သပိတ်ကော်မတီဝင်တစ်ဦး၏ နေအိမ်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး၊ အခြားတစ်ဦး၏ မိခင်ကို ဖမ်းဆီး

သပိတ်ကော်မတီဝင်တစ်ဦး၏ နေအိမ်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး၊ အခြားတစ်ဦး၏ မိခင်ကို ဖမ်းဆီး

ထားဝယ်ခရိုင် သပိတ်ကော်မတီဝင် ကိုဝေယံစိုး၏ နေအိမ် ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ပြီး အခြားကော်မတီဝင်တစ်ဦးကို ဖမ်းမမိ သည့်အတွက် မိခင်ကို ဖမ်းဆီးသွားသည်ဟု ဒေသခံရွာသားများက ပြောသည်။

 

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်၊ စစ်ပြဲကျေးရွာရှိ ကိုဝေယံစိုး ၏ နေအိမ်ကို နိုဝင်ဘာလ ၁ ရက်နေ့ည၊ ညဦးပိုင်း ၈ နာရီ အချိန်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ က ဝင်ရောက်ရှာဖွေဖျက်ဆီးခဲ့ပြီးနောက် ည ၁၂ နာရီ အချိန်ခန့်တွင် စစ်ကောင်စီတပ်သား နှစ်ဆယ်ခန့် ထပ်မံ ရောက်ရှိလာပြီး နေအိမ်ကိုမီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်ဟု စစ်ပြဲကျေးရွာသားများ က ပြောသည်။

 

“ညဦးပိုင်း တခေါက်လာရှာတာ ကိုဝေယံစိုးတို့က ရှောင်နေလို့မမိဘူး။ ဖမ်းမမိတော့ အိမ်ထဲကပစ္စည်းတွေ ဖျက် စီးပြီး ဆိုင်ကယ်နှစ်စီးပါ ယူဆောင်သွားသေးတယ်။ အိမ်ကို မီးရှို့ပစ်မယ် ကြိမ်းမောင်းသွားတယ်။ ညနက်မှ ပြန် လာပြီး မီးရှို့တာ။ အိမ်မှာက လူတွေမရှိလို့ တော်သေးတယ်” ဟု အသက် ၄၀ ခန့် အရွယ် စစ်ပြဲကျေးရွာသား တစ်ဦး က ပြောသည်။

 

အလားတူ လောင်းလုံမြို့နယ်၊ ပြင်းထိန်ကျေးရွာမှ သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦး၏ နေအိမ်ကိုလည်း နိုဝင် ဘာလ ၁ ရက်နေ့၊ ည ၈ နာရီအချိန်ခန့်တွင် ဝင်ရောက်စီးနင်းရှာဖွေခဲ့ပြီး ၎င်းကို မတွေ့သဖြင့်  မိခင်ဖြစ်သူ ဒေါ် သန်းချို အသက် ၅၆ နှစ်ကို ဖမ်းခေါ်သွားသည်ဟု ခရိုင်သပိတ်ကော်မတီက ထုတ်ပြန်ထားသည်။

 

အဆိုပါ ထုတ်ပြန်ချက်တွင် ကိုဝေယံစိုး ၏ နေအိမ်ရှိ တီဗွီနှင့် ဗီဒိုများ ဖျက်ဆီးရိုက်ခွဲခံရပြီး၊ ဆိုင်ကယ်နှစ်စီးကို ယူဆောင်သွားကာ နေအိမ်အား မီးရှို့ခံခဲ့ရကြောင်း၊ ကိုမင်းလွင်ဦး၏ နေအိမ်မှလည်း နေအိမ်အသုံးအဆောင် ပစ္စည်းများကို စစ်ကောင်စီတပ်က ဖျက်ဆီးခဲ့ပြီး မိခင်ဖြစ်သူကိုဖမ်းဆီးခေါ်ဆောင်သွားကြောင်းပါရှိသည်။

 

ယခုအခါ စစ်ပြဲကျေးရွာအုပ်စု စစ်ပြဲအရှေ့ပိုင်း စာသင်ကျောင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၂၀ ခန့် တပ်စွဲထားသည်ဟု ‌ဒေသခံအချို့က ပြောသည်။

ဓါတ်ပုံ - Job For Kayah
November 14, 2024
ကရင်နီပြည်နယ် လွိုင်ကော်နှင့် ရှမ်း-ကရင်နီ နယ်စပ် ဖယ်ခုံမြို့တို့တွင် ယခုရက်ပိုင်းအတွင်း...
November 14, 2024
ကချင်ပြည်၊ ဖားကန့်ရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် မြေစာပုံပြိုကျမှုဖြစ်ခဲ့ပြီး ရေမဆေးသမား...
NMG ပုံဟောင်း
November 13, 2024
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့က နယ်စပ်ကုန်သွယ်ရေးဂိတ်များကို နှစ်ဖက်အာဏာပိုင်များက ပိတ်လိုက်...
CJ ဆိုင်းတောင်တိုက်ပွဲတွင်း အရပ်သားတစ်ဦး ထိမှန်သေဆုံးခဲ့သည့်ပုံ (ပုံဟောင်း)
November 13, 2024
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာတွင် တိုက်ပွဲကာလအတွင်း သေဆုံးခဲ့သူ ရုပ်အလောင်း ၇၀...