ထားဝယ်တွင် ဖေဖော်ဝါရီလအတွင်း တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၄၄ဦး ထက်မနည်း သေဆုံး

ထားဝယ်တွင် ဖေဖော်ဝါရီလအတွင်း တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၄၄ဦး ထက်မနည်း သေဆုံး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်တွင် ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ် နှင့် နယ်မြေခံမဟာမိတ် တပ်ဖွဲ့များ ထိတွေ့တိုက်ပွဲစုစုပေါင်း (၄) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၄၄ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့သည်ဟု ထားဝယ်ခရိုင် တပ်ရင်း(၁)ထံမှ သိရသည်။

ထားဝယ်မြို့နယ် ပကာရီရွာ၊ သင်္ကန်းတုံးရွာ၊ သဗျာရွာ-မဲချောင်းရွာကြားနှင့် သရက်ချောင်းမြို့နယ် စော်ဖျားကျေးရွာများအနီးအနားတဝိုက်တွင် အဓိက ဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဘက်မှ (၄၄)ဦး ထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားခဲ့ကြောင်း ထားဝယ်ခရိုင် တပ်ရင်း(၁)ပြန်ကြားရေးတာဝန်ခံ ရဲဘော် ဒီနေထူးက ယခုလို ပြောသည်။

၎င်းက “ တိုက်ပွဲဖြစ်ရင် သေဆုံးစာရင်းက ရယူဖို့က အခက်အခဲရှိတယ်လေ၊ အခုလည်း ကျနော်တို့က စစ်ကောင်စီထိခိုက်သေဆုံးကို အနီးစပ်ဆုံး အသေးစိတ်ပြန်လည်ပြုစုပြီး ပြည်သူတွေကို သတင်းအမှန်ချပြချင်တဲ့အတွက် လုံးဝမှန်ကန်နိုင်တဲ့အနေအထားနဲ့ အတည်ပြုထုတ်ပြန်တာပါ။” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ၎င်းတိုက်ပွဲများတွင် ဥဩစစ်ကြောင်းနှင့်တကွ ထားဝယ်မြို့နယ် ပကဖ အဖွဲ့များနှင့်ပါပူးပေါင်းကာ ခံစစ်သာမက ထိုးစစ်ပါအသုံးပြု၍ တိုက်ပွဲ ဖော်ဆောင်ခဲ့ကြောင်း၊ တိုက်ပွဲများဖြစ်ပွားပြီး စစ်ကောင်စီမှ အသေအပျောက်များပြား သော်လည်း စစ်ကောင်စီသည် ဒေသခံပြည်သူများအား ခြိမ်းခြောက်ခြင်း၊ ထားဝယ်-ထီးခီးလမ်းမကြီးပေါ်တွင် သွားလာနေသော အဝေးပြေးကားများ၊ ခရီးသည် များထံမှ ငွေကြေး ကောက်ခံခြင်းများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း အဆိုပါ တာဝန်ခံက ဆက်ပြောသည်။

နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် တိုက်ပွဲမဖော်ဆောင်ခင်ကာလတွင် ၎င်းတို့ စစ်ရေးလှုပ်ရှားသည့်နယ်မြေများရှိ ကျေးရွာများသို့ ကိုယ်တိုင်သွားရောက်၍ နှုတ်ဖြင့်အသိပေးခြင်း၊ လူမှုကွန်ယက်စာမျက်နှာများပေါ်မှ သတိပေးချက် ထုတ်ပြန် ခြင်းများ လုပ်ဆောင်ပြီးမှသာ တိုက်ပွဲဖော်ဆောင်သည်ဟု မဟာမိတ်ပူးပေါင်း တပ်ဖွဲ့ဝင် တစ်ဖွဲ့ဖြစ်သော ဥဩစစ်ကြောင်းမှ ရဲဘော်တစ်ဦးက ပြောသည်။

အဆိုပါ ရဲဘော်က “ဒီနယ်မြေဘက်ခြမ်းမှာ တောတောင်နဲ့ ဥယျာဥ်ခြံမြေတွေ ပေါများ တော့ ရွာသားတွေက တိုက်ပွဲဖြစ်နေတဲ့အချိန်ဆို သူတို့ရဲ့ဥယျာဥ်ခြံမြေထဲမှာ ခဏတိမ်း ရှောင်ရတာမျိုးရှိတယ်။ တိုက်ပွဲပြီး၊ နယ်မြေရှင်းလင်းပြီးသွားရင် ကျနော်တို့က သူတို့ရှောင်တိမ်းနေတဲ့နေရာကိုလိုက်ပြီး အိမ်ပြန်နေလို့ရပြီဆို တဲ့အကြောင်း လိုက်ပြောပေးပါတယ်။” ဟု ပြောသည်။

ထားဝယ်မြို့နယ်အတွင်းတွင် ဥဩစစ်ကြောင်းပါဝင်သော အခြားမဟာ မိတ်ပူးပေါင်း တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား ၂၀၂၂ခုနှစ်မှစ၍ ယခုလက်ရှိအထိ တိုက်ပွဲပေါင်း (၈)ကြိမ်ဖြစ်ပွားခဲ့ပြီး ယခင်လ ဖေဖော်ဝါရီလအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ထားဝယ်ခရိုင် မဟာမိတ်ပူးပေါင်းတပ်များဘက်မှ ရဲဘော်(၂)ဦး ကျဆုံးခဲ့သည်ဟု ဥဩစစ်ကြောင်းပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။

September 11, 2024
သောင်ရင်းမြစ် ရေကြီးရေလျှံနေသည့်အတွက် မြဝတီမြို့ရှိ ထိုင်း-မြန်မာ အမှတ်-၁ ချစ်ကြည်ရေးတံတားအား...
September 11, 2024
ထိုင်းနိုင်ငံဘက်ခြမ်းမှ စစ်ကောင်စီထံပြန်လည်လွှဲပြောင်းပြီး စစ်မှုထမ်းခိုင်းရန် စက်လှေဖြင့်...
September 10, 2024
ကော်သူးလေနယ်မြေအတွင်း နေထိုင်သည့် ကလေးငယ်များအားလုံး ပညာသင်ကြားခွင့်ကို အသိအမှတ်ပြု ပြီး...
September 9, 2024
တနင်္သာရီမြို့နယ် ကျေးရွာများ၌ ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် စစ်ကောင်စီက အရပ်သားပိုင်...