EAO ညီလာခံ တစ်ခု စီစဉ်နေသည်ဟု PPST ပြော

EAO ညီလာခံ တစ်ခု စီစဉ်နေသည်ဟု PPST ပြော

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးပါဝင်သည့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတစ်ခုကို ယခုနှစ် မကုန်ခင် ပြုလုပ်နိုင်ရန် ကြိုးပမ်းနေသည်ဟု အပစ်ရပ် အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST က ပြောသည်။

နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲကို အပစ်ရပ် အဖွဲ့များသာမက အပစ်မရပ်ထားသည့် အဖွဲ့များ အားလုံး ပါဝင်နိုင်သည့် အခင်းအကျင်းတစ်ခုဖြစ်အောင် ကြိုးပမ်းလုပ်ဆောင်သွားမည်ဟု PPST ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စော ကျော်ညွန့်က ပြောသည်။

“ဒီတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ကြားမှာပေါ့လေ NCA ထိုးသည်ဖြစ်စေ NCA မထိုးသည် ဖြစ် စေ NCCT တုန်းကလိုမျိုး အတူတကွ ပူးပေါင်းညှိနှိုင်း အစည်းအဝေးထိုင်နိုင်တဲ့ အခင်းအကျင်းတွေလည်း မလုပ် နိုင်တာ ကြာပြီဆိုတော့ PPST အနေနဲ့ကတော့ ဒီ ၂၀၂၂ မကုန်ခင်အထိပေါ့လေ အဲလိုမျိုး တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့အစည်းများအားလုံး ပါဝင်တဲ့ Seminar တစ်ခုလုပ်ဖို့ ဆိုတာကိုတော့ အဲလိုမျိုး သဘောထား ရှိ တယ်။ အဲဒါကလည်းပဲ ခုနက ကျနော်ပြောသလိုပဲလေ ဒီကိစ္စရပ်နဲ့ ပတ်သက်ပြီးတော့ ဒါ PPST ကနေပြီးတော့ သဘော ထား ရှိတယ်ဆိုတဲ့ ထုတ်ဖော်ပြောဆိုမှု တစ်ခုပဲရှိပါသေးတယ်။ အသေးစိတ် အစီအစဉ်တွေ ဘာတွေ ကတော့လည်း ကျယ်ကျယ်ပြန့်ပြန့်လည်း ညှိနှိုင်းဆွေးနွေးမှုလည်း လိုအပ်မယ်လို့ ထင်ပါတယ်။ ကြိုးပမ်း ဆောင်ရွက်နေတဲ့ အဆင့်မှာပဲ ရှိသေးတယ်လို့ ပြောလို့ရပါတယ်ခင်ဗျာ။”

ပအိုဝ်းတိုင်းရင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာ ကလည်း “ကျနော်တို့ သတ်မှတ်တာတော့ ဒီနှစ်အတွင်းမှာ ကျနော်တို့ခေါ်ဖို့ အခုကျနော်တို့ အားလုံးညှိနှိုင်းနေတယ်။ ပါဝင်တက်ရောက်မယ့် မြောက်ပိုင်း အဖွဲ့တွေ တောင်ပိုင်းအဖွဲ့တွေ အလယ်ပိုင်းအဖွဲ့တွေ အဲဒါတွေ အားလုံးညှိနှိုင်းနေတော့ အဆင်ပြေတာနဲ့ ကျနော် တို့ အလုပ်ဖြစ်မှာပါ။ အားလုံး ဘက်စုံစီစဉ်ပြီးရင်တော့ ကျနော်တို့လုပ်မှာပါ” ဟု ပြောသည်။

သို့သော် ဆွေးနွေးပွဲ ပြုလုပ်မည့် နေ့ရက်၊ အချိန်နှင့် ဆွေးနွေးမည့် အကြောင်းအရာများကို သက်ဆိုင်ရာတိုင်း ရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းပြီးမှသာ သတ်မှတ်သွားမည်ဟု ဆိုသည်။

