ပြည်သူတွေကို အခွန်ကောက်ခံနေတဲ့ ဌာနဆိုင်ရာတွေကို သတိပေးဖောက်ခွဲမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း KNDF-B 02 ဆို

ပြည်သူတွေကို အခွန်ကောက်ခံနေတဲ့ ဌာနဆိုင်ရာတွေကို သတိပေးဖောက်ခွဲမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း KNDF-B 02 ဆို

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့မှာ စည်ပင်သာယာရေးဌာန ဝန်ထမ်းတွေက ပြည်သူလူထုကို အခွန်အခတွေ ကောက်ခံနေတာတွေရှိတဲ့အတွက် ဒီကနေ့ (အောက်တိုဘာ ၁၅ ရက်) နေ့လည် (၁၁) နာရီအချိန် စည်ပင်ရုံးနားမှာ သတိပေးဖောက်ခွဲမှု ပြုလုပ်ခဲ့တယ်လို့ KNDF-B.02 က ထုတ်ပြန်ခဲ့ပါတယ်။

"ကျနော်တို့ စစ်အာဏာရှင်တော်လှန်နေတဲ့အချိန်မှာ ယန္တာရားမှန်သမျှ မလည်ပတ်ဖို့လိုတာပေါ့နော။ နောက်တော့ ပြည်သူတွေအပေါ်မှာ အခုဆိုရင် စစ်အာဏာရှင်ကို အားပေးပြီးတော့ သူတို့က အခွန်တွေ ပြန်ကောက်နေလို့ပါ။" လို့ KNDF-B 02 မှ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

သတိပေးဖောက်ခွဲမှုမှာ ထိခိုက်တာတွေ မရှိဘူးလို့ သိရပါတယ်။ မည်သည့်ဌာနမဆို စစ်ကောင်စီနဲ့ ပတ်သက်တဲ့ ယန္တာရား လည်ပတ်တာတွေ၊ အခွန်ကောက်ခံတာတွေ ဆက်လက် ပြုလုပ်မယ်ဆိုရင် ပိုမို ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်သွားမယ်လို့ သူက ဆက်ပြောပါတယ်။

"အစိုးရနဲ့ ပတ်သက်တဲ့ ယန္တာရားတွေ ပြည်သူကို အခွန်ကောက်မယ်ဆိုရင်တော့ ဘယ်ရုံးမဆို ကျနော်တို့ လုပ်ဖို့အဆင်သင့်ပါပဲ။" လို့ သူက ဆက်ပြောပါတယ်။

ကရင်နီပြည်နယ်အတွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲရာနေရာတွေ၊ စစ်ကောင်စီကို ထောက်ခံပြီး ပြည်သူတွေအပေါ် အတင်းအကြပ်အခွန်ကောက်ခံနေတဲ့ ရုံးနဲ့ဌာနတွေကို ပစ်မှတ်ထားတိုက်ခိုက် မယ်ဆိုတဲ့ အသိပေးစာကို ဇူလိုင် (၁၃) ရက်မှာ ထုတ်ပြန်ထားပြီး ဖြစ်ကြောင်းလည်း သတိပေးစာထဲမှာ ပါရှိပါတယ်။

 
 

 

 

Most read this week

March 21, 2025
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းမှာရှိတဲ့ စစ်ဘေးရှောင်စခန်းတစ်နေရာကို စစ်ကောင်စီက...
ဖန်းဆော်တက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ ကျောင်းသူ/ကျောင်းသားတွေကို ၂၀၂၄ ခုနှစ် ဧပြီလ ၂၂ ရက်နေ့မှာ တွေ့ရစဥ်။
March 20, 2025
ကရင်နီပြည်မှာ ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ရဲ့ အုပ်ချုပ်ရေးယန္တရား လည်ပတ်နေတဲ့ နယ်မြေဒေသတွေမှာ...
March 19, 2025
ကရင်နီပြည်၊ လွိုင်ကော်မြို့‌ပေါ်ရပ်ကွက်မှာ မတ်လအတွင်း မိုင်းနင်းမိ ပြည်သူ ၅ ဦးရှိပြီး ၃ ဦး...
March 19, 2025
ဦးစော (နာမည်လွှဲ) တို့ မိသားစုဟာ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ထဲက စစ်ဘေးရှောင်စခန်းတခုမှာ...