တိုက်ပွဲများ ဖြစ်နေသည့် ဝိုင်းမော်တွင် စစ်တပ်က ဧည့်စာရင်းစစ်

တိုက်ပွဲများ ဖြစ်နေသည့် ဝိုင်းမော်တွင် စစ်တပ်က ဧည့်စာရင်းစစ်

တိုက်ပွဲများ၊ ပစ်ခတ်မှုများ ဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ လူနေရပ်ကွက်အချို့နှင့် စစ်ရှောင်စခန်းအချို့တွင် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ ပူးပေါင်းပြီး ဧည့်စာရင်း၊ အိမ်ထောင်စုစာရင်းများ လာ ရောက် စစ်ဆေးသွားသည်ဟု ဒေသခံများက ပြောသည်။

ဇူလိုင်လ ၃၀ ရက်နေ့ ည က စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက် စစ်ဆေးသွားခြင်း ဖြစ်သည်ဟု သိရသည်။

“မနေ့ည ၉ နာရီလောက်မှာ လူအင်အား အယောက် ၂၀ လောက်နဲ့လာတယ်။ တစ်အိမ်ချင်းစီဝင်ပြီး ဧည့်စာရင်း စစ်မယ်။ အိမ်ထောင်စုစစ်တယ် ဆိုပြီး လူဘယ်နှစ်ယာက် ရှိတယ် ဘာအလုပ်လုပ်တယ် ဆိုတာတွေ မေးတယ်။ လူစာရင်းနဲ့ အိမ်ထောင်စုကို တိုက်ပြီး စစ်တယ်” ဟု ဝိုင်းမော်မြို့က KBC စစ်ရှောင်စခန်းမှ စစ်ရှောင်တစ်ဦးက ပြောသည်။

ဧည့်စာရင်းလာစစ်သည့် စစ်သားများသည် စစ်ဝတ်စုံအပြည့် ဝတ်ဆင်ထားပြီး သေနတ်များပါ ကိုင်ဆောင် ထား သည့်အတွက် စစ်ဘေးရှောင်များက စိုးရိမ်ကြောက်လန့် နေကြသည်ဟု ဆိုသည်။

စစ်ရှောင်တစ်ဦးက “ကျနော်တို့ စစ်ရှောင်စခန်းမှာက ရှအစ်ယန်၊ ဒဘတ်ယန်၊ ဂါးရာယန် အဲ့ဒီ ကျေးရွာတွေ က လူတွေများတယ်။ သူတို့က ရွာပြန်ပြီး တောင်ယာသွားလုပ်ကြတယ်။ အဲ့လို အချိန်မှာ လာစစ်ဆေးမိရင် တောင် ယာ သွားတယ်လို့ ပြောရင် မယုံပဲ ဖမ်းဆီးစစ်ဆေးမှာကို ကြောက်တယ်” ဟု ပြောသည်။

စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များက စစ်ရှောင်စခန်းထဲ ဧည့်စာရင်းများ စစ်ဆေးခဲ့သည်သာမက ဝိုင်းမော်မြို့ပေါ်က ရပ်ကွက်အချို့တွင်လည်း အိမ်ထောင်စုစာရင်းနှင့် လက်ရှိနေထိုင်သူ လူဦးရေစာရင်းများကို တိုက်ကာ စစ်ဆေးမှု များ လုပ်ဆောင်ခဲ့သည်ဟု ဝိုင်းမော်ဒေသခံတစ်ဦးက ပြောသည်။

“အိမ်မှာ ရုတ်တရက် လာပြီး စစ်ဆေးတော့ အရမ်းကြောက်သွားတာဟုတ်တယ်။ ဧည့်စာရင်း လာစစ်တယ် လို့ သာ ပြောတာ သူတို့က သေနတ်တွေကော ပါတယ်။ ဒါပေမယ့် အုပ်ချုပ်ရေးမှူးတော့ မပါဘူး။ ပြီးတော့ တစ်ခါ မှာ မမြင်ဖူးတဲ့လူတွေလာ စစ်ဆေးသွားကြတယ်” ဟု ဝိုင်းမော်မြို့ခံ တစ်ဦးက ပြောသည်။

ဇူလိုင်လ ၃၀ ရက်နေ့ ည က ဝိုင်းမော်မြို့နယ်အတွင်း ဧည့်စာရင်း လာရောက်စစ်ဆေးချိန် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ မပါပဲ စစ်ဝတ်စုံအပြည့် သေနတ်များကိုင်ဆောင်ထားသည့် စစ်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ အရပ်ဝတ်ဖြင့် မျက် နှာစိမ်းများ ပါဝင်သည်ဟု သိရသည်။

ဧည့်စာရင်းလိုက်ပတ် စစ်ဆေးနေချိန် ရပ်ကွက်အတွင်းက သေနတ်ဖြင့် ခြိမ်းခြောက် ပစ်ခတ်မှုများလည်း ရှိခဲ့ သည်ဟု ဝိုင်းမော် ဒေသခံများက ဆိုသည်။ ထို့အပြင် အကင်ဆိုင်တွင် ထိုင်နေသည့် လူငယ်သုံးဦးခန့်ကိုလည်း သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်ပြီး စစ်ဆေး မှုများ လုပ်ဆောင်ခဲ့သည်ဟု သိရသည်။

ဇူလိုင်လ ၂၉ ရက်နေ့က ဝိုင်းမော်မြို့နယ်အတွင်းရှိ ဝူယန်ကျေးရွာက ပြည်သူ့စစ်ဂိတ်စခန်းတစ်ခုကို ကချင်လွတ် လပ်ရေးတပ်မတော် KIA က သွားရောက်ပစ်ခတ်ခဲ့ခြင်းကြောင့် အနည်းဆုံး ၅ ဦးထက်မနည်း သေဆုံးခဲ့သည့် အပြင် နန်ဇော်ယန်ကျေးရွာဘက်တွင်လည်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ စစ်ပူးပေါင်းအဖွဲ့များ က KIA ၏ တပ် စခန်းတစ်ခုကို သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ထိုနေရာဘက်ခြမ်းတွင်လည်း နှစ်ဖက်ကြား စစ်ရေး တင်းမာ နေဆဲ ဖြစ်သည်။

ထို့သို့ တင်းမာမှုများရှိနေသည့်ကြားက ဝိုင်းမော်မြို့နယ်အတွင်းက ရပ်ကွက်များနှင့် စစ်ရှောင်စခန်းအချို့ကို စစ် ကောင်စီက ဧည့်စာရင်းများစစ်ဆေးခြင်း၊ လမ်းသွားလမ်းလာပြည်သူများကိုပါ တားဆီးစစ်ဆေးနေသည့် အပြင် ဝိုင်းမော်အခြေဆိုက် ခလရ ၅၈ တပ်ရင်းက အရပ်သားပြည်သူများ နေထိုင်သည့် ကျေးရွာများထဲအထိ လက် နက်ကြီးကျည်များဖြင့် မကြာခဏ ပစ်ခတ်ခြိမ်းခြောက်မှုများ ရှိနေသည်ဟု ဒေသခံ များက ပြောသည်။

Most read this week

January 17, 2025
ရှမ်းပြည်မြောက်ပိုင်းတွင် ပြေးဆွဲနေသည့် ကားသမားများကို ဒေသတွင်းအုပ်ချုပ်နေသည့် တိုင်းရင်းသား...
January 15, 2025
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် အမျိုးသမီးများအား...
မောတောင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)
January 14, 2025
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်သည့်...
January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...