IEC ထိန်းချုပ်နယ်မြေမှာ အဆင့်မြင့်ပညာရေးတက္ကသိုလ် ၅ ကျောင်း ဖွင့်လှစ်ထား

IEC ထိန်းချုပ်နယ်မြေမှာ အဆင့်မြင့်ပညာရေးတက္ကသိုလ် ၅ ကျောင်း ဖွင့်လှစ်ထား
ဖန်းဆော်တက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ ကျောင်းသူ/ကျောင်းသားတွေကို ၂၀၂၄ ခုနှစ် ဧပြီလ ၂၂ ရက်နေ့မှာ တွေ့ရစဥ်။
ဖန်းဆော်တက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ ကျောင်းသူ/ကျောင်းသားတွေကို ၂၀၂၄ ခုနှစ် ဧပြီလ ၂၂ ရက်နေ့မှာ တွေ့ရစဥ်။

ကရင်နီပြည်မှာ ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ရဲ့ အုပ်ချုပ်ရေးယန္တရား လည်ပတ်နေတဲ့ နယ်မြေဒေသတွေမှာ အဆင့်မြင့်ပညာ‌ရေးတက္ကသိုလ် ၅ ကျောင်း ဖွင့်လှစ်ထားတယ်လို့ IEC ရဲ့ ၂၀၂၄ တစ်နှစ်တာ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာမှာ ပြောထားပါတယ်။

အဆင့်မြင့်ပညာရေးကျောင်းတွေကို အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားတဲ့ ပါမောက္ခတွေ၊ ဘာသာရပ်ဆိုင်ရာ ဆရာ/ဆရာမတွေက ဦးဆောင်ဖွင့်လှစ်ထားတာဖြစ်ပါတယ်။

အဆိုပါကျောင်းတွေနဲ့ ရှေ့လုပ်ငန်းစဥ် ရေးဆွဲရာမှာဖြစ်စေ၊ ရန်ပုံငွေ ထောက်ပံ့ရာမှာဖြစ်စေ ပူးပေါင်းဆောင်ရွက်နေတာရှိတယ်လို့ IEC ပညာရေးဌာန၊ ဒုတိယဌာနမှူး (၂) ခန်းယူဂျိန်းစ်က ပြောပါတယ်။

“အဆင့်မြင့်ကျောင်းတွေအားလုံး နိုင်ငံတကာအဆင့်မှီတဲ့ အရည်အသွေးမြင့်မားတဲ့ ကျောင်းတွေဖြစ်လာအောင်လည်း ဆောင်ရွက်နေတယ်။ ကျောင်းတွေအားလုံး ကျောင်းသူ/ကျောင်းသားတွေ ဆရာ/ဆရာမတွေအားလုံး အရည်အသွေး အာမခံချက်ရဖို့အတွက်လည်း ကျနော်တို့က ဝိုင်းဝန်းစီစဥ်ပြီး ပညာရှင်တွေကလည်း တိုင်ပင်ဆွေးနွေးတာရှိတယ်ပေါ့နော” လို့ ခန်းယူဂျိန်းစ်က ပြောပါတယ်။

အဆင့်မြင့်ကျောင်းတွေဖြစ်တဲ့ ဖန်း‌ဆော် (ဝိဇ္ဇာသိပ္ပံ) တက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်၊ နည်းပညာတက္ကသိုလ်၊ ဆေးကောလိပ်၊ သူနာပြုတက္ကသိုလ် စတဲ့တက္ကသိုလ်တွေကို CDM ဝန်ထမ်းတွေက ကြီးမှူးဖွင့်လှစ်ထားတာဖြစ်ပါတယ်။

အဆင့်မြင့်ပညာရေးကျောင်းတွေထဲက ရန်ပုံငွေနည်းပါးတဲ့ ‌ကျောင်းကို ငွေကြေးအရ ပံ့ပိုးနေပြီး ကျောင်းဝန်ထမ်းတွေကိုတော့ လစဥ်ငွေကြေးထောက်ပံ့မှုမရှိသေးဘူးလို့ IEC က ပြောပါတယ်။

အဆိုပါကျောင်းတွေနဲ့ပူးပေါင်းပြီး သုသေတနပြုရေးလုပ်ငန်းစဥ်၊ ပညာတော်သင်စေလွှတ်ဖို့ လုပ်ငန်းစဥ်တွေကိုလည်း ဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့ ဆိုပါတယ်။ ဘာသာရပ်စုံတက္ကသိုလ် တည်ထောင်နိုင်ဖို့လည်း ရှေ့လုပ်ငန်းစဥ်ချမှတ်ထားတယ်လို့ IEC ပညာရေးဌာန ဒု-ဌာနမှူး (၂) ခန်းယူဂျိန်းစ်က ဆက်ပြောပါတယ်။

“အဆင့်မြင့်ကျောင်းအားလုံးနဲ့ ပူးပေါင်းပြီး အဆင့်မြင့်လုပ်ငန်းကော်မတီ ဖွဲ့စည်းထားပြီးပြီဖြစ်တဲ့အတွက် ရှေ့လုပ်ငန်းစဥ်ထဲမှာ ကျနော်တို့ ဘာသာရပ်စုံတက္ကသိုလ်တည်ထောင်ဖို့ chapter ရေးဆွဲဖို့လည်း စီစဥ်ဆောင်ရွက်နေပါတယ်” လို့ သူက ဆိုပါတယ်။

ကျောင်း ၅ ကျောင်းမှာ ကျောင်းသူ၊ ကျောင်းသား‌ပေါင်း (၃၁၀) ဦးရှိပြီး ဆရာ၊ ဆရာမ ဦးရေ (၁၁၂) ဦးရှိတယ်လို့လည်း IEC က ပြောထားပါတယ်။

ကရင်နီပြည်မှာ စစ်ကောင်စီ အုပ်ချုပ်ရေးဆောင်ရွက်နေတဲ့ လွိုင်‌ကော်မြို့ပေါ်မှာလည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပြီး လွိုင်ကော်နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်၊ သူနာပြုကျောင်း၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းကို စစ်ကောင်စီက ဖွင့်လှစ်ထားသလို လွိုင်ကော်တက္ကသိုလ်ကို ဖွင့်လှစ်နိုင်ဖို့လည်း စီစဉ်ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီက ပြောဆိုထားပါတယ်။

March 21, 2025
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းမှာရှိတဲ့ စစ်ဘေးရှောင်စခန်းတစ်နေရာကို စစ်ကောင်စီက...
March 19, 2025
ကရင်နီပြည်၊ လွိုင်ကော်မြို့‌ပေါ်ရပ်ကွက်မှာ မတ်လအတွင်း မိုင်းနင်းမိ ပြည်သူ ၅ ဦးရှိပြီး ၃ ဦး...
March 19, 2025
ဦးစော (နာမည်လွှဲ) တို့ မိသားစုဟာ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ထဲက စစ်ဘေးရှောင်စခန်းတခုမှာ...
March 18, 2025
“တခါတခါ ရင်ကြပ်ပြီဆိုရင် ကျောတပြင်လုံးပါ နာတယ်။ သူများတွေလိုသာ ကျန်းမာရေးကောင်းနေရင် ထင်းခွေ၊...