ယောကျာ်းကို မတွေ့သဖြင့် ဇနီးဖြစ်သူကို ဖမ်းဆီးခေါ်ဆောင်

ယောကျာ်းကို မတွေ့သဖြင့် ဇနီးဖြစ်သူကို ဖမ်းဆီးခေါ်ဆောင်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ တစ်ဘက်ကမ်းတွင် စစ်ကောင်စီက အမျိုးသား တစ်ဦးကို လာရောက်ဖမ်းဆီးရာ မတွေ့သဖြင့် ဇနီးဖြစ်သူကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

အမှတ် ၉ ရပ်ကွက်၊ ရေကျော်ကျောင်းလမ်းတွင် နေထိုင်သူ အသက် ၃၄ နှစ် အရွယ် ကိုဇော်မင်းနိုင် ကို မတွေ့သဖြင့် နေအိမ်၌ရှိနေသည့် အသက် ၃၂ နှစ် အရွယ် ဇနီးဖြစ်သူ မယုဇနကိုကို အား ဖမ်းဆီးသွားခြင်း ဖြစ်သည်။

"PDF နဲ့ ပတ်သက်လို့ဆိုပြီး ယောက်ကျားကို လာဖမ်းတာ မတွေ့လို့ မယားကို ဖမ်းသွားတယ်။ ကလေးမ အတွက် မိသားစုက စိတ်ပူနေတယ်" ဟု မိသားစုနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

ဒီဇင်ဘာလ ၄ ရက်နေ့က ဖမ်းဆီးခံရလိုက်ပြီး (ယနေ့) ဒီဇင်ဘာလ ၆ ရက်နေ့ အထိ ပြန်မလွတ်လာသေးဟု ဒေသ ခံများက ပြောသည်။

မယုဇနကိုကို ကို ဖမ်းဆီးသွားချိန် နေအိမ်တွင် အသက် ၄ နှစ်အရွယ် သားတစ်ဦး တည်း ကျန်ခဲ့သည်ဟု မိသားစုနှင့်နီးစပ်သူများက ပြောသည်။

ဦးဆောင်လာသူ စစ်ဗိုလ်က ကိုဇော်မင်းနိုင် နှင့် မယုဇနကိုကို သည် အတူနေ လင်မယားဖြစ်၍ ယောက်ကျား ဖြစ်သူ၏ လုပ်ဆောင်ချက်များကို မိန်းမဖြစ်သူက သိရှိရမည်ဟု ပြောဆိုကာ ဖမ်းသွားသည်ဟု အမှတ် ၉ ရပ် ကွက် အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦး က ပြောသည်။

ကိုဇော်မင်းနိုင် နှင့် မယုဇနကိုကို တို့သည် နေအိမ်တွင် အိမ်သုံးဆေးရောင်းသည့် စတိုးဆိုင်ဖွင့်လှစ်ထားပြီး ၄ နှစ်ရွယ် ကလေးတစ်ဦးကျန်ရစ်ခဲ့၍ ကလေးကို ၎င်းတို့၏ မိဘများက စောင့်ရှောက်ထားရသည်ဟု လမ်းအတွင်း နေထိုင်သူများက ဆိုသည်။

ပြစ်မှု အကြောင်းအရာ နှင့် ပတ်သက်၍ သံသယရှိသူ သို့မဟုတ် တရားခံ "ဦးအေ"ကို ဖမ်းရန် မမိသဖြင့် အခြားသူတစ်ဦး "ဦးဘီ" အား ဖမ်းဆီးခြင်းမှာ ဥပဒေနှင့် မညီညွတ်ဟု ဧရာဝတီတိုင်း ဥပဒေ အထောက် အကူပြု အဖွဲ့ဝင် တစ်ဦးက ထောက်ပြ ပြောဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက ပုသိမ်မြို့၊ အမှတ် ၇ ရပ်ကွက်မှ အမျိုးသားတစ်ဦးကို စစ်ကောင်စီ က ဖမ်းဆီး ရာ အိမ်တွင် မရှိသဖြင့် ညီဖြစ်သူကို ဖမ်းသွားပြီးနောက် ၁၅ ရက်ခန့် အကြာတွင် ပြန်လွှတ်ပေးခဲ့သည့် ဖြစ်စဉ် တစ်ခုလည်း ရှိခဲ့သည်။

Most read this week

October 31, 2024
ကရင်နီပြည်တွင် ကယန်းအမျိုးသား တပ်မတော် (KNA) ကို ဖွဲ့စည်းထူထောင်လိုက်သည်။ ကယန်းအမျိုးသား...
October 30, 2024
စစ်အာဏာသိမ်း ကာလအတွ်း ထောင်တွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကြောင့် နိုင်ငံရေးအကျဉ်းသား...
October 28, 2024
မိုးကုတ်မြို့ရှိ တစ်ပိုင်တစ်နိုင် ကျောက်မျက်တွင်းများကို တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး...
October 28, 2024
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ နန်းတောင်းနှင့် သစ်ပင်ကောက်ကျေးရွာကို ပြီးခဲ့သည့်...