“အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ကျွန်တော်တို့ကို ကမ်းလှမ်းလာတဲ့အပေါ် လက်ခံမယ်ဆိုတဲ့ အကြောင်းပြန်ထားတာတော့ရှိပါတယ်”

“အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ကျွန်တော်တို့ကို ကမ်းလှမ်းလာတဲ့အပေါ် လက်ခံမယ်ဆိုတဲ့ အကြောင်းပြန်ထားတာတော့ရှိပါတယ်”

တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဥက္ကဌဖြစ်သူ ဦးစိုင်းဌေးအောင်နှင့်အင်တာဗျူး

အာဏာသိမ်းစစ်ကောင်စီက ဖွဲ့ထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲကို နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် ဖေဖော်ဝါရီ ၂၆ ရက်က ကျင်းပရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပါအဝင် ပါတီပေါင်း ၅၃ ပါတီ တက်ရောက်ဆွေးနွေးခဲ့ကြောင်းနှင့် ယင်းပါတီများထဲတွင် ရှမ်းနီပါတီနှစ်ခုဖြစ်သည့် တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) နှင့် ရှမ်းနီ (တိုင်လျှန်) သွေးစည်းညီညွတ်ရေးပါတီ (SSP) တို့လည်း ပါဝင်ခဲ့ကြောင်း သိရသည်။

ယင်းပါတီများ တက်ရောက်ခဲ့သည့်အတွက် ရှမ်းနီလူထု၏ ဝေဖနခြင်းခံခဲ့ရပြီး အဆိုပါ ပါတီနှစ်ခုမှ အဖွဲ့ဝင်လူငယ်များ နုတ်ထွက်ဖို့အထိ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထိုအခြေအနေများနှင့်ပတ်သက်၍ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဥက္ကဌဖြစ်သူ ဦးစိုင်းဌေးအောင်အား ယခုလို ဆက်သွယ်မေးမြန်းခဲ့ပါသည်။

မေး - ပထမဆုံးအနေနဲ့ ဒီတိုင်းပြည်အကျပ်အတည်းကာလကြားထဲမှာ ရှမ်းနီတိုင်းရင်းသားတွေကြားမှ ဒီ UEC ကဖိတ်တယ် သွားမတက်သင့်ဘူးဆိုတဲ့ ကန့်ကွက်မှုတွေမြင့်တက်နေတဲ့အချိန်မှာ ရှမ်းနီပါတီအနေနဲ့ UEC နဲ့ ဘာလို့သွားတွေ့ခဲ့တာလဲ။

