၂၀၂၅ ခုနှစ် နှစ်လတာအတွင်း CNF က စစ်ကောင်စီတပ်သား ၃၀ ခန့်ကို ရှင်းလင်း၊ စစ်သုံ့ပန်း ၂၀ ဦးကိုဖမ်းဆီး

၂၀၂၅ ခုနှစ် နှစ်လတာအတွင်း CNF က စစ်ကောင်စီတပ်သား ၃၀ ခန့်ကို ရှင်းလင်း၊ စစ်သုံ့ပန်း ၂၀ ဦးကိုဖမ်းဆီး

-  ၂၀၂၅ ခုနှစ် နှစ်လတာအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့စခန်းတချို့ကို သိမ်းပိုက်ရာမှာ စစ်ကောင်စီတပ်သား ၃၀ ခန့်ကို ရှင်းလင်းနိုင်ပြီး စစ်သုံ့ပန်း ၂၀ ဦးကို ဖမ်းဆီးနိုင်ခဲ့သလို လက်နက်ခဲယမ်း ၈၀ ခန့်ကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦး-CNF က ပြောပါတယ်။

 

- ချင်းပြည်နယ်မြောက်ပိုင်းက ဇိုမီးမျိုးနွယ်စုတွေနေထိုင်ရာဒေသမှာ CNA ၊ ZRA အပါအဝင် ချင်းလက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်မှု ဆက်လက်ကျူးလွန်လာရင် အရေးယူဆောင်ရွက်သွားမယ်လို့ ZFU/ PDF – Zoland က ပြောပါတယ်။

 

- ချင်းပြည်နယ် ဟားခါးမြို့မှာ ကုန်တင်ကားတွေပုံမှန်မရောက်နိုင်တာကြောင့် အခြေခံစားသောက်ကုန်တွေ ဈေးမြင့်တက်နေပြီး ဆန်တစ်အိတ် ကျပ် ၂ သိန်းကျော်အထိ ဈေးတက်သွားတယ်လို့ သိရပါတယ်။

March 25, 2025
- ကျောက်ဖြူစစ်ဘေးရှောင်တွေ တောတောင်ခြုံနွယ်အကြားမှာ အပူဒဏ်ကို အံတုဖြတ်သန်းနေကြရပါတယ်။ -...
March 25, 2025
- ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့မှာ စစ်ကောင်စီပြန်လည်တည်ဆောက်ထားတဲ့ မြို့မဈေးထဲမှာ အဝေးရောက်...
March 24, 2025
- စစ်တပ်အာဏာသိမ်းပြီးနောက် လွတ်မြောက်လာတဲ့ အညာဒေသက နယ်မြေတွေမှာရှိတဲ့ပြည်သူတွေ အင်တာနက်ကို...
March 24, 2025
- မွန်တော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ "ရာမညပူးတွဲစစ်ကြောင်း" ရဲ့ နှစ်လတာ...