အင်းစိန် CID ရုံး အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခံရပြီး ထိခိုက်မှုရှိဟုဆို

အင်းစိန် CID ရုံး အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခံရပြီး ထိခိုက်မှုရှိဟုဆို

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ မှုခင်းရဲတပ်ဖွဲ့ (CID) ရုံးကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကင်းစောင့်နေသည့် ရဲတပ်သားတဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Rangoon Urban Column (RUC) စစ်ကြောင်းတာဝန်ခံ ရဲခေါင်က မဇ္ဈိမသို့ ပြောသည်။

ယမန်နေ့ (မတ်လ ၁၉ ရက်) ည ၈ နာရီ ၄ မိနစ်အချိန်က အင်းစိန် CID ရုံး ကင်းတဲနေရာအနီးတွင် မိုင်းအသေး ၃ လုံးကို တလုံးတည်းအဖြစ် ပေါင်းစည်းထားသည့် အဝေးထိန်းမိုင်း အကြီးတလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ ကင်းစောင့်နေသူတဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း RUC က ဆိုသည်။

“ထိခိုက်မှုက တယောက်ကတော့ ပြင်းထန်ဒဏ်ရာရသွားတယ်လို့ ကြားတယ်။ အဲ့ဒီ ကင်းကျတဲ့ကောင်တွေကတော့ လွတ်မယ်မထင်ဘူး။ ယမ်းက တော်တော်လေးပြင်းတယ်” ဟု ရဲခေါင်က ပြောသည်။

အင်းစိန်မြို့နယ်တွင် နေထိုင်သူတဦးကလည်း “မနေ့ကတော့ ပေါက်ကွဲသံကြားတယ်၊ တချက်ပါပဲ။ တော်တော်တော့ ကျယ်တယ်။ ထိခိုက်တာတော့ မသိရဘူးဗျ။ ကြည့်ရတာ သူတို့ သတင်းဖုံးထားတာလည်း ဖြစ်နိုင်ပါတယ်။ စစ်ဆေးမှုတွေကတော့ ပုံမှန်လည်း သူတို့က အုပ်စုဖွဲ့ပြီး လမ်းထောင့်တွေမှာ နေနေတာတို့ မထင်ရင် မထင်သလို စစ်တာတို့လောက်တော့ ရှိနေတာပါပဲ” ဟု ပြောသည်။

အင်းစိန် CID ရုံးသည် ရန်ကုန်တိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် မြို့ပြပြောက်ကျားတပ်များ၏ လက်ပစ်ဗုံး၊ မိုင်းများဖြင့် မကြာခဏ တိုက်ခိုက်ခံရလေ့ရှိသည့် စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့များ အထိုင်ချရာ စစ်ရေးပစ်မှတ်တခုဖြစ်သည်။

ယခင် ဇန်နဝါရီလ ၃၁ ရက် ည ၉ နာရီခွဲခန့်ကလည်း Mother Son Yangon Force မြို့ပြ UG အဖွဲ့က အင်းစိန် CID ရုံး၏ အနောက်ဘက် ဂိတ်အပေါက်ကို လက်ပစ်ဗုံးနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ဖူးပြီး ထိုဖြစ်ရပ်တွင် ဂိတ်စောင့်နေသည့် ရဲနှစ်ဦးသေဆုံးကာ တဦး ဒဏ်ရာရရှိခဲ့သည်ဟု Mother Son Yangon Force က ထုတ်ပြန်ခဲ့သည်။

Rangoon Urban Column (RUC) စစ်ကြောင်းမှ ရဲဘော်များအတွက် လမ်းကြမ်းသုံးယာဉ်တစီး ဝယ်ယူရန် မတ်လ ၈ ရက်မှ ဧပြီလ ၈ ရက်အထိ “မြို့ပြသို့ချီ RUC” ကမ်ပိန်းကို တလကြာ ပြုလုပ်နေသဖြင့် ပြည်သူများအနေဖြင့် ပါဝင်ကူညီထောက်ပံ့ပေးကြရန် RUC စစ်ကြောင်းတာဝန်ခံက တိုက်တွန်းထားသည်။

တာချီလိတ်−မယ်ဆိုင် နယ်စပ်ဂိတ်မှတဆင့် ၂၀၁၉ ခုနှစ် သင်္ကြန်ကာလက နေရပ်ပြန်နေကြသည့် ထိုင်းရောက် ရွှေ့ပြောင်းမြန်မာများ။ (ဓာတ်ပုံ − U Htun Maesai)
March 19, 2025
မြန်မာအတာသင်္ကြန်ကာလ၊ ထိုင်းရိုးရာအားဖြင့် ဆုန်ခရန်ကာလဖြစ်သည့် လာမည့်ဧပြီလတွင် ထိုင်းအစိုးရမှ...
March 18, 2025
မန္တလေးတိုင်း၊တောင်သာမြို့နယ်၊မန်းကျီးပင်တဲကျေးရွာကို မတ်လ ၁၈ရက်၊ နံနက်ပိုင်းတွင်...
March 17, 2025
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ စိန်ရတနာပရိယတ္တိစာသင်တိုက်ကို စစ်ကောင်စီတပ်မှ...
March 14, 2025
ပဲခူးတိုင်း အနောက်ခြမ်း သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ရှိ နန်းဝတီရွှေဆိုင်မှ ပိုင်ရှင်...