အာဏာသိမ်းကာလအတွင်း အနည်းဆုံး နိုင်ကျဉ်း ၃၂ ဦး ကျဆုံး

အာဏာသိမ်းကာလအတွင်း အနည်းဆုံး နိုင်ကျဉ်း ၃၂ ဦး ကျဆုံး

စစ်အာဏာသိမ်း ကာလအတွ်း ထောင်တွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကြောင့် နိုင်ငံရေးအကျဉ်းသား အနည်းဆုံး (၃၂) ဦး ကျဆုံးခဲ့သည်ဟု နိုင်ငံရေး အကျဉ်းသားများ ကွန်ယက် (PPNM) က ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် အကျဉ်းထောင်များတွင် ထောင်တွင်း ကျန်းမာရေး စောင့်ရှောက်မှု လုံလောက်စွာ မရရှိခြင်းကြောင့် နိုင်ငံရေး အကျဉ်းသားများ ကျဆုံးရခြင်းဖြစ်သည်ဟု နိုင်ငံရေး အကျဉ်းသား များ ကွန်ယက် (PPNM) ပြောရေးဆိုခွင့်ရှိသူ ကိုသိုက်ထွန်းဦး က ပြောသည်။

“ကျနော်တို့ အဖွဲ့ အစည်းအနေနဲ့တော့ လက်ရှိ ဒီ ၂၀၂၃ ခုနစ်ကနေ စပြီးတော့မှ ထောင်တွင်း သေဆုံးမှုတွေ ဖြစ်တဲ့ ညင်းပန်းနှိပ်စက်မှုကြောင့် သေဆုံးတဲ့ အရေအတွက်ရယ် ထောင်တွင်းဆေးဝါး စောင့်ရှောက်မှု လုံ လောက်စွာ မရရှိလို့ ကျဆုံးကြတဲ့ အရေအတွက်ရယ်ပေါ့နော။ ဒါတွေကိုတော့ မှတ်တမ်းကောက်ယူ နေတာ ရှိပါတယ်။ လက်ရှိ ၂၀၂၃ ခုနစ် ကနေ စတင် ကောက်ယူတာဖြစ်တဲ့ အတွက် ကျနော်တို့ ကောက်ယူထားတဲ့ စာရင်းတွေ အရတော့ ၂၀၂၃ ခုနှစ် ကနေ ၂၀၂၄ အောက်တိုဘာ အထိ စုစုပေါင်း ကျဆုံးခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသား အရေအတွက်က အနည်းဆုံး (၃၂) ဦး ရှိပါတယ်။”

ထောင်တွင်း နိုင်ငံရေး အကျဉ်းသားများ သေဆုံးမှု စာရင်းကို ၂၀၂၃ ခုနှစ်မှ စတင်ကောက်ယူခဲ့ပြီး ယခုစာရင်း သည် ၂၀၂၃ ခုနှစ်မှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ အထိသာ ဖြစ်သည်ဟု PPNM  က ဆိုသည်။

အောက်တိုဘာလ (၁၇) ရက်နေ့က ထားဝယ် အကျဉ်းထောင်တွင် မတရားဖမ်းဆီးခြင်း ခံထားရသည့် နိုင်ငံရေး အကျဉ်းသားတစ်ဦးလည်း ဆေးဝါးကုသမှု လုံလောက်စွာ မရရှိသောကြောင့် ထားဝယ်ဆေးရုံ၌ ကျဆုံးခဲ့သည်ဟု PPNM က ပြောသည်။

ကိုသိုက်ထွန်းဦး က “ရရှိထားတဲ့ ကျနော်တို့ အချက်အလက်တွေ အရ ထားဝယ်အကျဉ်းထောင်မှာ ဖမ်းဆီးခံ ထားရတဲ့ သူက အသက်အရွယ်အားဖြင့်လည်း ကြီးမြင့်ပြီပေါ့။ အဲ့တော့ အသက် ၆၀ ကျော် အရွယ်မှာ ထောင် တွင်း နေထိုင်ရင်းနဲ့ ဒီ လေဖြတ်တဲ့ ဝေဒနာ ခံစားရတယ်။ အဲ့ဒီလေဖြတ်တဲ့ အခြေအနေမျိုးမှာ ကျနော်တို့ ထောင်တွင်း ဆရာဝန် မရှိဘူး။ ထောင်ဆေးရုံ မရှိတဲ့ အတွက် ပြင်ပဆေးရုံကို ပို့ဆောင်ကုသဖို့ ခံယူနေရစဉ် အတွင်းမှာ ဒါ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဘာရောဂါကြောင့်မို့ ကျဆုံးတယ် ဆိုတာ အတိအ ကျ ကျနော်တို့ ရရှိထားတာမျိုး မရှိပေမယ့် ကျနော်တို့ ဒါလေဖြတ်ဝေဒနာကို ရောဂါ ခံစားနေရစဉ်မှာ ဆေးဝါး ကုသမှုခံယူ နေစဉ် သေဆုံ သွားတယ်လို့ ပြောလို့ရတယ်” ဟု ပြောသည်။