ဦးစိုင်းဌေးအောင် - အဲဒီ UEC သွားတက်တဲ့ကိစ္စ ကျွန်တော်တို့ ကြိုတွက်ပါတယ်။ ဂယက်ရိုက်သွားမယ်ဆိုတဲ့ ကဏ္ဍလေးပေါ့။ သွားတက်ရင် ဘယ်လိုဖြစ်မယ်။ ဆိုးခြင်းကဘာ၊ ကောင်းခြင်းကဘာ ကျွန်တော်တို့  ဗဟိုကော် မတီအစည်းအ‌‌ဝေးခေါ်ပြီးမှ ဆိုးခြင်းကောင်းခြင်းတွေကို သုံးသပ်ပါတယ်။ တက်သင့်၊ မတက်သင့် အရင်ဆုံးဖြတ်တယ်။ ဆုံးဖြတ်တဲ့အခါကတော့ တက်သင့်တယ်၊ ဘယ်သူသွား တက်မလဲဆိုတဲ့အခါ ကျတော့  ကျွန်တော့်ကို တာ၀န်ပေးတယ်ပေါ့။ ကျွန်တော့အနေနဲ့ကလည်း ကြိုက်သလို ပြောပါစေသွားတက်မယ် ဆိုပြီးတော့ ကျွန်တော်ဘဲလက်ခံလိုက်တာပေါ့နော်။ UEC အစည်းအ‌ဝေးမတိုင်ခင်တုန်ကတည်းကဖြစ်လာမယ့် ကိစ္စတွေကို ကျွန်တော်တို့ပါတီအနေနဲ့ Phone meeting ဆိုကျပါစို့ ကျွန်တော်တို့စလုပ်ပါတယ်။ ၁ရက်နေ့ အာဏာသိမ်းတော့ ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို ကျွန်တော်တို့ ကြိုတင်ပြင်တယ်။ ပါတီအတွင်းမှာ မပြိုကွဲကြဖို့အဓိကတော့ အဲဒါကိုဆွေးနွေးပါတယ်။ ဆွေးနွေးတဲ့အခါကျတော့ ပါတီအတွင်းမှာ မြန်မာနိုင်ငံ ရေးအရွေ့တစ်ခုကြုံတိုင်းလို တိုင်းရင်းသားပါတီတွေကပျောက်ကွယ်သွားတာတွေအများ ကြီးကြုံတွေ့ရတယ်။ ဥပမာအနေနဲ့ ၉၀ခုနှစ်ရွေးကောက်ပွဲပြီးတဲ့နောက်ပိုင်း တိုင်းရင်းသား ပါတီတွေ တော်တော်များများကိုမှ ပျောက်ပျက်သွားတာဖြစ်ပါတယ်။ နောက်ထပ်အသစ်တွေပြန်ထောင်ရတာရှိတယ်။ ၂၀၀၈ အခြေခံကိုတစ်ချို့တွေ ကလည်း ရွေးကောက်ပွဲမ၀င်ပဲ ရပ်ဆိုင်းသွားတာတွေရှိတယ်။ အဲဒီလိုမျိုးတွေ ။ ဒီကချင်စစ်ပွဲကြားထဲမှာပေါ်ပေါက် လာတဲ့ပါတီဖြစ်တဲ့အတွက်ကြောင့်မို့ ပျောက်ပျက်သွားလို့မရဘူး။ ပါတီရဲ့အသက်ရှင်သန်မှုကို အရင်စဉ်းစားမ လား။ ဒါမှမဟုတ်ပဲနဲ့ ဟိုဘက်ကိုစဉ်းစားမလား။ ဟိုဘက်ဆိုတဲ့ဟာက အခုနိုင်ငံရေးရေစီးကြောင်းကိုလိုက်မ လားဆိုပြီးတော့စဉ်းစားရပါတယ်။စဉ်းစားတဲ့အခါကျတော့ ပါတီအလုပ်အမှုဆောင်အဖွဲ့မှာ မဲခွဲဆုံးဖြတ်တယ်။ နံပတ် ၁ကတော့ ဗဟိုအလုပ်အမှုဆောင်အစည်းအ‌တေးခေါ်ပါတယ်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှာ မဲခွဲဆုံဖြတ် တဲ့အခါကတော့လဲ အဲဒီကိစ္စအပေါ်မှာ ကျွန်တော်တို့ ကန့်ကွပ်တဲ့လူလည်းရှိတယ်။ ကန့်ကွက်တဲ့လူက သုံးယောက်ကန့်ကွက်ပါတယ်။ ကျန်တဲ့ ကျွန်တော်တို့  ၁၆ ယောက်ကတော့ ထောက်ခံတာပေါ့။ ထောက်ခံတယ် ဆိုတာက အခုနိုင်ငံရေး ရေစီးကြောင်း အပေါ်မှာ ငါတို့ပါတီအနေနဲ့ လက်ရှိဖြစ်နေတဲ့ အာဏာရထားတဲ့အပေါ်မှာ မူတည်ပြီး ကစားသင့်တယ်ဆိုတာကို