17, 2025
ရှမ်းပြည်မြောက်ပိုင်းတွင် ပြေးဆွဲနေသည့် ကားသမားများကို ဒေသတွင်းအုပ်ချုပ်နေသည့် တိုင်းရင်းသား...
January 15, 2025
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် အမျိုးသမီးများအား...
မောတောင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)
January 14, 2025
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်သည့်...
January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...