စစ်ကောင်စီတပ်သား ရုပ်အလောင်း ခြံထဲမှာမထားလို

စစ်ကောင်စီတပ်သား ရုပ်အလောင်း ခြံထဲမှာမထားလို

ကရင်နီပြည်နယ်၊ ဒေါညေးခူ ရွာထဲသို့ နှစ်ဖက်တိုက်ပွဲများ ငြိမ်သက်သွားချိန် မြေကော်ကားတစ်စီးဝင်လာသည်။ တအိအိနှင့် မောင်းနှင်လာသည့် ထိုကားကြီး ဒေသခံများ ညွှန်ပြရာ နေရာသို့ရောက်ရှိခဲ့ပြီ ဖြစ်သည်။

ထိုနေရာတွင် ယင်ကောင်များ တဝီဝီပျံနေသည့် မြေကျင်းတစ်ခုအား ပထမဆုံး တွေ့လိုက်ရသည်။

ပြင်းထန်စွာထွက်လာသည့် အပုတ်နံ့ကြောင့် ရဲဘော်တချို့ နှာခေါင်းကို အင်္ကျီနှင့်အုပ်ထားကြရသည်။ ခြံဝင်းတစ်ခုအတွင်းရှိ ဗုံးခိုကျင်းထဲ ပစ်ချထားခဲ့သည့် စစ်ကောင်စီတပ်သား တစ်ဦး၏ ရုပ်အလောင်းမှ အပုတ်နံ့ထွက်နေခြင်း ဖြစ်သည်။

ထို့နောက် အဝါရောင်မြေကော်ကားကြီးမှ ထိုမြေကျင်းတစ်ခုထဲက ရုပ်အလောင်းကို ကော်ထုတ်လိုက်သည်။ ထိုသို့ လုပ်ဆောင်ပေးနေသည်မှာ ကရင်နီပြည်နယ်က ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ ဖြစ်သည်။

အကြောင်းမှာ စစ်ကောင်စီတပ်သား ရုပ်အလောင်းအား ၎င်းတို့်နေအိမ်ခြံထဲ မထားလိုကြောင်းဒေသခံများက အကူအညီတောင်းသည့်အတွက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ရှင်းလင်းပေးနေခြင်း ဖြစ်သည်။

“ဒေသခံတွေကပြောတာရှိတယ် ။ နောက်ကျွန်တော်တို့ ကယား(ကရင်နီ)ပဲဖြစ်ဖြစ် ကယန်းပဲ ဖြစ်ဖြစ် အစိမ်းသေတဲ့သူဆို ခြံထဲမှာမထားချင်ဘူးလေ ။ နောက်တစ်ပိုင်းက သူတို့ စစ်ခွေးအလောင်းဆိုတော့ သိတဲ့အတိုင်းမဟုတ်လား အင်္ကျီတစ်စတောင်မထားချင်တာ ၊ ဒါကြောင့်ဒေသခံတွေက အကူအညီတောင်းလို့ ကျွန်တောတို့ လုပ်ပေးဖြစ်တာ” ဟု ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် (တပ်ရင်း ၁ )မှ ရဲဘော်တစ်ဦးကပြောပြသည်။

ထိုရဲဘော်မှ ပေးပို့လာသည့် ရုပ်သံဖိုင်တွင်လည်း ဗုံးခိုကျင်းတစ်ခုထဲ မြှုပ်ထားသည့် ရုပ်အလောင်းတစ်ခု မြေကော်စက်အတွင်း ပါလာသည်ကို တွေ့ရသည်။  ထို့နောက် တာလပတ်စတစ်ခုအပေါ် ရုပ်အလောင်းကို တင်ကာ ရွာနှင့်ဝေးရာတွင် မီးရှို့လိုက်သည်ဟု ဆိုသည်။

 ရုပ်သံတွင်တွေ့ရသည့်ရုပ်အလောင်းတစ်ခုသာမက တိုက်ပွဲရက်များတွင် သေဆုံးသည့်တပ်သားများအား ဆွဲကာ စစ်ကောင်စီတပ်များထွက်ပြေးကြသည်များရှိသကဲ့သို့ ရွာအပြင်တွင် ကျန်နေခဲ့သည့် အလောင်းများလည်း ရှိသည်ဟုသိရသည်။

အင်အား ၁၀၀ နီးပါး ပါသည့် စစ်ကောင်စီတပ်သည် ဇွန်လ ၁၂ ရက်နေ့မှ စတင်ကာ ထီးပေါဆို ကျေးရွာနှင့် ဒေါညေးခူ ကျေးရွာအနီးသို့ ရောက်ရှိလာပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် ညလုံးပေါက် တိုက်ပွဲပြင်းထန်ကာ ဇွန်လ ၁၃ ရက်နေ့အထိ သေနတ်သံ မစဲခဲ့ပေ။

ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ အထိနာခဲ့ပြီး ၁၀ ယောက်ထက်မနည်း သေဆုံးနိုင်ကြောင်း ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်မှ ထုတ်ပြန်ထားသည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ မောင်းပြန်သေနတ် ခြောက်လက်နှင့်အတူ စစ်အသုံးအဆောင်ပစ္စည်းများအား ကာကွယ်ရေးတပ်ဖွဲ့များက သိမ်းဆည်းနိုင်ခဲ့သည်။

ထိုသို့ အထိနာသည့်စစ်ကောင်စီတပ်သည်  ဒေသခံနေအိမ်များရှိရာသို့ လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ် တိုက်ခိုက်ခဲ့သည့်အတွက် နေအိမ်တစ်လုံးပျက်စီးကာ ကလေးငယ်တစ််ဦးနှင့် အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

ထိုသို့အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ရင်း ဇွန်လ ၁၆ ရက်နေ့တွင် ဒေါညေးခူကျေးရွာဒေသအား ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ ထိန်းချုပ်နိုင်ခဲ့သည်။

အဆိုပါတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO-Local PDF)၊  KA ၊ KNDF၊လွိုင်ကော် (PDF)နှင့် အခြားသောတော်လှန်ရေးအင်အားစုတပ်ဖွဲ့တို့မှ  ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ထို့တိုက်ပွဲများအတွင်း ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆိုမှ ရဲဘော်မောင်ဒေးဗစ်သည် စစ်ကောင်စီတပ်ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းနင်းမိကာ ညာခြေတစ်ဖက် ဖြတ်လိုက်ရသည်။

အကြမ်းဖက်စစ်ကောင်စီဘက်မှ ၎င်းတို့ အခြေချသွားလာသည့်နေရာများတွင် မြေမြုပ်မိုင်းများ ထောင်ထားလေ့ရှိသောကြောင့်မိဘပြည်သူများအနေဖြင့် လုံးဝသွားလာခြင်း မပြုလုပ်ရန်အတွက် ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်မှ သတိပေးထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် ဒေါညေးခူရွာအတွင်း ရှိနေစဉ် နေအိမ် ၁၀ လုံးကျော်နှင့် ကက်သလစ်ခရစ်ယာန်ဘုရားကျောင်းအား မီးရှို့ဖျက်ဆီးခဲ့သည်ကိုလည်း တွေ့ရသည်။

ကာကွယ်ရေးတပ်ဖွဲ့များမှ မှတ်တမ်းတင်ထားသည့် ရုပ်သံဖိုင်တွင်လည်း အုတ်နံရံအချို့သာကျန်တော့ပြီး ပြာပုံအတိဖြစ်နေသည့် ဘုရားကျောင်းအား စိတ်မချမ်းမြေ့ဖွယ်ရာ မြင်တွေ့ရသည်။

Most read this week

November 28, 2024
စစ်အာဏာရှင်အစိုးရများသတ်မှတ်ခဲ့သည့် ကချင်အထူးဒေသ(၁)သတ်မှတ်ချက်ကို ဖျက်သိမ်းပြီး ဌာ‌...
ဖာပွန်မြို့သိမ်းတိုက်ပွဲကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံအချို့ (ဓါတ်ပုံ- KNU- Mutraw News) (ပုံဟောင်းဖြစ်ပါသည်)
November 27, 2024
ကရင်ပြည်နယ်၊ ဖာပွန်-ကမမောင်းလမ်းတလျှောက် စစ်ကောင်စီကစစ်ကြောင်းထိုးနေ၍ တိုက်ပွဲများ...
၂၀၂၁ ခုနှစ်အတွင်း RCSS နှင့် SSPP အဖွဲ့ နှစ်ဖွဲ့ ပူးပေါင်းရန် ရှမ်းပြည်လူငယ်များ ဆန္ဒပြပုံ။
November 27, 2024
ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ဖြစ်သည့် SSPPနှင့် RCSS သည် ရှမ်းပြည်နယ် အရှေ့ပိုင်း၊...
“ဝ” မြို့တော် ပန်ဆန်း၌ ၂၀၁၉ ခုနှစ်က ပြုလုပ်သည့် စစ်ရေးပြအခမ်းအနားတွင် တွေ့ရသည့် UWSA “ဝ” တပ်ဖွဲ့ဝင်များ  (ဓာတ်ပုံ- AFP)
November 26, 2024
“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ တပ်စခန်း ကိုးခုကို ဖယ်ရှားရန် ထိုင်းဘက်က...