ဆုံးဖြတ်တဲ့အတွက်ကြောင့်မို့ ကျွန်တော်တို့ ပထမဆုံးဖြတ်ချက်ပေါ့။ နောက်ပြီးတော့ ဗဟိုကော်မတီအစည်းအ‌ဝေးမှာကျတော့ ဗဟိုအလုပ်အမှာတောင်အစည်းအ‌ဝေးခေါ်ပြီးရင် ဗဟိုကော်မတီ၀င် အစည်းအဝေးချပြရတယ် ဆိုတဲ့အခါကျတော့ ၂၂ ရက်နေ့မှ ဗဟိုကော်မတီအစည်းအ‌ဝးပြန်ခေါ်တယ်။ ခေါ်မယ်ချပြတယ်။ ဒီကိစ္စတွေကို အားလုံဟာ အဲဒီမှာလဲ မဲခွဲဆုံးဖြတ်ပါတယ်။ ကျွန်တော်တို့ အဲတက်သင့်မတက်သင့်ဆိုတဲ့ ၁၉ ယောက်တက်ပါတယ်။ အဲဒီဗဟိုကော်မတီ၀င်အစည်းအ‌ဝေး ၁၉ယောက်တက် တဲ့အခါ အားလုံး ၂၅ယောက်ရှိတာ ၁၉ယောက်တက်တယ်။ ကျွန်တော်တို့ပါတီဖွဲ့စည်းပုံအရ ၃ပုံပုံ၂ပုံတက်ရင်အ စည်းအ‌ဝေးအထမြောက်တယ်လို့ ကျွန်တော်တို့ ဖွဲ့စည်းပုံမှ ရေးဆွဲထားတဲ့အတွက်ကြောင့်မို့ အစည်းအ‌ဝေးအထ မြောက်တယ်။ အဲဒီကဆုံးဖြတ်တဲ့အခါမှာ ကျွန်တော်တို့အနေနဲ့မသွားသင့်ဘူးလို့ ဆန္ဒမဲပေးတဲ့လူကတော့  ငါး ယောက်၊၁၉ ယောက်ထဲမှာပေါ့နော်။ သွားသင့်လို့ ကျွန်တော်တို့ဆန္ဒမဲပေးတဲ့သူကတော့ ၁၃ ယောက်ရှိပါတယ်။ ကျွန်တော်ကတော့ ဆန္ဒမဲမပေးပါဘူး။ ဘာကြောင့်မို့လဲဆိုတော့ အနည်းအများမူတည်ပြီးတော့ မဖြစ်ရင် ကျွန် တော်ကဥက္ကဌအနေနဲ့ တာ၀န်ပေးမှာဖြစ်ပါတယ်။ အဲတော့ မဲကွာဟချက်နဲ့ ကျွန်တော့အနေနဲ့ တာ၀န်ပေးလို့သွား တက်တာပေါ့နော်။ အဲတော့ ပြည်သူအနေနဲ့ ဘယ်လိုတုန့်ပြန်မလဲ။ ကျွန်တော်တို့တွက်ပါတယ်။ ဆဲမယ်၊ဆူမယ်၊ ကမ္ဘာက အသိအမှတ်မပြုတဲ့ ကိစ္စတွေဖြစ်လာနိုင်တယ်။ အဲတာကိုလဲ ပါတီအနေနဲ့ ကြံကြံခံနိုင်ရမယ်ပေါ့နော်။ တစ်ယောက်တည်းသဘောနဲ့သွားတာမဟုတ်ဘူး။ ကော်မတီနဲ့သွားတာဆိုတဲ့အခါကျတော့ ကွန်တော်တို့ဆုံး ဖြတ်ချက်နဲ့သွားတာဖြစ်ပါတယ်။ အခုရှမ်းနီတွေက တစ်ချို့တွေကတော့ ပြောကြပါတယ်။ သူတို့မတိုင်ပင်ပဲနဲ့ သွားတယ်ပေါ့။ ပါတီအစုအဖွဲ့ဆိုတာ ပါတီကိုတိုင်ပင်ရပါတယ်။ ပါတီရဲ့စည်းမျဉ်းအရ ကျွန်တော်တို့ပါတီဗဟို အလုပ်အမှုဆောင်ကအမြင့်ဆုံးလုပ်ပိုင်ခွင့်ရှိတယ်။ နောက်ပါတီအလုပ်အမှုဆောင်ကနေပြီးတော့ လုပ်သမျှအရာ အားလုံးကို ဗဟိုကော်မတီချပြရတယ်။ ဗဟိုကော်မတီချပြပြီးရင် ပါတီညီလာခံကျရင် ဒီကိစ္စတွေ ဖြစ်စဉ်တွေကို ရှင်းပြရမှာဖြစ်ပါတယ်။ အဲတာပါတီဖွဲ့စည်းပုံနဲ့ဆက်နွယ်ပြီးပြောတာဖြစ်ပါတယ်။ အခု ဒီ UEC အစည်းအ‌ဝေးသွားတက်တဲ့အခါကျတော့ တင်ပြဖို့ ဘာတစ်ခုမှမပါပါဘူး။ ဒီ UEC ရဲ့သဘောထားတွေကို ကျွန်တော်တို့ အနေနဲ့ အစည်းအ‌ဝေးသွားတက်မှသိရမယ်။ သိတော့မှပါတီကို ချပြရမယ်ဆိုတော့ နားထောင်ပြီးပြန်ခဲ့တာ ဖြစ်ပါတယ်။

