ဒေါ်အောင်ဆန်းစုကြည်နေထိုင်သည့် ခြံအမှတ် (၅၄) အား အမျိုးသားအဆင့် ယဉ်ကျေးမှု အမွေအနှစ်အဆောက်အအုံအဖြစ် NUG သတ်မှတ်

ဒေါ်အောင်ဆန်းစုကြည်နေထိုင်သည့် ခြံအမှတ် (၅၄) အား အမျိုးသားအဆင့် ယဉ်ကျေးမှု အမွေအနှစ်အဆောက်အအုံအဖြစ် NUG သတ်မှတ်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နေထိုင်သည့် ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် (၅၄-၅၆) အား ကြားကာလ၏ အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ယာယီသမ္မတဒူဝါလရှီးလက ယနေ့ စက်တင်ဘာ၂ ရက်နေ့ ရက်စွဲဖြင့် လက်မှတ်ရေးထိုး ထုတ်ပြန်ကြေညာသည်။

ယာယီသမ္မတဒူဝါလရှီးလ က တက္ကသိုလ်ရိပ်သာ လမ်းပေါ်တွင် တည်ရှိသည့် ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရာ ခြံအမှတ် (၅၄-၅၆) ခြံဝန်းဧရိယာ (၁.၉၂၃) ဧကနှင့် ယင်းမြေဧရိယာ (၁.၉၂၃) ဧက ပေါ်တွင်ရှိသော ရွေ့ပြောင်း၍ မရသည့် အဆောက်အအုံ အားလုံးကို ကြားကာလ၏ အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထားသော အဆိုပါမြေနှင့် အဆောက်အအုံနေရာအား မည်သူမဆို ပိုင်ဆိုင်ခြင်း၊ ပိုင်ဆိုင်ရန် ကြိုးစားခြင်း၊ ရောင်းချခြင်း၊ ရောင်းချရန်ကြိုးစားခြင်း၊ ဖျက်ဆီးခြင်း၊ ဖျက်ဆီးရန် ကြိုးစားခြင်း၊ ပုံစံပြောင်းခြင်း၊ ပြင်ဆင်ခြင်း၊ အခြားနည်းအသုံးချခြင်းများအား တင်းကျပ်စွာ တားမြစ်ထားသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၆၅) ၏ အတည်ပြုချက်အရ အမွေအနှစ်ဆိုင်ရာ ကြားကာလစီ မံအုပ်ချုပ်မှုဗဟိုအဖွဲ့မှ ထုတ်ပြန်ထားသည့် ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ စံနှုန်း သတ်မှတ်ချက် အမှတ်စဉ် (၅) ၊ ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ (၂၀၁၉) ပါ၊ ဥပဒေပုဒ်မ၂ (က) ၊ (ခ) တို့နှင့်အညီ ထိုသို့ သတ်မှတ်ခြင်းဖြစ်ကြောင်း သမ္မတ၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် အပိုဒ်-၂ ပါ တားမြစ်ချက်များအပေါ် ဖောက်ဖျက်ကျူးလွန်ပါက ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးဥပဒေ (၂၀၁၉) ၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများ လွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေ (၁၉၈၇) တို့အပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတို့နှင့်အညီ အရေးယူ ဆောင်ရွက်သွားမည့်အပြင် အဆိုပါ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းအား အမည်မည်းစာရင်း (Black List) ထည့်သွင်းသွားမည်ဟု ဆိုသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့သည့် အဆိုပါ ခြံအမှတ် (၅၄) နှင့်ပတ်သက်၍ ပြီးခဲ့သည့် သြဂုတ်လအတွင်းက ဒေါ်အောင်ဆန်းစုကြည်၏ အကိုဖြစ်သူ ဦးအောင်ဆန်းဦးက အမွေဆိုင်ခွဲဝေမှုအပေါ် နောက်ဆုံး အထူးအယူခံကို တင်သွင်းခဲ့သည်။ ဦးအောင်ဆန်းဦးတင်သွင်းခဲ့သည့် နောက်ဆုံးအထူး အယူခံကို စစ်ကောင်စီ၏ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက လက်ခံ၍ ဦးအောင် ဆန်းဦး၏ တောင်းဆိုချက်အတိုင်း အနိုင်ပေးခဲ့သည်။

ဦးအောင်ဆန်းဦး၏ တောင်းဆိုချက်မှာ အမျိုးသားအဆင့် ယဉ်ကျေးမှု အမွေအနှစ် အဆောက်အအုံအဖြစ် သတ်မှတ်ခဲ့သည့် ခြံအမှတ် (၅၄) အား လေလံတင်ရောင်းချ၍ ရရှိသည့်ငွေအား ဒေါ်အောင်ဆန်းစုကြည်နှင့် တစ်ဝက်စီခွဲယူရန် ဖြစ်သည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ် ။ ။ သန့်ဇော်(သန်လျင်)

ဖာပွန်မြို့သိမ်းတိုက်ပွဲကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံအချို့ (ဓါတ်ပုံ- KNU- Mutraw News) (ပုံဟောင်းဖြစ်ပါသည်)
November 27, 2024
ကရင်ပြည်နယ်၊ ဖာပွန်-ကမမောင်းလမ်းတလျှောက် စစ်ကောင်စီကစစ်ကြောင်းထိုးနေ၍ တိုက်ပွဲများ...
၂၀၂၁ ခုနှစ်အတွင်း RCSS နှင့် SSPP အဖွဲ့ နှစ်ဖွဲ့ ပူးပေါင်းရန် ရှမ်းပြည်လူငယ်များ ဆန္ဒပြပုံ။
November 27, 2024
ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ဖြစ်သည့် SSPPနှင့် RCSS သည် ရှမ်းပြည်နယ် အရှေ့ပိုင်း၊...
“ဝ” မြို့တော် ပန်ဆန်း၌ ၂၀၁၉ ခုနှစ်က ပြုလုပ်သည့် စစ်ရေးပြအခမ်းအနားတွင် တွေ့ရသည့် UWSA “ဝ” တပ်ဖွဲ့ဝင်များ  (ဓာတ်ပုံ- AFP)
November 26, 2024
“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ တပ်စခန်း ကိုးခုကို ဖယ်ရှားရန် ထိုင်းဘက်က...
ကရင်နီပြည်ရဲမှ ကျန်းမာရေးဝန်ဆောင်မှုပေးနေစဉ် (ပုံဟောင်း)
November 25, 2024
ကရင်နီဒေသအတွင်းရှိ ကိုယ်ဝန်ဆောင် ၃,၀၀၀ ဝန်းကျင်ခန့်သည် မီးဖွားနိုင်မှုအခက်အခဲနှင့်...