ဒေါက်တာ Mကောန်လ ကချင်အမှု ကွင်းလုံးကျွတ် လွတ်

ဒေါက်တာ Mကောန်လ ကချင်အမှု ကွင်းလုံးကျွတ် လွတ်
ဓါတ်ပုံ - KNC
ဓါတ်ပုံ - KNC

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် တရားရုံးတွင် တရားစွဲဆိုခံထားရသည့် ဒေါက်တာ Mကောန်လ၏ အမှုကို ဇွန်လ ၂၂ ရက်နေ့ တွင် မြစ်ကြီးမြို့နယ် တရားရုံးက ကွင်းလုံးကျွတ် လွတ်ပေးလိုက်သည်ဟု ကချင်အမျိုး သား ကွန်ဂရက်ပါတီ KNC ပါတီက တာဝန်ရှိသူ တစ်ဦးက ပြောသည်။

KNC ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးအင်ဂျိုင်းနော်ဂျာ က “ဒေါက်တာ M ကောန်လ က ဒီနေ့ ဒီမြစ်ကြီးနားမြို့နယ် တရားရုံးမှာ စွဲဆိုထားတဲ့ အမှုကနေပြီးတော့မှ အမှုကွင်းလုံးကျွတ်လွတ်မြောက်ပါတယ်။ နေပြည်တော်မှာ ဒီဇဗ္မူသီရိမြို့နယ် တရားရုံးကနေ ချမှတ်ထားတဲ့ ၅၀၅-က နဲ့ ထောင်ဒဏ် ၂ နှစ်ပေါ့နော အဲဒါတော့ သူက အဲဒီ စီရင်ချက်မှုအတိုင်း ထောင်ဒဏ် ၂ နှစ်ကို သူကျခံ ရမှာဖြစ်တယ်။ ပြီးတော့ ကျနော်တို့ ဒီမြစ်ကြီးနားမြို့နယ် တရားရုံးမှာ စွဲဆိုထားတဲ့ အမှုကနေပြီးတော့မှ ၅၀၅-က ပဲ ဖြစ်တဲ့အတွက်ကြောင့် အမှုကို ကွင်းလုံးကျွတ် လွတ် မြောက်ပေးခဲ့တာဖြစ်ပါတယ်” ဟု ပြောသည်။

မြစ်ကြီးနား တရားရုံးက ကွင်းလုံးကျွတ်လွတ်ပေးရသည့် အကြောင်းအရင်းနှင့် ပတ်သက်၍ ဦးအင်ဂျိုင်းနော်ဂျာ က ယခုကဲ့သို့ ဆက်ပြောသည်။

၎င်းက “အဓိကကတော့ ကျနော်တို့ ဒီနေပြည်တော် ဇဗ္မူသီရိမြို့နယ် တရားရုံးကနေပြီးတော့ ချမှတ်တဲ့ ပုဒ်မ ကလည်း ၅၀၅-က ပဲလေနော အခု ဒီမြစ်ကြီးနားမြို့နယ် တရားရုံးမှာ မြစ်ကြီးနားမြို့နယ်မှာ စွဲဆိုခံရတဲ့ အမှု ကလည်း ၅၀၅-က တွေပဲ ဖြစ်နေလို့ အဲလိုအမှုတစ်ခုတည်းကို ပုဒ်မ ၁ ခုတည်းကို နေရာ ၂ နေရာမှာပေါ့နော။ ပြစ်ဒဏ်ကျ ရိုး ထုံးစံ အစဉ်အလာ မရှိလို့ ထင်တာပဲနော အဲဒါကြောင့် ဒီအမှုကနေပြီးတော့ ကွင်းလုံး ကျွတ် လွတ်မြောက်တယ်လို့ ကျနော်တို့ အဲလိုပဲ သုံးသပ်မိပါတယ်” ဟုပြောသည်။

ဒေါက်တာ Mကောန်လကို ပြီးခဲ့သည့်  ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့တွင် နိုင်ငံတော် အကြည်ညိုပျက် စေမှု ပုဒ်မ ၅၀၅-က ဖြင့် နေပြည်တော်တွင် ဖမ်းဆီးခံရပြီး တရားစွဲဆိုခံခဲ့ရသည်။

ထို့အတူ မြစ်ကြီးနားတွင်လည်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဒု-ဗိုလ်မှူးကြီးသန်းထိုက် က တရားလိုပြုလုပ်၍ မြစ်ကြီးနားမြို့ အမှတ် ၁ မြို့မ ရဲစခန်းတွင် ပုဒ်မ ၅၀၅-က ဖြင့်  ထပ်မံ တရားစွဲဆိုခြင်း ခံခဲ့ရသည်။

အဆိုပါ အမှုနှင့်ပတ်သက်၍ ယခုနှစ် မတ်လ ၂၃ ရက်နေ့တွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တရားရုံး၌ ထောင် ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရသည်။

နေပြည်တော်တွင် ချမှတ်ခံထားရသည့် ထောင်ဒဏ် ၂ နှစ်ကိုလည်း မြစ်ကြီးမြို့နယ် တရားရုံး၏ ယနေ့ ဆုံးဖြတ် ချက်အရ နေပြည်တော်သို့ ပြန်သွားစရာ မလိုပဲ မြစ်ကြီးနားမြို့ အကျဉ်းထောင်တွင်သာ ပြစ်ဒဏ် ခံယူရမည်ဟု KNC ပါတီက ပြောသည်။