မေး - ရှမ်းအစည်းအဝေးသွားတက်ရင် ဒီလိုကန့်ကွပ်မှုတွေရှိလာမှာကိုလဲသိတယ်။ အခု ရလဒ်အနေနဲ့ရော ဘယ်လိုဖြစ်လာတယ်လို့ သုံးသပ်မိလဲ။

ဦးစိုင်းဌေးအောင် - ရလဒ်အနေနဲ့ ဘာတွေရခဲ့လဲဆိုတော့ ကျွန်တော်တို့အနေနဲ့ တခြားနိုင်ငံရေးပါတီတွေအနေနဲ့ ဘာတွေပြောတယ်ဆိုတာကအစ  ကျွန်တော်တို့သိခဲ့ရတာပေါ့။ အစည်းအ‌ဝေးခန်းထဲမှာ သိခဲ့ရတယ်။ သွားမတက်ဘူးဆိုရင်မသိရဘူးပေါ့နော်။ တခြားနိုင်ငံရေးပါတီတွေက ဘယ်လိုမျိုးစကားတွေကို ထွက်တယ်ဆို တာကို ကျွန်တော်မှတ်တမ်းတွေကောင်းကောင်း လုပ်ခဲ့ပါတယ်။ ဒါကတော့ ကျွန်တော်ပါတီဗဟိုမှချပြပါတယ်။ ကျွန်‌တော် နောက်ဆက်တွဲအနေနဲ့ မြို့နယ်မှာချပြပါမယ်။ ပြီးတော့ ဗဟိုကော်မတီမှာလဲချပြပါမယ်။ ဒါကတော့ လူခြင်းတွေ့တဲ့အခါမှချပြပါမယ်။ ပြန်ခြင်းပြန်တော့ ကျွန်တော်ဖုန်နဲ့ ဒီလိုဖြစ်ခဲ့တယ်ဆိုတဲ့အကြောင်း ကိုတော့ ပြောထားပြီးသားဖြစ်ပါပြီ။ ကျွန်တော်တို့မှာလည်း facebook မှာ၊ messenger group မှာကျွန်တော်တို့ စီစဉ်ထားတယ်။ ချပြထားတယ်ပေါ့နော်။ ဒီကိစ္စဒီလိုဖြစ်နေတယ်။ နောက် UEC နဲ့တွေ့တုန်းကဘာတွေပြောခဲ့ တယ်ပေါ့နော်။အဲတာတော့ ကျွန်တော်ပြောပြထားပြီးဖြစ်ပါတယ်။

မေး - ကန့်ကွက်နေတဲ့ ရှမ်းနီလူထုတွေကိုပေါ့နော်။ အထူးသဖြင့်လူငယ်ထုကပိုများနေတယ်။ ဒီလိုကန့်ကွက်နေတဲ့ လူငယ်တွေကိုရော ဘာများပြောဖို့ရှိမလဲ။