ဗိုလ်မှူးကြီး စောကျော်ညွန့်က “ဘယ်အဖွဲ့တွေကို ဖိတ်မယ် ဆိုတာကတော့ လောလောဆယ်ကတော့ တစ်စုံတစ်ရာ ကတော့ သတ်မှတ်ချက်တော့ မရှိသေးဘူးလေ။ ဘာအစီအစဉ်တွေ ပါဝင်မယ်။ ဘာအကြောင်းအရာတွေ ဆွေး နွေးမလဲဆိုတာက PPST ဖက်က တစ်ဖွဲ့တည်းပြောတာထက်ပေါ့လေ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များ အားလုံးရဲ့ တန်းတူ joint ownership ကို ဖော်ဆောင်တဲ့ အနေနဲ့ ခုနကပြောတဲ့ ဒီလုပ်မယ့် နေ့ရက်တွေရော အစီအစဉ်တွေရော နောက်ခုနက နေရာထိုင်ခင်းတွေကအစ အကုန်လုံးကတော့ အကုန်လုံး ညှိနှိုင်းဆွေးနွေးပြီး မှပဲ ဒါအားလုံး လက်ခံနိုင်တဲ့ အခင်းအကျင်း တစ်ခုအပေါ်မှာတော့ ဆက်လက် ဆောင်ရွက်သွားဖို့ အာသီသရှိတယ် ဆိုတာကိုတော့ အဲ့လိုပဲ ဖြစ်သွားမယ် ထင်ပါတယ်” ဟု ပြောသည်။

အခြားတစ်ဖက်တွင်လည်း NCA အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း တစ်ခုဖြစ်သည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS က ယုံကြည်မှု တည်ဆောက် နိုင်ရန် အတွက် ပြည်ထောင်စု အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးလိုသည်ဟု အောက်တိုဘာလ ၁၀ ရက်နေ့က ကြေညာချက်ထုတ်ပြန် ပြောဆိုထားသည်။

RCSS ၏ တွေ့ဆုံဆွေးနွေးရေး ဖိတ်ခေါ်ကမ်းလှမ်းမှုသည် အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦး ဆောင်အဖွဲ့ PPST က ပြုလုပ်မည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး ပါဝင်သည့် တွေ့ဆုံ ဆွေးနွေးပွဲနှင့် တူသည်ဟု ပအိုဝ်းတိုင်းရင်းသား ခေါင်းဆောင် ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောသည်။

၎င်းက “ကျွန်နော်တို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ကလည်း Ethnic Seminar တစ်ခုခေါ်ယူဖို့ ရှိတာ ဆိုတော့ အဲဒါနဲ့ Idea တစ်ထပ်တည်းကျပါတယ်။ RCSS က ခေါ်တာလည်းပဲ Idea တူပါတယ်။ နိုင်ငံရေး အသွား အလာ အခင်းအကျင်း နိုင်ငံရေး မိုးလေဝသအားလုံး ကျနော်တို့ တီးခေါက်နေတယ်။ ဒါကြောင့် ကျနော်တို့ ဒီလို တီးခေါက်တဲ့ အချိန်မှာပဲ RCSS ကလည်း အလားတူ ဖိတ်ခေါ်ကမ်းလှမ်းတဲ့ စာမျိုးထွက်တယ်ဆိုတော့ ဒါက တ ထပ်တည်းကျပါတယ်။ ကျနော်တို့ အိုင်ဒီယာ တထပ်တည်း ကျပါတယ်” ဟု ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းရေးအတွက် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများမှာ ရပ်တန့်သွား သကဲ့ သို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြားတွင်လည်း အမြင်မတူမှုများကြောင့် တွေ့ဆုံဆွေးနွေး မှုများမှာ ရပ်တန့်နေခဲ့သည်။

ထိုသို့ ရပ်တန့်နေခဲ့သည့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများကို ပြန်လည်စတင်နိုင်ရန်အတွက် NCA အပစ်ရပ် အဖွဲ့ များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အား လုံးပါဝင်သည့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ တစ်ခုကို ယခုနှစ် မကုန်ခင် လုပ်ဆောင်နိုင်ရန် ကြိုးပမ်းလာခြင်း ဖြစ် သည်။

Most read this week

January 15, 2025
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် အမျိုးသမီးများအား...
မောတောင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)
January 14, 2025
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်သည့်...
January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...
January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...