ကော်သူးလေနယ်မြေအတွင်း လုံခြုံသော ပညာရေးပတ်ဝန်းကျင်တစ်ခု ဖန်တီးရန် KNU ကတိပြု

ကော်သူးလေနယ်မြေအတွင်း လုံခြုံသော ပညာရေးပတ်ဝန်းကျင်တစ်ခု ဖန်တီးရန် KNU ကတိပြု

ကော်သူးလေနယ်မြေအတွင်း နေထိုင်သည့် ကလေးငယ်များအားလုံး ပညာသင်ကြားခွင့်ကို အသိအမှတ်ပြု ပြီး ပဋိပက္ခများနှင့် မတည်ငြိမ်မှုများကြောင့် စိန်ခေါ်မှုများရှိနေသော်လည်း လုံခြုံသော ပညာရေး ပတ်ဝန်းကျင်တစ်ခု ဖန်တီးသွားမည်ဟု ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက ကတိပြု ပြောသည်။

ကေအဲန်ယူအနေဖြင့် စက်တင်ဘာလ ၉ ရက်တွင် “ကော်သူးလေအတွင်းရှိ ကျောင်းများ ဘေးကင်းမှုဆိုင်ရာ ကြေညာ စာတမ်း” တစ်စောင်ကို ထုတ်ပြန်ရာ၌ ယခုလို ကတိပြုပြောဆိုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စာတမ်းတွင် အရေးပေါ် အကူအညီများ၊ ပညာရေးတိုက်ခိုက်ခြင်းမှ ကာကွယ်ခြင်း၊ ကလေး များနှင့် ဆရာများ၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်း၊ မှတ်တမ်းပြုစုခြင်းနှင့် အစီ ရင်ခံခြင်းစသည့် အပိုင်း ၄ ပိုင်းကို ကေအဲန်ယူက အဓိကထား လုပ်ဆောင်သွားမည်ဟု ဖော်ပြထားသည်။

ထို့အပြင် ကော်သူးလေနယ်မြေတွင်းရှိ စာသင်ကျောင်းများအတွင်း အခြေစိုက်စခန်း၊ စုဆောင်းရေးနေရာ အဖြစ် စစ်ရေးရည်ရွယ်ချက်ရှိရှိ အသုံးမပြုရခြင်းကို လိုက်နာရန်ကတိပြုကာ လက်ခံကျင့်သုံးရန်အတွက် အားပေး ထောက်ခံသွားမည်ဟု စာတမ်းတွင် ဖော်ပြထားသည်။

“ကော်သူးလေအတွင်းရှိ ကျောင်းများဘေးကင်းလုံခြုံရေးဆိုင်ရာ ကြေညာစာတမ်းထဲမှာ ပါရှိတဲ့ လုပ်ငန်း ဆောင်တာတွေနဲ့ လမ်းညွှန်ချက်တွေကို အကောင်အထည်ဖော်တဲ့အခါမှာ အခက်အခဲ၊ စိန်ခေါ်မှုတွေ အများကြီးရှိနေအုံးမှာ သေချာပါပဲ။ ဒါကြောင့် မိမိတို့ရဲ့ မိတ်ဖက်၊ လုပ်ဖော်ကိုင်ဖက်တွေ တော်လှန် ရေးကို ကိုယ်ချင်းစာနာတဲ့ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းတွေကပါ ဝိုင်းဝန်းပံ့ပိုးကြဖို့ အထူးလိုအပ်တယ်” ဟု  စာတမ်းမိတ်ဆက်ပွဲ၌ ကေအဲန်ယူဒုဥက္ကဋ္ဌ ပဒိုစောဆဲဂေ ပြောသည်။

၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းပြီးနောက် ကေအဲန်ယူ၊ ထိန်းချုပ်နယ်မြေထဲတွင် စစ်ကောင်စီက လက်နက်ကြီး၊ လေယာဉ်၊ ဒရုန်းများအသုံးပြုကာ ကျောင်းအဆောက်အဦးများ ပစ်ခတ်တိုက်ခိုက် မှုကြောင့် ကော်သူးလေ၏ အနာဂတ်မျိုးဆက်သစ်များ အသက်ဆုံးရှုံးမှုများကို ရင်ဆိုင်ကြုံတွေ့ ခဲ့ရသည်။

ထိုသို့ တိုက်ခိုက်ခဲ့မှုကြောင့် ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၄ ခုနှစ်၊ ဇူလိုင်အထိ ကော်သူးလေဒေသတွင် ကျောင်းနေအရွယ်ကလေး ၁၈၆ ဦး ဒဏ်ရာရရှိပြီး ၆၃ ဦးသေဆုံးကာ ၁၅ ဦး အဖမ်းခံခဲ့ရသည်။ ထို့အပြင် စာသင်ကျောင်းအဆောက်အဦး ၄၇ ကျောင်း ပျက်စီးခဲ့ပြီး အချို့ စာသင်ကျောင်းများမှာ ပိတ်ထားရခြင်းမျိုးရှိသည်ဟု ကေအဲန်ယူက ပြောဆိုသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးသည် ၂၀၁၃ ခုနှစ်တွင် ကလေးများအားကာကွယ်ရန်နှင့် လက်နက်ကိုင်ပဋိပက္ခများတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ကာကွယ်ရန်အတွက် Geneva Call’s Deeds of Commitment ကို လက်မှတ်ထိုးခဲ့သည်။

September 16, 2024
တနင်္သာရီတိုင်းဒေသကြီးအတွင်း ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်...
September 16, 2024
မြန်မာနိုင်ငံ၊ တိုင်းနှင့်ပြည်နယ်အများစုရှိ သဘာဝဘေးအန္တရာယ်ဖြစ်ပွားနေသည့်နေရာများသို့...
September 14, 2024
ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်နယ်မြေအတွင်း တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေး...
September 13, 2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်း၍ စစ်တောင်းမြစ်...