ရှမ်းမြောက် လေယာဉ်ဗုံးကြဲမှု၊ ဗုံးပေါက်ကွဲမှုများထဲ ထိခိုက်သေဆုံးမှုများ ရှိ

ရှမ်းမြောက် လေယာဉ်ဗုံးကြဲမှု၊ ဗုံးပေါက်ကွဲမှုများထဲ ထိခိုက်သေဆုံးမှုများ ရှိ
ဩဂုတ်လ ၆ ရက်နေ့က ဖြစ်ပွားခဲ့သည့် ကျောက်မဲနှင့် လားရှိုးမြို့က ဗုံးပေါက်ကွဲမှုများ
ဩဂုတ်လ ၆ ရက်နေ့က ဖြစ်ပွားခဲ့သည့် ကျောက်မဲနှင့် လားရှိုးမြို့က ဗုံးပေါက်ကွဲမှုများ

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်အချို့ထဲတွင် လေယာဉ်ဖြင့် ဗုံးကြဲမှု၊ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး လူထိ ခိုက်သေဆုံးမှုများရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဩဂုတ်လ ပထမပတ်ထဲတွင် ကျောက်မဲမြို့နယ်နှင့် လားရှိုးမြို့နယ်ထဲတွင် ဗုံးပေါက်ကွဲများ ဖြစ်ပွားခဲ့သည့်အပြင် ယခုလ ဒုတိယပတ်ထဲတွင် စစ်ကောင်စီ လားရှိုးမြို့နယ်ထဲ လေယာဉ်ဖြင့် ဗုံးကြဲမှုများပါ ရှိလာသည့်အတွက် ဒေသခံများက စိုးရိမ်ထိတ်လန့်နေကြသည်။

လားရှိုးဒေသခံတစ်ဦးက “ဒီလ ၉ ရက်နေ့က စစ်တပ်ဘက်က လေယာဉ်လာဗုံးကြဲသွားတာပါ။ မိုင်းယော်ဘက်၊ နမ့်လောင်းရွာနားမှာ စစ်တပ်နဲ့ ပလောင်တပ်နဲ့ တိုက်ပွဲဖြစ်တယ်လို့ ပြောတယ်။ အဲ့ဒီနားတဝိုက်ကို လာကြဲသွား တာပါ။ အခြေအနေအသေးစိတ်တော့ မသိရဘူးဗျ” ဟု ပြောသည်။

ရှမ်းမြောက်ဒေသ၊ လားရှိုးမြို့နယ်၊ မိုင်းယော်တိုက်နယ်ထဲ စစ်ကောင်စီတပ်နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)တို့ အကြား တိုက်ပွဲ ပြင်းထန်ခဲ့ပြီးနောက် စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့သည်ဟု PSLF/TNLA ၏ သတင်းနှင့် ပြန်ကြားရေးဌာနက ဩဂုတ် ၁၀ ရက်နေ့တွင် ထုတ်ပြန်ထား သည်။

မိုင်းယော်တိုက်နယ်၊ နမ့်လောင်းကျေးရွာအနီးရှိ TNLA ၏ တပ်စခန်းကို စစ်ကောင်စီ လက်အောက်ခံ ခမရ ၁၆၊ ခမရ ၆၈ က လာရောက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက MI-35 လေယာဥ်နှင့် ပစ်ခတ်တိုက်ခဲ့ရာ တိုက်ပွဲ ပြင်း ထန်ခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ဩဂုတ်လ ၆ ရက်နေ့ကလည်း တရက်တည်းမှာပင် ရှမ်းမြောက်ရှိ လားရှိုးနှင့် ကျောက်မဲမြို့တို့တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံး ဒဏ်ရာရရှိမှုများ ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဩဂုတ်လ ၆ ရက်နေ့၊ နံနက်ပိုင်း ၁၁ နာရီခွဲအချိန်ခန့်တွင် ကျောက်မဲမြို့နယ် ရပ်ကွက် (၁) ရှိ အုပ်ချုပ်ရေးမှုးရုံး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး စည်ပင်အရာရှိ တစ်ဦးနှင့် လျှပ်စစ်အရာရှိ တစ်ဦး သေဆုံးကာ ၅ ဦး ထိခိုက် ဒဏ်ရာရရှိသွားခဲ့သည်ဟု ဒေသခံ အမျိုးသားဦးက ပြောသည်။

“သူ့ဖြစ်စဉ်က နေ့လည် ၁၁ နာရီခွဲလောက်ကပေါ့။ အဲ့မှာ မြင်တဲ့လူတွေပြောတာတော့ ကားနဲ့လာတယ်တဲ့။ ကားနဲ့ လာပြီးမှ ဗုံးကို ပစ်လိုက်တယ။ ပစ်ပြီးမှပဲ သေနတ်နဲ့ ပစ်လိုက်တယ်။ သေနတ်လည်းပါတယ်။ ၁ ကွက် ရုံးမှာ မြို့ တော်ခန်းမ အနောက်ဘက်ကျမှာ။ သေတာတော့ နှစ်ယောက်သေတယ်။ ဒဏ်ရာရတာကတော့ ၅ ယောက် လောက်ရတယ်။ သေတာ စည်ပင်က ဦးစီးမှူးနဲ့ EPC က အရာရှိတစ်ယောက်ပေါ့။ EPC ကျတော့ နမ္မတူကလို့ ပြောတယ်။”

