စစ်ကောင်စီတပ်နှင့် KNLA တို့ တိုက်ပွဲဖြစ်စဉ်အတွင်း မိန်းကလေးတစ်ဦး ကျည်ထိမှန်ဒဏ်ရာရ

စစ်ကောင်စီတပ်နှင့် KNLA တို့ တိုက်ပွဲဖြစ်စဉ်အတွင်း မိန်းကလေးတစ်ဦး ကျည်ထိမှန်ဒဏ်ရာရ

ဖာပွန်(မူတြော်)ခရိုင် ဒွယ်လိုးမြို့နယ် ဝါးဒူးကျေးရွာတွင် ဒီဇင်ဘာလ(၂၃)ရက် နံနက်(၁၀)နာရီက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် စစ်ကောင်စီတပ်များအကြား ဖြစ်ပွားသည့် တိုက်ပွဲဖြစ်စဉ်အတွင်း ဆိုင်ကယ်စီးနှင်းလာသော မိန်းကလေးတစ်ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၅)ထိန်းချုပ်နယ်မြေရှိ ဝါးဒူးကျေးရွာ လမ်းတစ် လျှောက်တွင် ယနေ့ ဆွဲမိုင်းပေါက်ကွဲခဲ့ပြီးတစ်ပြိုင်နက် နှစ်ဖက်ထိတွေ့ပစ်ခတ်မှုများဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

၎င်းက “ မနက်(၁၀)နာရီမှာ ကမမောင်းရောက်ခံနီး ဝါးဒူးရွာနားမှာ စစ်တပ်နဲ့ KNLA တပ်တွေ တိုက်ပွဲဖြစ်တယ်။ ဆွဲမောင်းတစ်လုံးကွဲပြီးတော့ သေနတ်သံဆက်တိုက်ကြားရတယ်။ ဆိုင်ကယ်နဲ့ကောင်မလေးတစ်ယောက် ကျည်ဆံထိသွားတယ်။ အစ်ကို ဒီနေ့ကားနဲ့ အဲ့ဒီဘက်ဆင်းသွားတယ်။ တိုက်ပွဲဖြစ်တဲ့နေရာကနေပဲ ဆိုင်ကယ် ရော၊ ကားရော ပြန်လှည့်လာရတယ်”ဟု ပြောသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုတွင် နှစ်ဖက်ထိခိုက်ကျဆုံးမှု အခြေအနေနှင့်ပတ်သက်ပြီး ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် သီးခြားအတည်မပြုနိုင်သေးသလို သက်ဆိုင်ရာအဖွဲ့အစည်းများဘက်မှလည်း တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း တွေ့ရသည်။

ယခုလပိုင်းအတွင်း ဖာပွန်−ကမမောင်းလမ်းပိုင်း အနီးအနားကျေးရွာများ အပေါ်သို့ စစ်ကောင်စီတပ်၏ ကင်းထောက်လေယာဉ်များက ပိုမိုပျံဝဲလျက် ရှိသောကြောင့် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်လာမည်ကို စိုးရိမ်နေကြရကြောင်း ဒေသခံရွာသားများက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ(၆)ရက်နေ့တွင်လည်း ဖာပွန်−ကမမောင်း လမ်းပိုင်းတစ်လျှောက်တွင် နယ်ခြားစောင့်တပ် (BGF)တပ်ဖွဲ့များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်မဟာ ၅ တို့အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့သေးသည်ဟု ဒေသခံများက ပြောသည်။

April 11, 2025
မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၁၀၀ အတွင်း ရစ်ခ်တာစကေး ၆ နှင့်အထက် လှုပ်ခတ်ခဲ့ဖူးတဲ့ မြေငလျင်ကြီး ၁၈...
April 11, 2025
တနင်္သာရီတိုင်း၊ ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းဧရိယာ၊ ဒေသတဝိုက်တွင် စစ်ကောင်စီက...
April 9, 2025
စစ်ကောင်စီက ဧပြီ ၂ ရက်မှ ၂၂ ရက်နေ့ထိ ယာယီ အပစ်ရပ်ထားမည်ဟု ပြောဆိုထားသော်လည်း ကော့ကရိတ်မြို့နယ်၊...
April 8, 2025
သံလွင်နဲ့ သောင်ရင်းမြစ်ဆုံရာ ကမ်းနံဘေး သဲသောင်ပြင်ပေါ် သဘာဝလရောင်အောက်မှာ ကလေးငယ် ၈ ဦးနဲ့...