ပြည်သူ့စစ်အဖွဲ့ကို PDF တပ်ဖွဲ့ ဝင်တိုက်၊ ပြည်သူ့စစ်ခေါင်းဆောင် ၂ ဦး သေဆုံး

ပြည်သူ့စစ်အဖွဲ့ကို PDF တပ်ဖွဲ့ ဝင်တိုက်၊ ပြည်သူ့စစ်ခေါင်းဆောင် ၂ ဦး သေဆုံး

တနင်္သာရီတိုင်း ဘုတ်ပြင်းတွင် ပြည်သူ့စစ်အဖွဲ့ တိုက်ခိုက်ခံရပြီး အဖွဲ့ခေါင်းဆောင် နှစ်ဦး သေဆုံးခဲ့သည့်အပြင် လက်နက် ခဲ ယမ်းများကိုလည်း သိမ်းဆည်းနိုင်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

ကျေးရွာ ပြည်သူ့စစ်အဖွဲ့ တစ်ဖွဲ့ကို အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ အဖွဲ့ခေါင်းဆောင်နှင့် ဒု- ခေါင်းဆောင်တို့ နှစ်ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းနိုင်ခဲ့သည်ဟု တနင်္သာရီတိုင်း ပြည်သူ့ ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

သွားရောက် တိုက်ခိုက်ခဲ့ရာပါဝင်ခဲ့သူ တပ်ဖွဲ့ဝင်တစ်ဦးက “သွားတိုက်ခိုက်ရတဲ့ရွာက ပင်လယ်ထဲက ကျွန်းရွာ တစ်ရွာပါ။ ပိုက်လှေတွေနဲ့ ခက်ခက်ခဲခဲ သွားခဲ့ရတာပါ။ ပြည် သူ့ စစ်ငယ်သားတွေကိုတော့ လက်နက်ချခိုင်းပြီး ပြန်လွှတ်ပေးခဲ့တယ်” ဟု ပြောသည်။

ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ မသေကျေးရွာအုပ်စု၊ ဝါးကျွန်းကျေးရွာ ပြည်သူ့စစ်အဖွဲ့ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့က မတ်လ ၂၇ ရက်နေ့၊ နံနက် ၂ နာရီ အချိန်ခန့်တွင်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်မှုကို ဘုတ်ပြင်းမြို့နယ် နှင့် ကော့သောင်းမြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ ခြင်း ဖြစ်သည်ဟု တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သူက ပြောသည်။

တိုက်ပွဲအတွင်း AK - 47 သေနတ် ၄ လက်၊ M 16 သေနတ် ၁ လက်၊ ကျည်ဘောက်အစုံ ၁၆ ခု၊ လက်ပစ်ဗုံး ၄ လုံး၊ M16 ကျည် ၁၇၀တောင့်၊ AK 47 ကျည် ၃၅၅ တောင့်၊ Equiment ၁ စုံ၊ လက်ထိပ် ၂စုံ၊ ဓားရှည် ၂ ချောင်းနှင့် ဖုန်းများကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ချက်ထဲတွင် ဖေါ်ပြထားသည်။

ဝင်ရောက် တိုက်ခိုက်ပြီးနောက် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များဘက်တွင် ထိခိုက်မှုမရှိဘဲ အောင် အောင်မြင်မြင် ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

ဝါးကျွန်းကျေးရွာသည် အိမ်ခြေ ၂၅၀ ခန့်ရှိပြီး ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြု ကြသည့် ကျေးရွာ တစ်ရွာဖြစ်သည်။

ရေခဲစက်တည်ရှိသည့်အပြင် အခြားနေရာဒေသများမှ ကမ်းနီးငါးဖမ်းလှေများလည်း တည်းခိုစခန်းချသည့် ပင်လယ်ကျွန်းကျေးရွာ တစ်ရွာလည်း ဖြစ်သည်။

ဘုတ်ပြင်းမြို့နယ်အတွင်းက ကျေးရွာအုပ်စု အတော်များများတွင် ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်းခြင်းနှင့် စစ်သင် တန်းပေးခြင်းများကို ပြုလုပ်လျက်ရှိနေသည်ဟု ဒေသခံများက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဘုတ်ပြင်းမြို့နယ်အား စစ်ကောင်စီမှ ခရိုင်အဆင့် တိုးမြှင့်သတ်မှတ်ခဲ့သည်။

January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...
January 9, 2025
ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့တွင် တစ်နေ့ကို လျှပ်စစ်မီး ၃ နာရီသာ ရရှိတော့သည်ဟု...
January 8, 2025
ကချင်ပြည်၊ မြစ်ကြီးနားတွင် လူငယ်၊ လူလတ်ပိုင်း အမျိုးသားများ သတင်းအစအနမရဘဲ ဆက်တိုက်...
January 7, 2025
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီက ကုန်တင်ကားပိုင်ရှင်များကို အစည်းအဝေး‌ခေါ်ကာ...