မိုင်းတိုက်ခိုက်ရေး သမားများ ထပ်မံမွေးထုတ်

မိုင်းတိုက်ခိုက်ရေး သမားများ ထပ်မံမွေးထုတ်

ကလေး PDF မှ ပထမဆုံးအကြိမ် အဖြစ် ဖောက်ခွဲရေး မိုင်းသင်တန်း အောင်မြင်စွာ ပြီးဆုံးပြီဟု တပ်ဖွဲ့ဝင်များက ပြောသည်။ အဆိုပါ ဖောက်ခွဲရေး သင်တန်းမှာ အချိန်ကာလအားဖြင့် ၂ လနီးပါးခန့် ကြာမြင့်ခဲ့ပြီး စက်တင်ဘာလ ၃ ရက်နေ့ တွင် အောင်မြင်စွာပြီးဆုံးခဲ့သည်ဟု သိရသည်။

စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်ရှိ ဒေသ ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် ကလေး PDF မိုင်း ဖောက်ခွဲရေး အဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက နောက်ထပ် သင်တန်းတွေ ပေးသွားအုံးမယ်လို့

ပြောပါတယ်။

“သင်တန်းအနေနဲ့တော့ အားရကျေနပ်မှု ရှိပါ တယ်။ ရဲဘော်တွေလည်း ကြိုးစားကြတယ်ပေါ့။ ပထမအကြိမ်ဆိုတော့ သင်တန်းသား အများကြီး မရှိသေး ဘူး။ အခုပြီးသွားတဲ့ သင်တန်းပေါ်မူတည်ပြီး အားနည်းချက် အားသာ ချက်တွေ ပြန်ကြည့်မယ်။ အဲ့ကနေ ပြီး တော့ နောက်တစ်ကြိမ်အတွက် ပြင်ဆင်ရမှာပေါ့”

ယခု သင်ကြားပြီးသွားသည့် ဖောက်ခွဲရေး မိုင်းသင်တန်းမှာ အပတ်စဉ် ၁ အဖြစ် သင်တန်းသား ၅ ဦးအား သင် ကြားပေးနိုင်ခဲ့ကာ သင်တန်းပြီးဆုံးခဲ့သည့် စက်တင်ဘာလ ၃ ရက်နေ့၊ နေ့လည်ပိုင်းမှာပင် စစ်ကောင်စီတပ်ကို ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့သည်ဟု သိရသည်။

ကလေး PDF မိုင်း ဖောက်ခွဲရေး အဖွဲ့ မှ တာဝန်ရှိသူ က “အကျအဆုံးတော့ အတည်ပြုလို့ မရသေးဘူး။ တပ်ထဲ က သတင်းမရသေးဘူး” ဟု ဆက်ပြောသည်။

သင်တန်းကာလ ၂ လနီးပါးတွင် အဓိကအားဖြင့် မိုင်းအမျိုးအစား ၂ မျိုးနှစ် ပတ်သက်၍ သင်ကြားပေးနိုင်ခဲ့ သည် ဟု ကလေး PDF မိုင်း ဖောက်ခွဲရေး အဖွဲ့ မှ တာဝန်ရှိသူက ပြောသည်။

“ကျနော်တို့ မိုင်းသင်တန်းမှာတော့ ရှေ့ထွက်မိုင်းနဲ့ Ready Made မိုင်းပေါ့၊ အဲဒီ ၂ မျိုးကိုပဲ အဓိကထားသင်ပေး တယ်။ နောက်ပြီး မိုင်းလုပ်ပုံ လုပ်နည်းတွေပေါ့နော်။ ခွဲမယ်ဆိုရင်တော့ အဝေးထိန်းနဲ့ပဲ ခွဲနိုင်တယ်။”

ကလေးမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် ကလေး PDF တပ်ဖွဲ့တွင် တရားဝင်တပ်ရင်း ၉ ရင်းရှိပြီးမိုင်းအဖွဲ့ မှာ ကလေးမြို့နယ် တစ်ခုလုံးစာအတွက် တစ်ဖွဲ့တည်းရှိရာ အင်အားမှာလည်း ရဲဘော် အယောက် ၂၀၀ သာ ရှိသည်ဟု သိရသည်။

ထို့အပြင် ကလေးမြို့နယ်တွင်းက သက်ဆိုင်ရာ PDF အဖွဲ့များတွင် မိုင်းအဖွဲ့များ ရှိကြသော်လည်း ၎င်းတို့နှင့် ချိတ်ဆက်၍ မရသေးဘူးဟု တပ်ဖွဲ့ဝင်များက ဆိုသည်။ ထို့ကြောင့်လာမည့်မိုင်းသင်တန်းများကိုလည်း ဆက် လက် ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းနေ့ရက်ကိုထုတ်ပြန်သွားမည်ဟု တပ်ဖွဲ့ဝင်များက ပြောသည်။

ကလေး PDF မိုင်းအဖွဲ့က ပြုလုပ်သည့် ဖောက်ခွဲရေး မိုင်းသင်တန်းတွင် သင်တန်းများအား ထိခိုက်မှု မရှိစေရန် တတ်နိုင်သမျှ ဘေးကင်းလုံခြုံအောင် သင်ကြားပေးခဲ့ကြောင်းနှင့် ၎င်းတို့၏ လက်ရှိ မိုင်းဖောက်ခွဲ စစ်ဆင်ရေး များမှာလည်း စစ်ကောင်စီတပ်များအား ၈၀ ရာခိုင်နှုန်းအထိ ထိခိုက်မှု ရှိနေသည်ဟု တပ်ဖွဲ့ဝင်များ၏ ပြောပြ ချက်အရ သိရသည်။

သို့သော်လည်း ကလေး PDF အဖွဲ့အား အမျိုးသားညီညွတ်ရေး အစိုးရ (NUG)မှ ယခုချိန်အထိ တစ်စုံတစ်ရာမျှ ထောက်ပံ့မှု မရှိသေးဘူးဟု တပ်ဖွဲ့များက ဆိုသည်။ ကလေး PDF တပ်ဖွဲ့မှာ လက်ရှိ မဟာမိတ်များအနေဖြင့် ပ.က.ဖ (ကလေး)၊ CNDF ၊ CDF ၊ RKDF စသည့် ဒေသ ကာကွယ်ရေး တပ်ဖွဲ့များနှင့် ပူးပေါင်းကာ ကလေးမြို့နယ်အတွင်းက ကျေးရွာအချို့တွင် စစ်ကောင်စီတပ်များနှင့် နေ့စဉ်နီးပါး တိုက်ပွဲပြင်းထန်လျက် ရှိသည်။

ကလေးမြို့သည် ချင်းပြည်နယ်၏ အဓိကဝင်ပေါက်ဖြစ်သည်နှင့်အညီ စစ်ကောင်စီတပ်၏ ထောက်ပံ့ ပို့ဆောင် ရေးအတွက် လမ်းကြောင်း အချက်အချာကြသည့် မြို့ဖြစ်ပြီး အာဏာသိမ်းသည့် အစောပိုင်းကာလတွင် သမိုင်း တစ်လျှောက် တူမီးသေနတ်ဖြင့် ပထမဆုံး တော်လှန်ခဲ့သည့် မြို့လည်း ဖြစ်သည်။

Most read this week

January 17, 2025
ရှမ်းပြည်မြောက်ပိုင်းတွင် ပြေးဆွဲနေသည့် ကားသမားများကို ဒေသတွင်းအုပ်ချုပ်နေသည့် တိုင်းရင်းသား...
January 15, 2025
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် အမျိုးသမီးများအား...
မောတောင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)
January 14, 2025
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်သည့်...
January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...