Published
Friday, December 09, 2022
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကြောင့် ချင်းလူမျိုး ၃၅၀ ကျော်သေဆုံးဟု ICA ပြော
- မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ၂၂ လအတွင်း စစ်ကောင်စီကြောင့် ချင်းလူမျိုး ၃၅၀ ကျော်သေဆုံးခဲ့ရပြီး ချင်းပြည်နယ်အတွင်းက အိမ်ခြေ ၁,၅၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ချင်းရေးရာအဖွဲ့ချုပ်က ပြောပါတယ်။
- နိုဝင်ဘာလအတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်သားအယောက် ၅၀ ကျော်ကို ရှင်းလင်းသုတ်သင်နိုင်ခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦး(CNF)က ပြောဆိုပါတယ်။
- တမူးမြို့က အမျိုးသမီးတစ်ဦး အသတ်ခံရတဲ့ဖြစ်စဉ်ဟာ စစ်ဘက်ဆိုင်ရာကျင့်ဝတ်နဲ့သွေဖည်ပြီး ကျူးလွန်သူ ဘယ်သူမဆို အရေးယူမယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရက ပြောဆိုလိုက်ပါတယ်။