ဖားကန့်မြို့အဝင် တံတားထိပ်မှာ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေက ကားနှင့်ဆိုင်ကယ်များအား လိုင်စင်အကြောင်းပြ ဖမ်းဆီးနေပြီး ငွေကြေးတောင်းခံခြင်းများ ပြုလုပ်နေဟုဆို

ဖားကန့်မြို့အဝင် တံတားထိပ်မှာ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေက ကားနှင့်ဆိုင်ကယ်များအား လိုင်စင်အကြောင်းပြ ဖမ်းဆီးနေပြီး ငွေကြေးတောင်းခံခြင်းများ ပြုလုပ်နေဟုဆို

ကချင်ပြည်နယ်၊ ဖားကန့်မြို့အဝင်က ပန်းတင်တံတားထိပ်မှာ လမ်းသွား/လာပြည်သူတွေရဲ့ ဆိုင်ကယ်နဲ့ ကားတွေကို လိုင်စင်အကြောင်းပြ ဖမ်းဆီးတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ပန်းတင်တံတားဂိတ်မှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် (၁၀) ဦးလောက်က လက်နက်တွေကိုင်ဆောင်ပြီး ဒီကနေ့ မနက် (၉) နာရီအချိန်လောက်က  စစ်ဆေးဖမ်းဆီးနေတာဖြစ်တယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“ ကား Without ကို လိုင်စင်စစ်တယ်။ အပြောအဆို ကောင်းပြီးတော့မှ ကားလည်း စုတ်တယ်ဆိုရင်တော့ လွတ်ပေးတာပေါ့။ ကားကောင်းပြီးတော့မှ လောပန်းဘာညာ ပုံစံမျိုးပေါက်တယ်ဆိုရင်တော့ ပိုက်ဆံ ပေးရတယ်။” လို့ ဆိုပါတယ်။

အခုလို ဖမ်းဆီး စစ်ဆေးတာတွေကို လွန်ခဲ့တဲ့ သုံးရက်လောက်ကနေ ပြုလုပ်နေတာဖြစ်ပြီး မနေ့က တက်ရက်တည်းမှာတင် ကားနဲ့ ဆိုင်ကယ် အစီးရေ (၂၀) ထက်မနည်း သိမ်းဆည်းခဲ့တယ်လို့လည်း သိရပါတယ်။

ယာဉ်စည်းကမ်း လမ်းစည်းကမ်းကြောင့် ဖမ်းဆီး စစ်ဆေးနေတာ မဟုတ်ဘဲ ပိုက်ဆံရှာတဲ့ သဘောသာ ဖြစ်တယ်လို့ နောက်ထပ် လုံးခင်းဒေသခံတစ်ဦးက ဆိုပါတယ်။

“ဖမ်းတာက ကားတွေရော ဆိုင်ကယ်တွေရော ဖမ်းနေတာ။ ဖမ်းပြီးမှ ပြန်ရွေးခိုင်းတာတဲ့။ တချို့တွေကျတော့ ဖမ်းထားတယ်။ တချို့တွေကျတော့လည်း ချက်ချင်းပြန်ရွေးခိုင်းတယ်တဲ့။ တချို့ကားတွေ ကျတော့ ပြောတတ်တဲ့ ကားတွေ နေမှာပေါ့ဗျာ။ ချက်ချင်းပိုက်ဆံပေးပြီး သွားလို့ ရတယ်။ တချို့တွေကျတော့လည်း ပြီးမှ ပြန်လာရွေးရမယ် ဆိုတဲ့သဘောပေါ့။ အခုဟာက လုံးဝ ဖမ်းတာတော့ မဟုတ်ဘူး။ သိမ်းတဲ့အထိတော့ မဟုတ်ဘူး ပြန်ရွေးခိုင်းတာ။ ပိုက်ဆံလိုလို့ပါသူတို့။ ပိုက်ဆံရှာတဲ့ သဘောပေါ့။” လို့ဆိုပါတယ်။

ဖမ်းဆီးထားတဲ့ ဆိုင်ကယ်နဲ့ ကားတစ်ချို့ကို အဲဒီပန်းတင်တံတားအနီးက ဘုရားဝင်းထဲမှာ ထားရှိတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ လတွေကလည်း ဗန်းမော်နဲ့ မြစ်ကြီးနားမြို့မှာ ပြည်သူတွေရဲ့ ဆိုင်ကယ်နဲ့ ကားတွေကို စစ်ကောင်စီက လိုင်စင်အကြောင်းပြ ဖမ်းဆီးခဲ့ပြီး ပြန်လည် ရွေးယူခိုင်းတာမရှိဘဲ အပြီးအပိုင် သိမ်းဆည်းခဲ့ပါတယ်။

January 7, 2025
ဝေးလံခေါင်ဖျားတဲ့ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်ဒေသမှာ စက်သုံးဆီနဲ့ ကုန်ဈေးနှုန်းတွေ...
January 3, 2025
အခု ၂၀၂၅ ခုနှစ်အတွင်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်သလို အောင်မြင်မှုရတဲ့အထိ...
December 18, 2024
ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ PDF ပူးပေါင်းတပ်တွေကနေ စတင်လိုက်တဲ့ ထိုးစစ်ဆင်တိုက်ပွဲတွေအတွင်း...