Published
Thursday, January 11, 2024
ဒီးမော့ဆိုမြို့နယ်က တောတောင်အနီးရှိ စစ်ရှောင်စခန်းတွေမှာ ရေရှားပါး၊ လိုဏ်ဂူထဲကရေကို စုပ်ယူသုံးစွဲနေရ
- ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်း တောတောင်အနီးရှိ စစ်ရှောင်စခန်းတချို့မှာ ရေရှားပါးတာကြောင့် အနီးအနားက လိုဏ်ဂူထဲက ရေတွေကို စုပ်ယူသုံးစွဲနေကြရပါတယ်။
- စစ်ကောင်စီက ဆေးရုံတွေကို ပစ်မှတ်ထားတိုက်ခိုက်တာကြောင့် ကိုယ်၀န်ဆောင်နဲ့ နို့တိုက်မိခင်တွေ ဆေးရုံသွားရမှာကို စိုးရိမ်နေကြပါတယ်။
- စစ်တပ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်က ပြည်သူတွေ အိုးအိမ်စွန့်ခွာပြီး တောတောင်ထဲ စစ်ရှောင်နေရတာ ၃ နှစ်နီးပါးရှိလာပြီဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် နှစ်သစ်မှာ စစ်ဘေးရှောင်တွေရဲ့ မျှော်လင့်ချက် စကားသံတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။