PDF သံသယနှင့်ဖမ်းဆီ တရားစွဲခံထားရသည့် သံတွဲမှ ဦးစိန်ချစ်နှင့်ကိုရဲနိုင်ဦးအမှု၏ တရားလိုပြသက်သေ ၃ ဦးအားစစ်ဆေး

PDF သံသယနှင့်ဖမ်းဆီ တရားစွဲခံထားရသည့် သံတွဲမှ ဦးစိန်ချစ်နှင့်ကိုရဲနိုင်ဦးအမှု၏ တရားလိုပြသက်သေ ၃ ဦးအားစစ်ဆေး

သံတွဲမြို့နှင့် ငပလီမြို့မှ PDFနှင့် ဆက်စပ်သံသယဖြင့် တရားစွဲခံထားရသည့် ဦးစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့၏ အမှုတွင် တရားလိုပြသက်သေ ၃ ဦးအား ဒီဇင်ဘာ ၁ ရက်နေ့က သံတွဲခရိုင်တရားရုံး၌ စစ်ဆေးခဲ့ကြောင်း သိရသည်။

သံတွဲခရိုင်တရားရုံးတွင် တရားလိုပြသက်သေ ၃ ဦးအား ရုံးထုတ်စစ်ဆေးခဲ့ကြောင်း အမှုအားလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေဒေါ်သိင်္ဂီမောင်က နိရဥ္စရာသို့ပြောသည်။

“ဒီနေ့လိုပြသက်သေ ၃ ယောက်ကိုစစ်တယ်။ ကိုစိန်ချစ်ကတော့ သွေးအားနည်းတာနဲ့ အစာအိမ်ခွဲထားရတာဆိုတော့ အစာကြမ်းစားရင် ဗိုက်နဲနဲအောင့်တာတွေ ရှိတယ်။ ဆေးမှူးနဲ့ဆေးကုသဖို့ရယ်၊ အပြင်ကလိုအပ်တဲ့ ဆေးတွေ၊ လိုအပ်တာတွေ ဝယ်ပေးတာတော့ အစ်မတို့ဘက်က လုပ်ပေးနေတယ်” ဟုပြောသည်။

အဆိုပါအမှုတွင် ယခုအမှုတွင် စုစုပေါင်းသက်သေ ၁၃ ဦးရှိပြီး ကျန်ရှိသည့် သက်သေများကို စစ်ဆေးရန် လာမည့်ဒီဇင်ဘာလ ၈ ရက်ကိုထပ်မံရုံးချိန်းချိန်းဆိုလိုက်ကြောင်း သိရသည်။

တရားစွဲခံထားရသူ ၂ ဦးအနက် သံတွဲမြို့တွင် လူမှုရေးလုပ်ငန်းများလုပ်ကိုင်နေသည့် ဦးစိန်ချစ် (၄၂ နှစ်)ကို အောက်တိုဘာလ ၉ ရက်၊ ည ၁၀ နာရီခန့်တွင် သူ၏နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရခြင်းဖြစ်သည်။

အလားတူ ဦးစိန်ချစ်နှင့်အတူ လူမှုရေးလုပ်ကိုင်နေသူ ငပလီမြို့မှ ကိုရဲနိုင်ဦး (၂၄ နှစ်)ကို အောက်တိုဘာလ ၂၃ ရက် နေ့လယ် ၂ နာရီခန့်တွင် ငပလီရှိ ဟိုတယ်တစ်ခုရှေ့တွင် သူမောင်းနေသည့် သုံးဘီးတုတ်တုတ်ကို ဂိတ်ထိုးရပ်နားနေစဉ် ရဲတပ်ဖွဲ့ကလာရောက်ခေါ်ယူသွားခြင်းဖြစ်သည်။

ယင်းနောက် ၄င်းတို့ ၂ ဦးကို ခလရ (၅၅)တပ်ရင်းမှ ဗိုလ်ကြီးနေဇော်ထက်က တရားလိုပြုလုပ်ကာ အကြမ်းဖက်မှုပုဒ်မ ၅၀(က)၊ ၅၂(က) နှင့်အမှုဖွင့်ထားပြီး လက်ရှိအချိန်တွင် သံတွဲအကျဉ်းထောင်တွင် ထိန်းသိမ်းစစ်ဆေးနေကြောင်း သိရသည်။

လက်ရှိတွင် ၄င်းတို့ ၂ ဦးနှင့်အတူ ရခိုင်၌ PDF နှင့်ဆက်စပ်သံသယဖြင့် ငပလီမြို့မှ မငြိမ်းအိဖြူကျော်(၃၅)နှစ်၊ သံတွဲမြို့မှ မတင်စန္ဒာဝင်း(၂၈) နှစ်နှင့် ဒေါ်စန်းချိုသိုက်(၅၀)နှစ် ၊ မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှ လူငယ်စာရေးဆရာ ကိုမင်းဒီပါ(ခ) ကိုအောင်နိုင်မြင့်တို့လည်း အကြမ်းဖက်မှုပုဒ်မများဖြင့် တရားစွဲခံထားရသည်။

April 11, 2025
ရန်ကုန်တိုင်းတွင် ပြီးခဲ့သည့် မတ်လအတွင်းက စစ်ကောင်စီထံ ဖမ်းဆီးခံရသူ ၁၈ဝ ကျော်ရှိခဲ့သည်ဟု...
April 10, 2025
မောင်တောတိုက်ပွဲအတွင်း တိမ်းရှောင်ခဲ့ကြသည့် မွတ်ဆလင်စစ်ဘေးရှောင်များအား အာရက္ခတပ်တော် (AA) မှ...
Source and Photos: AMP
April 9, 2025
အာရက္ခနိုင်ငံတည်ဆောက်ရေးမှာ မည်သူမဆို လူမျိုးဘာသာမခွဲခြားဘဲ ပါဝင် ဆောင်ရွက်နိုင်ကြောင်း...
April 8, 2025
ရခိုင်-ပဲခူးအစပ် ရိုးပေါ်ရှိ ညောင်ကျိုးတိုက်ပွဲအတွင်းမှ ထွက်ပြေးပျောက်ဆုံးနေသည့်...