ဦးစိုင်းဌေးအောင် - ကျွန်တော်တို့ မသွားခင်တုန်းကတည်းကဒီကိစ္စကိုလဲပြင်ထားပါတယ်။ လူငယ်ထုကိုပြောထားတယ်။ ငါတို့သွားမယ် မင်းတို့ တက်နိုင်သလောက်တော့ ဒီဘက်ကထိန်းကျပေါ့နော်။ ပြောချင်တဲ့သူပြောကြပါစေပြောကြ သီးခံဖို့ပေါ့။ သီးခံမယ် ရှင်းပြမယ်။ ရှင်းပြလို့ရတဲ့သူကို ရှင်းပြလိုက်မယ်။ ကွန်တော်တို့ ပါတီ၀င်တွေထဲကလည်း ဒီကိစ္စသဘောမတူလို့ ပဲ့တာတွေလဲရှိလာနိုင်တယ်။ ဒါကတော့ ကြိုတင်ပြင်ဆင်ထားပါတယ်။ ဘာလို့လဲဆိုတော့ အလုပ်တစ်ခုမှ ကြိုတင်ပြင်ဆင်မှကောင်းတာပါ ကြိုတင်ပြင် ဆင်မှုမရှိရင် ပိုပြီးတော့ကွဲမှာဖြစ်ပါတယ်။ အခုတော့ ကျွန်တော်တို့ ကြိုတင်ပြင်ဆင်ထားတယ်။ ပြီးတော့ ပါတီလူငယ်တွေသိပ်မပဲ့ပါဘူး။ အဓိကတော့ ပါတီလူငယ်တွေကတော့ဟာ ဥက္ကဌကိုယ်တိုင်မသွားသင့်ဘူးဆိုတဲ့ အကြုံပြုချက်မျိုးတွေထွက်လာတာပေါ့။ ဒါပေမယ့် ကျွန်တော်ပြောပါတယ်။ ဗဟိုအလုပ်အမှုဆောင်ရဲ့ဆုံးဖြတ် ချက် ကိုကျွန်တော်တို့ လိုက်နာရမှာဖြစ်ပါတယ် ကျွန်တော်ကိုယ်တိုင်လဲ ဗဟိုအလုပ်အမှုဆောင်ဆုံးဖြတ်ချက်နဲ့ လိုက်နာရတယ်။ အဲဒီအတွက်ကြောင့်မို့ ကျွန်တော်တို့ဟာ ဒါအဖွဲ့ဆုံးဖြတ်ချက်ဖြစ်တယ်။ တစ်ယောက်ဆုံးဖြတ် ချက်မဟုတ်တဲ့အတွက်ကြောင့်မို့ မည်မျှပင်ကန့်ကွပ်စေကာမှု ငါတို့ပါတီရဲ့ သဘောထားကိုတော့ ယုံကြည်လက် ခံကြဖို့ ကျွန်တော်တို့အနေနဲ့ ထပ်ဆင့်ပြန်ပြောထားရမှာပေါ့။ မသွားခင်တုန်းကလဲပြောတယ်။ ပြန်လာတော့ လည်းပြောပြပါတယ် ။

မေး - အဲလိုပြောတော့ လူငယ်တွေက လက်ခံကြလား။

ဦးစိုင်းဌေးအောင် - တစ်ချို့တွေကတော့လက်ခံပါတယ်။ တစ်ချို့တွေကတော့ ဒါကိုခုချိန်ထိလက်မခံနိုင်ကြသေး ဘူး။ ဒါပေမယ့်အချိန်အတိုင်းအတာတစ်ခုထိတော့ ကုစားမှုကိုတော့ ယူရမှာပေါ့။ ဘာကြောင့်မို့လဲဆိုတော့ ခုနေချိန်မှာဆူနေသောအချိန်ဖြစ်တဲ့အတွက်ကြောင့်မို့ လက်မခံနိုင်တာကိုလည်း ကျွန်တော်တို့ နားလည်တယ်။ လက်ခံသွားတဲ့သူကိုလဲ ကျွန်တော်တို့ကျေးဇူးတင်တယ်ပေါ့နော်။