ဦးအင်ဂျိုင်းနော်ဂျာက “ကျနော်တို့ကျတော့ အခုက အယူခံ မဝင်ဘူး အသနားခံစာ မတင်ဘူးလေနော်။ ကျနော် တို့ ဒီပါတီကနေပြီးတော့ အဲဒီ အယူခံနဲ့ အသနားခံစာကိုတော့ ကျနော်တို့ တင်ဖို့ မရှိပါဘူး။ ပြီးတော့မှ ဒီမြစ် ကြီးနား အကျဉ်းထောင်မှာပဲ ကျနော်တို့ ဒီဇဗ္မူသီရိမြို့နယ် တရားရုံးကနေ ချမှတ်တဲ့ ထောင်ဒဏ်ကို မြစ်ကြီး နားမြို့ နယ်ထောင်မှာပဲ ဆက်လက်ပြီးတော့မှ ကျခံရမှာ ချုပ်ရက်နဲ့ လျော့ရက်နဲ့ ဆိုရင် လျော့ရက်ခံစားခွင့်နဲ့ လျော့ရက် နဲ့ဆိုရင်တော့ လကြီးပိုင်းလောက်တော့ ပြစ်ဒဏ်ကို သူခံယူရမယ်။ ၂၀၂၃ နှစ်ဆန်းပိုင်းဖက်မှာတော့ ထွက်လာ မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။

ဒေါက်တာ Mကောန်လ တရားစွဲဆို ထောင်ချခံရသည့် နိုင်ငံတော် အကြည်ညို ပျက်စေမှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-က သည် စစ်တပ်က အာဏာသိမ်းပြီးနောက် ပြင်ဆင်ဖြည့်စွတ်ထားသည့် ပုဒ်မတစ်ခုဖြစ်ပြီး ထို ပုဒ် မအရ မည်သူကိုမဆို နိုင်ငံသားတစုကို ဖြစ်စေ၊ ပြည်သူလူထုကိုဖြစ်စေ ထိတ်လန့်စေလျှင် (သို့) ထိတ်လန့် စေရန် ကြံရွယ်လျှင်၊ မမှန်ကန်ကြောင်း ကြိုတင်သိရှိလျှက် မမှန်သတင်းများ ဖြန့်ဝေမှု ပြုလုပ်လျှင် (သို့) ဖြန့်ဝေရန် ကြံ ရွယ်လျှင်၊ အစိုးရဝန်ထမ်း တစ်ဦးဦးကို ဖြစ်စေ၊ အစိုးရဝန်ထမ်းတစ်ဖွဲ့ဖွဲ့ကိုဖြစ်စေ၊ အစိုးရဝန်ထမ်းများကိုဖြစ်စေ ပြစ်မှုကျူးလွန်စေရန် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ပြုလုပ်လျှင် (သို့) ထိုသို့ ကျူးလွန်စေရန် ကြံရွယ် လျှင် (သို့) လှုံ့ဆော်လျှင် ထောင်ဒဏ် ၃ နှစ် အထိ ချမှတ်နိုင်သည့် ပုဒ်မဖြစ်သည်။

အဆိုပါ ပုဒ်မ ၅၀၅-က သည် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြင်ဆင်ဖြည့်စွက်လိုက်သည့် ပုဒ်မတစ်ခု လည်း ဖြစ်သည်။

ဒေါက်တာ M ကောန်လသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် ကချင်နိုင်ငံရေးပါတီ အချို့က ခေါင်းဆောင်များ၊ တသီးပုဂ္ဂလ ကချင်အရေး တက်ကြွ လှုပ်ရှားသူများ ပါဝင်သည့် ကချင်ပြည်သူ့နိုင်ငံ ရေးရှေ့ဆောင်အဖွဲ့ (Kachin People’s Political Front-KPPF) အဖွဲ့ ကို ဦးဆောင်ဖွဲ့စည်းခဲ့သည်။

အဆိုပါ အဖွဲ့ကို ဖွဲ့စည်းပြီးနောက် ၎င်းတို့၏ နိုင်ငံရေး ရပ်တည်ချက်၊ ရည်မှန်းချက်များနှင့် ပတ်သက်သည့် သဘောထားများကို ဆက်တိုက်ဆိုသလို ထုတ်ပြန်ပြောဆိုလာသည့် နောက်ပိုင်းတွင် စစ်ကောင်စီ၏ ဖမ်းဆီးခြင်း ကို ခံခဲ့ရသူဖြစ်သည်။

ဒေါက်တာ Mကောန်လသည် ကချင်အမျိုးသားကွန်ဂရက် (KNC) ပါတီ ဥက္ကဋ္ဌဖြစ်ပြီး ၎င်းအနေဖြင့် ၂၀၁၅ ခုနှစ် နှင့် ၂၀၂၀ ပြည့်နှစ်တို့တွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်သည်။

Most read this week

January 17, 2025
ရှမ်းပြည်မြောက်ပိုင်းတွင် ပြေးဆွဲနေသည့် ကားသမားများကို ဒေသတွင်းအုပ်ချုပ်နေသည့် တိုင်းရင်းသား...
January 15, 2025
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် အမျိုးသမီးများအား...
မောတောင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)
January 14, 2025
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်သည့်...
January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...