သံတွဲမြို့နယ်မှ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၅၀ ခန့်ကို ULA/AA နှင့် ဆက်ပတ်သက်လျှင် ဖမ်းဆီးမည်ဟု ၅၆၆ တပ်ရင်းမှူး ခေါ်ယူခြိမ်းခြောက်

သံတွဲမြို့နယ်မှ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၅၀ ခန့်ကို ULA/AA နှင့် ဆက်ပတ်သက်လျှင် ဖမ်းဆီးမည်ဟု ၅၆၆ တပ်ရင်းမှူး ခေါ်ယူခြိမ်းခြောက်

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၇၀ ကျော်ရှိပြီး ထိုအထဲမှ ၅၀ ခန့်မှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) ပတ်သက်နေသည်ဟု စွပ်စွဲပြောဆိုကာ ဆက်လက်ပတ်သက်ပါက ဖမ်းဆီးအရေးယူသွားမည်ဟု ငပလီအခြေစိုက် (၅၆၆) တပ်ရင်းမှူးက  ခြိမ်းခြောက်ထားကြောင်း သိရသည်။

အမည်မဖော်လိုသူ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက " ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေကို အစည်းအဝေးခေါ်ပြီး သတိပေးတာရှိတယ်။ သံတွဲမြို့နယ်မှာ ရပ်ကျေး အုပ်ချုပ်ရေးမှူး (၇၂) ယောက်ရှိတယ်။ အဲ့ဒီ အထဲက ULA/AA နဲ့ ဆက်စပ်တဲ့ (၅၀) လောက်ရှိတယ်ပေါ့။ သူတို့ ဖမ်းဆီးထိန်းသိမ်းမယ်ပေါ့။ ထပ်ပြီးပတ်သက်တာမျိုးမလုပ်ဘဲ ရပ်တန့်က ရပ်ဖို့ ခြိမ်းခြောက် ပြောဆိုတယ်။ ငပလီအခြေစိုက် ခလရ(၅၆၆) တပ်ရင်းက တပ်ရင်းမှူးကနေ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေကိုသာမက မြို့နယ်အုပ်ချုပ်ရေးမှူးကိုလည်း ကြိမ်းမောင်းထားတယ်လို့ သိရတယ်"ဟု ပြောသည်။

နိုဝင်ဘာလ ပထမအပတ်တွင် ပြုလုပ်သည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးအစည်းအဝေးတွင် အမှတ် (၅၆၆)တပ်ရင်းမှူးမှ ယခုကဲ့သို့ ခြိမ်းခြောက်ပြောဆိုထားသဖြင့် အုပ်ချုပ်ရေးမှူးတိုင်းလိုလို သူတို့၏ လုံခြုံရေးကို စိုးရိမ်နေကြရသည်ဟု ဆိုသည်။

“ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကိုသာမက သံတွဲမြို့နယ်အုပ်ချုပ်ရေးမှူးကိုလည်း ခုလိုမျိုး ကြိမ်းမောင်းပြောဆိုထားတယ်လို့ သိရပါတယ်။ အခု ဒေသအတွင်း အဖမ်းအဆီးများနေတော့ လူတိုင်းလိုလို စိုးရိမ်နေကြရတယ်”  ၎င်းက ပြောသည်။

ယင်းအပြင် ငပလီအခြေစိုက် (၅၆၆) တပ်ရင်းက ULA/AA နှင့် ဆက်စပ်သံသယဖြင့် သံတွဲမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအထိ နေအိမ်များတို့ အတင်းအဓမ္မဝင်ရောက်မွှေနှောက် ရှာဖွေဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေကြာင်း ဒေသခံများကပြောသည်။

ယခုကဲ့သို့  သံတွဲမြို့နယ်တွင် အတင်းဖိအားပေးလုပ်ဆောင်နေခြင်းမှာ  ULA/AA အုပ်ချုပ်မှု အားနည်းသည့် ရခိုင်ပြည်၊  ဒွါရာဝတီဒေသကိုပါ ULA/AA ၏ စည်းရုံးရေး နယ်မြေထဲ ကျရောက်သွားမည်ကို စိုးရိမ်နေ၍ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သံတွဲမြို့ခံတစ်ဦးက ပြောသည်။

"ကျောက်ဖြူ၊ သံတွဲ၊ တောင်ကုတ်၊ ဂွကို အဓိက ULA/AA ဘက်မပါဖို့ အသည်းအသန်လုပ်နေတာ မြင်နေရတယ်။ အခုဆို ဒီဘက်တွေမှာ တစ်အိမ်တက်တစ်အိမ်ဆင်းမွှေတာတွေ၊ ဖမ်းတာတွေ ဆက်တိုက်ပါပဲ။ ဆိုင်ဆိုင်မဆိုင်ဆိုင်ကို ကျီးလန့်စာစားဘဝနဲ့ ပြည်သူတွေနေနေရပါတယ်"ဟု ပြောသည်။

လက်ရှိ ရခိုင်မှာ နေ့စဉ်ဆိုသလို ဒေသခံပြည်သူများအား စစ်ကောင်စီတပ်က AA ဆက်စပ်သံသယနှင့် ဖမ်းဆီးမှုများရှိနေပြီး  သံတွဲ၊ တောင်ကုတ်၊ အမ်း၊ မအီ၊ ကျောက်ဖြူတို့တွင်  ဖမ်းဆီးခံရသူ အနည်းဆုံး ရာဂဏန်းထိ ရှိနေပြီဟု သိရှိရသည်။

Most read this week

January 13, 2025
တောင်ကုတ်မြို့ကို အာရက္ခတပ်တော်က သိမ်းပိုက်ထားသည်မှာ တစ်လနီးပါးကြာမြင့်ခဲ့သော်လည်း...
January 8, 2025
စစ်ရေးတင်းမာလာနေသည့် ကျောက်ဖြူတွင် မြို့ပေါ်နေသူ ပြည်သူ ထက်ဝက်ခန့်မှာ စစ်ရှောင်သွားကြပြီး...
January 7, 2025
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ပဒါန်းမြို့ကို စစ်ကောင်စီမှ ဝင်ခွင့်ပိတ်လိုက်၍ အမ်း -...
လက်ရှိ စစ်ဘေးရှောင်စခန်းများတွင် အရေပြားရောဂါဖြစ်ပွားနေသူများအား တွေ့ရစဥ်။
January 6, 2025
ရခိုင်ပြည်မှ နေရာအတော်များများတွင် သောက်သုံးရေ မသန့်ရှင်းမှု၊ နေရာထိုင်ခင်း အဆင်မပြေမှု၊ ဆေးဝါး...