မေး - UEC နိုင်ငံရေးပါတီတွေ တွေ့ဆုံးပြီးနောက်ပိုင်းမှာ UEC က နိုင်ငံရေးပါတီတွေကို PR စနစ်နဲ့ပတ်သက်ပြီး စာတမ်းတွေပြုစုပြီးတော့ ပေးပို့ဖို့ စာထုတ်ထားတာတွေတွေ့တယ်။ အဲအပေါ်ကိုရော ရှမ်းနီပါတီအနေနဲ့ ဘယ်လိုရှု့မြင်ထားလဲ။

ဦးစိုင်းဌေးအောင် - အဲဒီ PR စနစ်ကိစ္စတော့ ဒီလက်ထပ်မှာသူတို့ကလှုပ်ရှားချင်တယ်။ လုပ်ချင်တယ်ဆိုတော့ သူတို့ UEC ဥက္ကဌကိုယ်တိုင်လည်း သူတစ်ယောက်တည်းသဘောထားအမြင်ဆိုပြီးမှ ပြောခဲ့တယ်။ သူ့တစ် ယောက်တည်း သဘောထားအမြင်နဲ့ သူရဲ့ ဥက္ကဌပြောတယ်ဆိုတော့ ဒါ UEC တစ်ခုတည်း ရဲ့သဘောထား အမြင် ဖြစ်ကောင်းဖြစ်နိုင်တယ်။ သူက PR စနစ်ကိုသွားချင်တယ်။ PR စနစ်သွားချင်တဲ့အကြောင်းအရင်းတွေအများ ကြီးပဲ။ အဲဒီကိစ္စသူတို့ကြိုးစားခဲ့တာ ၂၀၁၄ တုန်းက ကြိုးစားခဲ့တာပါ။ အဲဒီ PR စနစ်နဲ့ ပတ်သက်ပြီးတော့ ဒါကသူတို့ရဲ့လုပ်ဆောင်ချက်ပေါ့နော။် ကျွန်တော်တို့ရဲ့သဘောထားတွေတောင်းခံလာတယ်။ ကျွန်တော်တို့ အနေ နဲ့ သဘောထားပေးဖို့၊မပေးဖို့ ကတော့ ဗဟိုကော်မတီရဲ့ဆုံးဖြတ်ချက်ကို ခံယူရအုံးမှာဖြစ်ပါတယ်။ အဲ PR နဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့နိုင်ငံရေးပါတီသင်တန်းတွေအများကြီး ကျွန်တော်တို့လုပ်ခဲ့ပါတယ်။ PR နဲ့ပတ် သက်ပြီးတော့ပေါ့နော်။ ၂၀၁၄ ကစတဲ့ကိစ္စပေါ့နော်။ အခုအချိန်မှ PR စနစ်ကျင့်သုံးသင့်၊ မကျင့်သုံးသင့် ဗဟိုကော် မတီကနေပြီးတော့ ဆုံးဖြတ်ချက်တစ်စုံတရာချမယ်။  သဘောထားပေးဆို ပေးမယ်။ မပေးဘူးလို့ဆုံးဖြတ်ချက်ချ ရင်လည်း ကျွန်တော်တို့ပေးစရာအကြောင်းမရှိပါဘူး။