နိုင်ငံရေး အကျဉ်းသားများသည် ထောင်တွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရရှိသည့်အပြင် သောက် သုံးရေနှင့် ချိုးရေ လုံလောက်စွာ မရရှိခြင်းတို့ကြောင့် ယားနာရောဂါများကိုလည်း ခံစားနေကြရသည်ဟု PPNM က ပြောသည်။

အကျဉ်းထောင်များတွင် စစ်ကောက်စီ၏ လူ့အခွင့်အရေး ချိုးဖောက်မှု အခြအနေကို ကိုသိုက်ထွန်းဦးက ယခု ကဲ့သို့ ပြောသည်။

“နိုင်ငံရေးအကျဉ်းသားကို ခွဲခြားဆက်ဆံမှု ပြီးရင် အခြေခံကျ ပေးရမယ့် စားသောက်ရေးနဲ့ နေထိုင်ရေး အပြည့်အဝ မရရှိတာလည်း ဒါ အကျဉ်းသား အခွင့်အရေး ချိုးဖောက်မှန်း မသိဘဲနဲ့ကိုမှ ချိုးဖောက်ခံနေရတဲ့ အခြေအနေလို့ ပြောလို့ရပါတယ်။ အကျဉ်းထောင်ကို ဖမ်းဆီးခံရပြီဆိုကတည်းက အကျဉ်းသား အခွင့်အရေး အားလုံးချိုးဖောက် ခံရတယ်။ ဒီဖမ်းဆီးခံရစဉ်မှာ ကတည်းက စစ်ကြောရေးမှာ ညှင်းပန်းနှိပ်စက်မှုကို လူမဆန် တဲ့ ညှင်းပန်းနှိပ်စက်မှုကို ခံကြရတယ်။ ဒီလို ခံရပြီး နောက်ပိုင်းမှာလည်း ဒီအကျဉ်းထောင်ရောက်တဲ့ အခါမှာ ထောင်ထဲ စဝင်ပြီဆိုတာနဲ့ ရိုက်နက်မှုတွေနဲ့ စကြုံရတယ်။ ပြီးတော့ အကျဉ်းသား အခွင့်အရေးဖြစ်တဲ့ စားသောက်ရေးကို အပြည့်အဝ မပေးတာတွေ၊ နေထိုင်ရေးနဲ့ ပတ်သက်ပြီးတော့ ကန့်သတ်တာမျိုးလည်း သူတို့ ရင်ဆိုင် နေကြရပါတယ်။”

စစ်အာဏာသိမ်းသည့် အချိန်မှစ၍ အကျဉ်းထောင်များအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ ဆိုးဆိုးဝါးဝါး ဖြစ်လာပြီး လက်ရှိ အချိန်ထိ ရပ်တန့် မသွားသေးသည့်အပြင် တစ်နေ့ထက် တစ်နေ့ ပိုမိုဆိုးဝါးသည့် လူ့အခွင့် အရေး ချိုးဖောက်မှုများ ဖြစ်လာသည် ဟု ကိုသိုက်ထွန်းဦး က ပြောသည်။

နိုင်ငံတကာ အဖွဲ့ အစည်းများ အနေဖြင့်လည်း မြန်မာနိုင်ငံ တစ်ဝန်းရှိ အကျဉ်းထောင်များအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို ချန်လှပ်မထားဘဲ ပိုမို အာရုံစိုက်ပေးကြရန်နှင့် အမြန်ဆုံး တားဆီးပေးကြ ရန်လည်း လိုအပ်သည်ဟု PPNM က ဆိုသည်။

အကျဉ်းထောင်များအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို ယခုထက်ပို၍ စောင့်ကြည့်ပေးကြရန်နှင့် ဖြစ်ပေါ်လာသည့် အခြေအနေများကို မေ့ပျောက်မထားဘဲ တတ်နိုင်သည့်ဘက်မှ ပါဝင်လုပ်ဆောင်ကြရန် ကိုသိုက်ထွန်းဦးက တိုက်တွန်း ပြောဆိုထားသည်။

December 20, 2024
ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့တွင် ကလေးငယ် ၂၀ ဦးခန့် သဲလွန်စမရပဲ ပျောက်ဆုံးသွားသည်ဟု ဒေသခံနှင့်...
December 19, 2024
မွန်ပြည်နယ်၊ ရေးမြို့တွင် စစ်ကောင်စီက လုံခြုံရေးကိုအကြောင်းပြကာ လမ်းမကြီးဘေးတစ်လျှောက်ရှိ...
December 17, 2024
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ရဲနှင့် စစ်တပ်တို့မှ လိုင်စင်မဲ့ယာဉ်များကို...
December 17, 2024
ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက အုပ်စုအတွင်းရှိ ကျေးရွာ ၄ ရွာမှ အိမ်ထောင်ဦးစီးများကို...