ရှမ်းကရင်နီ နယ်စပ် စစ်ကောင်စီ စစ်ပြင်

ရှမ်းကရင်နီ နယ်စပ် စစ်ကောင်စီ စစ်ပြင်
ဓါတ်ပုံ - Job For Kayah
ဓါတ်ပုံ - Job For Kayah

ကရင်နီပြည်နယ် လွိုင်ကော်နှင့် ရှမ်း-ကရင်နီ နယ်စပ် ဖယ်ခုံမြို့တို့တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်မှ စစ်အင်အားဖြည့် တင်းမှုနှင့်အတူ စစ်ရေးလှုပ်ရှားမှုများကို လုပ်ဆောင်လာသည်ဟု ကရင်နီအခြေစိုက် ဒေသတွင်းသတင်းအရင်းအမြစ်များက ပြောသည်။

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်၏ စစ်ရေးလှုပ်ရှားမှု အခြေအနေများနှင့် ပတ်သက်၍ ဒေသခံတစ်ဦးက ယခုကဲ့သို့ ပြောသည်။

“စစ်ကောင်စီတွေ စစ်ကြောင်းတွေ အလုံးအရင်း ထိုးလာနေတယ်။ ပြီးတော့ ရွာထဲမှာလည်း လက်နက်ကြီးတွေ ရမ်းသန်းမှန်းသန်းတွေ ပစ်နေတယ်။"

ထို့အပြင် ရှမ်း-ကရင်နီ နယ်စပ် ဖယ်ခုံမြို့နယ်ထဲတွင်လည်း စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုများရှိနေသည် ဟု မြေပြင်တွင် ရောက်ရှိနေသည့်တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

၎င်း က “သူတို့ လက်နက်ကြီးတို့ ဒရုန်းတို့ ခဏခဏ ချလာတယ်။ ရှိတယ် ခဏခဏပဲ။ လေယာဉ်ပါလာချတာ” ဟု ပြောသည်။

ကရင်နီပြည်နယ် လွိုင်ကော်မြို့နှင့် ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့တို့တွင် စစ်ကောင်စီ၏ နယ်မြေစစ်ကြောင်း လှုပ်ရှားမှုများ ရှိနေသည့်အတွက် အရပ်သားပြည်သူ၊ စစ်ဘေးရှောင်များသွားလာနေထိုင်ရာတွင် အထူးဂရုစိုက်ကြရန်နှင့် လက်နက်ကြီး၊ လေယာဉ်ရန်များအတွက် ကြိုတင်

ကာကွယ်မှု ပြုလုပ်ထားကြရန် Jobs For Kayah အသင်းမှ နိုဝင်ဘာ ၈ ရက်နေ့က သတိပေးတိုက်တွန်းထားသည်။

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်၏ စစ်အင်အား ဖြည့်တင်းမှုများနှင့် စစ်ကြောင်းထိုး လှုပ်ရှားမှုများရှိနေ သော်လည်း အခြေအနေ အသေးစိတ် အခြေအနေကိုမူ မသိရသေးဘူးဟု ကရင်နီတပ်မတော် KAစစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောသည်။

ဗိုလ်မှူးကြီး ဘုန်းနိုင်က ”ကလေးတွေ မေးကြည့်တော့လည်း သိပ်ထူးထူးထွေထွေ သူတို့ လာပြီးတော့ တင်ပြတာမရှိဘူး” ဟု ပြောသည်။

ယခုရက်ပိုင်းအတွင်း ဖားဆောင်းမြို့နယ်ထဲတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ၁၀ ကြိမ်ထက် မနည်း ပြုလုပ်ခဲ့ပြီး ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KA စစ်ရေး ချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက်နေ့ကလည်း လွိုင်ကော်မြို့နယ် အနောက်ဘက်ခြမ်းရှိ နိုးကိုးစံပြကျေးရွာနှင့် သရက်ပင်ကျေးရွာထဲကို စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်သည့်အတွက် အရပ်သား (၄) ဦး သေဆုံးခဲ့ပြီး (၃) ဦး ထိခိုက် ဒဏ်ရာရှိခဲ့သည်။

ထို့အပြင် ရှမ်း - ကရင်နီအစပ် ဖယ်ခုံအရှေ့ဖက်ခြမ်းရှိ ကာလကျေးရွာကိုလည်း စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် အရပ်သား ၂ ဦး ထိခိုက် သေဆုံးခဲ့သည်။

စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရေဘေးနှင့် စစ်ဘေးကြောင့် စစ်ရှောင်နေကြရသည့် စစ်ရှောင်ဒေသခံများ၊ စစ်ရှောင်များရှိသည့် နေရာနှင့် ကျေးရွာများအား ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်အတွက် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးခဲ့ရသည်ဟု လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် အကူအညီ ပေးနေသူများက ပြောသည်။

December 20, 2024
ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့တွင် ကလေးငယ် ၂၀ ဦးခန့် သဲလွန်စမရပဲ ပျောက်ဆုံးသွားသည်ဟု ဒေသခံနှင့်...
December 19, 2024
မွန်ပြည်နယ်၊ ရေးမြို့တွင် စစ်ကောင်စီက လုံခြုံရေးကိုအကြောင်းပြကာ လမ်းမကြီးဘေးတစ်လျှောက်ရှိ...
December 17, 2024
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ရဲနှင့် စစ်တပ်တို့မှ လိုင်စင်မဲ့ယာဉ်များကို...
December 17, 2024
ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက အုပ်စုအတွင်းရှိ ကျေးရွာ ၄ ရွာမှ အိမ်ထောင်ဦးစီးများကို...