စည်ပင်ရုံးနားရှိ လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည် သောက်နေကြချိန် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူများခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ ထိုသို့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားချိန်တွင် သေနတ်ပစ်ခတ်သံ များလည်း ကြားခဲ့ရသည်ဟု အနီးအနားရှိ ဒေသခံများက ပြောသည်။

ကျောက်မဲမြို့နယ်အတွင်း ဗုံးပေါက်ကွဲခဲ့ပြီးနောက် စစ်ကောင်စီတပ်များ မြို့အဝင်အထွက်ကို ပိတ်ထားပြီး စစ် ရေးမှု ပြုလုပ်ခဲ့ဩသည့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် ရပ်ကွက် ၁ ထဲက နေအိမ်အချို့ကို ဝင်ရောက် စစ်ဆေး မှု များ လုပ်ခဲ့သေးသည်။

ကျောက်မဲမြို့က ပေါက်ကွဲမှု အပြင် ဩဂုတ်လ ၆ ရက်နေ့၊ နံနက်ပိုင်း ၁၀ နာရီခွဲအချိန်တွင် လားရှိုးမြို့ရှိ သိန်း ထိုက်ရုပ်ရှင်ရုံက ဆိုင်ကယ်ရပ်နားရသည့် နေရာတွင်လည်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်အစီးရေ ၂၀ ဝန်းကျင်ခန့် ပျက်စီးသွားခဲ့သည်ဟု မြို့ခံများက ပြောသည်။

လားရှိုးမြို့ခံတစ်ဦးက “ရုပ်ရှင်ရုံမှာ ကွဲတာလို့ ကြားတာ။ ရုပ်ရှင်ရုံက သိန်းထိုက်ရုပ်ရှင်ရုံလေ။ သိန်းထိုင် ရုပ်ရှင် ရုံမှာ မနေ့က ၁၀ နာ ရီခွဲ ပွဲပြတယ်။ အဲ့ချိန်ကျတော့ ရုပ်ရှင်လာကြည့်တဲ့ လူတွေရဲ့ ဆိုင်ကယ်စတန်းမှာ ကွဲတာ လို့ ကြားတာပဲ။ လူထိခိုက်တာတော့ မရှိဘူးပေါ့။ ဆိုင်ကယ်တွေတော့ ပျက်စီးသွားတယ်ပေါ့။ သူတို့ ပြောတဲ့ ပုံ စံဆိုရင်တော့ ၂၀ ဝန်း ကျင်လောက်တော့ ပျက်စီးတယ်။ ညပိုင်းမှာ ထပ်ပေါက်တယ်လို့လည်း ကြားတယ်။ အခုချိန်ထိ ဘယ်နေရာမှန်း ဘယ်သူမှ မသိကြသေးဘူး” ဟု ပြောသည်။

လားရှိုးမြို့တွင် ဩဂုတ်လ ၆ ရက်နေ့ တစ်ရက်တည်းမှာပင် နေရာသုံးနေရာတွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ သည်ဟု ဒေသခံများက ဆိုကြသည်။

အလားတူ ဇူလိုင်လ ၁၅ ရက်နေ့တုန်းကလည်း လားရှိုးမြို့၊ မြို့မစျေးက ဇွဲထက်ရွှေဆိုင်တွင် ဗုံးပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ပြီး ဝန်းထမ်း ၁ ဦး သေဆုံးကာ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

ရှမ်းမြောက်ဒေသထဲ မကြာခဏဖြစ်ပွားနေသည့် ဗုံးပေါက်ကွဲမှုများကြောင့် ဒေသခံလူထုက လုံခြုံရေးအတွက် စိုးရိမ်နေကြသည့်အပြင် စစ်တပ်၏ ဖမ်းဆီးစစ်ဆေးမှုများဖြင့် မတရားစွပ်စွဲဖမ်းဆီးခံရမှာကိုလည်း စိုးရိမ်နေကြ ရသည်ဟု ဒေသခံများက ဆိုသည်။

January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...
January 9, 2025
ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့တွင် တစ်နေ့ကို လျှပ်စစ်မီး ၃ နာရီသာ ရရှိတော့သည်ဟု...
January 8, 2025
ကချင်ပြည်၊ မြစ်ကြီးနားတွင် လူငယ်၊ လူလတ်ပိုင်း အမျိုးသားများ သတင်းအစအနမရဘဲ ဆက်တိုက်...
January 7, 2025
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီက ကုန်တင်ကားပိုင်ရှင်များကို အစည်းအဝေး‌ခေါ်ကာ...