ရွှေဘိုတွင် စစ်ယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရ၊ ၂ ဦးသေ

ရွှေဘိုတွင် စစ်ယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရ၊ ၂ ဦးသေ

စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုမြို့တွင် အင်အား ၈၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

ရွှေဘိုမြို့၊ ကင်းဗြားကျေးရွာမှ စစ်ချီလာသော စစ်ကောင်စီစစ်ကြောင်းအား ဖေဖော်ဝါရီလ ၂၇ ရက်နေ့၊ နံနက် ၈ နာရီခွဲ အချိန်ခန့်တွင် ချီပါတောင်ကျေးရွာ၊ ရွှေလည်းခုံဘုရားအနီးရှိ မိုးတံတားလေးနေရာ၌ တော်လှန်ရေး မဟာ မိတ်အင်အားစုများက ရှေ့ထွက်မိုင်း ၆ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

SBLDF တပ်ဖွဲ့မှ ပြန်ကြားရေး တာဝန်ရှိသူ ဗိုလ်ကျွဲကြီးက “အဲဒီလမ်းမှာ ဖြတ်သွားတဲ့ ကားသမားတွေ ရှိတယ်။ သူတို့ကတစ်ဆင့် ဒဏ်ရာရတဲ့ဟာလည်း ရှိတယ်။ ကျသွားတဲ့ဟာလည်း ရှိတယ်ပေါ့နော်။ အဲလို လှမ်းအတည်ပြု တာပေါ့” ဟုပြောသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကာ ၆ ဦးထက်မနည်း ထိခိုက် ဒဏ် ရာရခဲ့သည်ဟု Buffalo Soldiers Freedom Force (SBLDF) တပ်ဖွဲ့မှ ပြန်ကြားရေး တာဝန်ရှိသူများက ပြောသည်။

ထိုစစ်ဆင်ရေးကို SBLDF တပ်ဖွဲ့ (စခန်း ၂)နှင့်အတူ Shwebo Defence Force(SBDF) စခန်း ၁(တပ်ခွဲ ၁၁)၊ Ghost Rider Special Task Force (စခန်း ၁)၊ တောကျီးကန်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ အော်ဘော် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့၊ လျှပ်စီး‌ပြောက်ကျားတပ်ဖွဲ့၊ Hero Brother ပြောက်ကျားတပ်ဖွဲ့၊ အောင်စည်အောင်မောင်း ပြောက် ကျားတပ်ဖွဲ့၊ BT ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းဖော်ဆောင်ခဲ့ကြပြီး အထိအခိုက် အကျအဆုံးမရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်ဟု ဗိုလ်ကျွဲကြီးက ပြောသည်။

မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်များသည် ဆက်လက် စစ်ကြောင်းထိုးလာခဲ့ရာ ရွှေဘိုနှင့် ဝက် လက်တို့မှ ဒေသတွင်းတော်လှန်ရေး အင်အားစုများနှင့် ထိပ်တိုက်ထိတွေ့မှု ဖြစ်ပွားခဲ့ပြီးထိခိုက်ကျဆုံးမှု အချို့ ရှိနိုင်သည်ဟု ဆိုသည်။

“ဒုတိယအကြိမ် ကျနော်တို့ သူတို့ကို ပစ်တဲ့ဟာက ထိခိုက်ဒဏ်ရာ ရတာပဲ ရှိမယ်။ ဘာလို့လဲဆိုတော့သူတို့ စစ်ကြောင်းကို တစ်ဖြတ်သွားပြီးတော့ တွေ့လိုက်၊ ခဏပြန်ဆုတ်လိုက်၊ နောက်တစ်ဖက်ကနေ ကြိုပြီးတော့ စောင့်လိုက်ဆိုတော့ သူတို့ကို ပစ်တဲ့ တချို့ဟာတွေက အထိအခိုက်လောက်ပဲ ရှိမှာပါ။လက်နက်ငယ်နဲ့ ပစ်တာဆိုတော့လေ၊ မိုင်းခွဲတာတော့ ၂ ကောင် သေတယ်” ဟု ဗိုလ်ကျွဲကြီးကဆက်ပြောသည်။

အထိနာခဲ့သော စစ်ကောင်စီတပ်များသည် ချီပါတောင်ရွာရှိ အရပ်သားများ၏ လူနေအိမ်တစ်လုံးကိုလည်း မီးရှို့ ဖျက်ဆီးခဲ့ပြီးနောက် ၎င်းတို့ ပစ်ခတ်သည့် လက်နက်ကြီးမှာလည်းရွာလည်ခုံဘုရားဝင်းတွင် ကျရောက် ပေါက် ကွဲခဲ့ရာ ဘုရားရင်ပြင်နှင့် အဆောက်အအုံ အချို့ ထိခိုက်ပျက်စီးခဲ့သေးသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်များသည် ရွှေဘိုနှင့် ဝက်လက်ဒေသတို့တွင် မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံနေရသောကြောင့် Jumper (ဗုံးဒဏ်ခံနိုင်သည့် ဝတ်စုံ)များ ဝတ်ဆင်၍စစ်ရေးနည်းဗျူဟာ ပြောင်းလဲလာကြသည်ဟု ဗိုလ်ကျွဲကြီးက ဆက်ပြောသည်။

“တချို့တွေက Jumper ပါတော့ မကြောက်ဘူးလေ။ Jumper ဆိုတာက သိတဲ့အတိုင်း အားသွင်းမှ အလုပ်လုပ် တာကိုး။ သူတို့ကိုယ်တိုင် မီးဖြတ်ထားတဲ့ ဒေသတစ်ခုရောက်ရင်တော့ Jumper ကအားကုန်တဲ့အတွက် ကျနော် တို့ မိုင်းဆွဲရတာ အဆင်ပြေတယ်။ အားမကုန်ဘူးဆိုရင်တော့ ကျနော်တို့ မိုင်းဆွဲရတာ အဆင်မပြေဘူး။”

စစ်ကောင်စီတပ်များသည် ရွှေဘို၊ ဝက်လက်၊ အရာတော် မြို့နယ်များတွင် စစ်အုပ်ချုပ်ရေး ကြေညာပြီးသည့် နောက်ပိုင်း အကြမ်းဖက်လုပ်ရက်များ ပိုမိုရဲတင်းစွာ လုပ်ဆောင်လာသည်ဟု ဆိုသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်ခန့်တွင် ရွှေဘိုမြို့နယ်ရှိ ရင်းမာကန်ကျေးရွာ၌ ၎င်းတို့ စစ် ကြောင်းထိုးလာသည့် လမ်းဘေးအိမ်မှ လမ်းမလျှောက်နိုင်သည့် အသက် ၇၀ အရွယ် အဘိုးအို တစ်ဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့သေးသည်ဟု ကျေးရွာနေ ပြည်သူများက ပြောသည်။

Most read this week

January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...
January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...
January 9, 2025
ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့တွင် တစ်နေ့ကို လျှပ်စစ်မီး ၃ နာရီသာ ရရှိတော့သည်ဟု...
January 8, 2025
ကချင်ပြည်၊ မြစ်ကြီးနားတွင် လူငယ်၊ လူလတ်ပိုင်း အမျိုးသားများ သတင်းအစအနမရဘဲ ဆက်တိုက်...