Published
Wednesday, April 07, 2021
မိုးကောင်းမြို့ NLD ပါတီ အလုပ်အမှုဆောင် နှင့် ပါတီဝင်တစ်ချို့ ဖမ်းဆီးခံရ
မိုးကောင်းမြို့၏ NLD ပါတီ၏ အလုပ်အမှုဆောင် တစ်ဦး အပါအဝင် ပါတီဝင်တချို့ ဖမ်းဆီးခံရကြောင်း မိုးညှင်းခရိုင် NLD ပါတီ သတင်းနှင့် ပြန်ကြားရေး ကော်မတီက ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။
ဖမ်းဆီးခံရသူသည် မြို့နယ်အလုပ်မှုဆောင် ဦးကျော် ထက်ဝင်း (ခ) ဦးထွေး ၊ မြို့နယ် အမျိုးသမီးလုပ်ငန်း ကော်မတီ ဥက္ကဌဟောင်း နှင့် အဖွဲ့၀င် ဦးညီ တို့ ဖမ်းဆီးခံခဲ့ရ ခြင်းဖြစ်သည်ဟု ဆိုသည်။
မိုးကောင်းမြို့၏ စစ်ကြောင်းသပိတ်များကို ဦးဆောင်သည်ဟု ဆိုကာ ဖေဖော် ဝါရီလက လည်း မြို့နယ်အလုပ်အမှုဆောင်တစ်ဦး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။