သံတွဲမြို့ ငပလီကမ်းခြေရှိ မဇင်လေဆိပ်ကို AA သိမ်းပိုက်

သံတွဲမြို့ ငပလီကမ်းခြေရှိ မဇင်လေဆိပ်ကို AA သိမ်းပိုက်

ရခိုင်ပြည် သံတွဲမြို့ ငပလီကမ်းခြေရှိ  မဇင်လေဆိပ်ကို အာရက္ခတပ်တော် (AA) က ဇွန်လ ၂၃ရက် နံနက်ပိုင်းတွင် ထိုးစစ်ဆင် သိမ်းပိုက်လိုက်ပြီးဖြစ်သည်ဟု ခိုင်လုံသည့် သတင်းရင်းမြစ်နှင့် ဒေသခံများမှ တဆင့် သိရှိရသည်။

ငပလီဒေသခံတစ်ဦးက “ အေအေက သံတွဲကင်းမော်လမ်းဖက် အယောင်ပြထားပြီး ပန်းချင်းပေါက် မှိုဟင်းပြင်ဘက်ကနေ ဝင်လာပြီး လေယာဉ်ကွင်းကို ထိုးစစ်ဆင်သိမ်းပိုက်လိုက်တာပေါ့။ အေအေ ဗျူဟာက အရမ်းကောင်းတော့ အခု ခမရ ၅၆၆ တပ်ရင်းလည်းမကြာခင်ကျမယ်။ ငပလီမှာစစ်သား မိသားစုတွေ လှုပ်နေပြီ။ ပြေးဖို့ပြင်နေကြပြီ” ဟု ပြောသည်။

လေယာဉ်ကွင်းတပ်စွဲထားသည့် စစ်သားများမှာ အေအေထိုးစစ်ကို မခံနိုင်ဘဲ  အသီးသီး ထွက်ပြေးကြရာမှ အေအေက ဝင်ရောက်သိမ်းပိုက်လိုက်သည်ဟု ဆိုသည်။

“ လေဆိပ်ကျသွားပြီ။ အဲဒီမှာက ခလရ ၅၅ နဲ့ ၅၆၆ ကပေါင်းပြီး တပ်စွဲထားတာ။ စစ်သားတွေ  သေတဲ့သူတွေရှိတယ်။ အများစုကထွက်ပြေးသွားကြတယ်။ အခုထွက်ပြေးတဲ့စစ်သားတွေရော၊ တခြားစစ်သားတွေပါ  ခလရ ၅၅ ထဲမှာ စစ်သားတွေ စုထားတယ်။ လက်ရှိ အေအေက ၅၆၆ ကိုထိုးစစ်ဆင်နေတယ်၊ လေယာဉ်ပစ်ကူပေး တာတော့မတွေ့သေးဘူး” ဟုဒေသခံတစ်ဦးမှ ပြောသည်။

လေဆိပ်နှင့် တစ်မိုင် အကွာရှိ ခလရ ၅၆၆ ကို အေအေမှထိုး စစ်ဆင်တိုက်ခိုက်နေပြီး ခလရ (၅၅) ကိုလည်း များမကြာမီ ထိုးစစ်ဆင်တိုက်ခိုက်နိုင်ပုံရသည်ဟု  ဒေသခံများက ပြောသည်။

အေအေထိုးစစ်ဆင်လာကတည်းက စစ်သားအများစုထွက်ပြေးသွားကြပြီး ခလရ ၅၆၆ အနီးရှိ ဇီးဖြူကုန်းရွာတွင် တိုက်ပွဲပြင်းထန်ကြောင်း သိရသည်။

သံတွဲလေဆိပ်တွင် ခလရ ၅၅ နှင့် ၅၆၆ တပ်တို့ မှပူးပေါင်းထုတ်နှုတ်အင်အားအပါအဝင် ဧရာဝတီတိုင်းမှ စစ်အင်အားများပါ ပူးပေါင်းတပ်စွဲထားသော်လည်း အာရက္ခတပ်တော်၏ ထိုးစစ်ကိုမခံနိုင်ဘဲ ယခုကဲ့သို့ စစ်ကောင်စီက လေဆိပ်ကိုစွန့်လွတ်လိုက်ရခြင်း ဖြစ်ကြောင်းသိရသည်။

စစ်ကောင်စီ၏ ဗျူဟာကျသည့် သံတွဲလေဆိပ်ကို သိမ်းပိုက်လိုက်နိုင်ခြင်းသည် အေအေ၏ တိုက်ရည် ခိုက်ရည် ထက်မြက်မှုကို ပေါ်လွင်စေခဲ့ပြီး လေကြောင်း ပစ်ကူဆက်လက်မပေးနိုင်ပါက ခလရ ၅၅နှင့် ခမရ ၅၆၆တို့သည် လက်နက်ချရမည့် အခြေအနေတွင်ရှိ ကြောင်း သံတွဲမြို့ရှိ စစ်မှုထမ်းဟောင်းတစ်ဦးက ပြောသည်။

ငပလီ-မဇင်လေဆိပ်အား အေအေမှ ထိုးစစ်ဆင်ခံနေရချိန်တွင် စစ်ကောင်စီသည် သံတွဲမြို့အနီးရှိ ရွှေကျောင်းပြင်ကျေးရွာကို နေ့ရောညပါ လေကြောင်းက ဗုံးကြဲခဲ့ရာ အရပ်သား နှစ်ဦး သေဆုံးခဲ့ကာ နေအိမ်များပျက်စီးပြီးနွားများပါ သေဆုံးခဲ့ရသည်။

Most read this week

January 8, 2025
စစ်ရေးတင်းမာလာနေသည့် ကျောက်ဖြူတွင် မြို့ပေါ်နေသူ ပြည်သူ ထက်ဝက်ခန့်မှာ စစ်ရှောင်သွားကြပြီး...
January 7, 2025
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ပဒါန်းမြို့ကို စစ်ကောင်စီမှ ဝင်ခွင့်ပိတ်လိုက်၍ အမ်း -...
လက်ရှိ စစ်ဘေးရှောင်စခန်းများတွင် အရေပြားရောဂါဖြစ်ပွားနေသူများအား တွေ့ရစဥ်။
January 6, 2025
ရခိုင်ပြည်မှ နေရာအတော်များများတွင် သောက်သုံးရေ မသန့်ရှင်းမှု၊ နေရာထိုင်ခင်း အဆင်မပြေမှု၊ ဆေးဝါး...
January 3, 2025
စစ်တွေထောင်က ပုသိမ်ထောင်ကို ရွှေ့ပြောင်းခံရသူများနှင့် ထောင်ဝင်စွာတွေ့ရန်ခက်ခဲနေသလို...