မေး - UEC နဲ့ နောက်ပိုင်း ပူးပေါင်းလုပ်ဆောင်ဖို့ရှိလာဦးမလား။

ဦးစိုင်းဌေးအောင် - ကျွန်တော်တို့ပူးပေါင်းလုပ်ဆောင်တာတော့မဟုတ်ဘူးဗျ။ UEC နဲ့ ကျတော့ ဘယ်လိုလဲဆိုတော့ တက်လာတဲ့ UEC ကိစ္စကိုတေ့ ကျွန်တော်တို့ နိုင်ငံရေးပါတီအနေနဲ့ကတော့ ဘယ်အစည်းအ‌ဝေးပဲခေါ်ခေါ် ၊ ဘယ် UEC ပဲတက်ခဲ့တက်ခဲ့ ကျွန်တော်တို့သွားကြရမှာပဲ ဖြစ်ပါတယ်။ ဒါကဘာကြောင့်မို့လဲဆိုတဲ့ အခါကျတော့ ကျွန်တော်တို့နိုင်ငံရေးပါတီ ဆိုတာရွေးကောက်ပွဲကော်မရှင်နဲ့ တာရိုက်ဆက်ဆံရတဲ့အဖွဲ့အစည်း ဖြစ်တဲ့အတွက်ကြောင့်မို့ ကျွန်တော်တို့သွားရတာဖြစ်ပါတယ်။ ဟိုအရင်တုန်းကလဲကျွန်တော်တို့ နောက်ဆုံး တက်ခဲ့တဲ့ UEC အစည်းအဝေးပေါ့နော်။ ကျွန်တော်တို့ ၂၀၂၀ခုနှစ်ဇွန် ၂၇ ရက်လို့ ကျွန်တော်ထင်ပါတယ်။ အဲတုန်းကရန်ကုန်မှာသွားတက်ပါတယ်။ အဲတော့ UEC ဥက္ကဌအနေနဲ့ ကျွန်တော်တို့ကို အမျိုးမျိုးပြောပါတယ်။ ဒါပေမယ့်သူရဲ့ခံစားချက်နဲ့ပြောတယ်လို့ ကျွန်တော်တို့နားလည်ပေးပါတယ်။ အဲအချိန်မှာရွေးကောက်ပွဲ စိတ်မချ ရဘူးဆိုတာ အဲအချိန်ကတည်းကသုံးသပ်မိလို့ ပါတီဗဟိုကော်မီအစည်းအ‌ဝေး ပြန်လာခြင်း UEC ကဘယ်လို့ပုံစံ ဖြစ်နေတယ်၊ ရွေးကောက်ပွဲမသမာမှုတွေများများဖြစ်လာနိုင်တယ်၊ ငါတို့အနေနဲ့အတက်နိုင် ဆုံးကြိုစားကြဖို့ကို ကျွန်တော်ပါတီဗဟိုကိုမှာတဲ့အတွက်ကြောင့်မို့ ဘယ်သူ့မှအပြစ်မတင်နဲ့ ကိုယ်ဟာကို ကြိုးစားပါတည်ဆောက် ပါလို့ ကျွန်တော်မှာပါတယ်။ အဲအချိန်တုန်းကလဲ အစည်းအ‌ဝေးပြန်လာလို့ အကျိုးအကြောင်း အဆိုအကောင်း တွေကို ပါတီကိုချပြတာဖြစ်ပါတယ်။

မေး - တစ်နှစ်ပြီးရင်တော့ ရွေးကောက်ပွဲပြန်လုပ်ပေးမယ်လို့ ကြေညာထားတယ်ပေါ့နော်။ တကယ်လို့ အဲလိုဖြစ်လာမယ်ဆိုရင်ရော ရှမ်းနီပါတီအနေနဲ့ ၀င်ပြိုင်မလားဗျ ဘယ်လိုသဘောထားရှိထားလဲ။

ဦးစိုင်းဌေးအောင် - ကျွန်တော်အနေနဲ့ကတော့ ပထမမေးခွန်းပေါ့နော်။ သူတို့တစ်နှစ်အတွင်း အရေးပေါ်ကာလ ဆိုင်ရာပြဌာန်းချက်နဲ့ပေါ့နော်။ အဲတာလေးရှိပေမယ့် အခုမြန်မာနိုင်ငံမှာ ရွေးကော်ပွဲနောက် တစ်ကြိမ်ပြန်လည် ကျင်းပဖို့ ဒီတစ်နဲ့မဖူလုံ လောက်တော့ဘူးလို့ထင်တယ်။ သူတို့တွေသက်ဆိုးရှည်နေမယ်လို့ထင်နေတယ်ပေါ့နော်။ ရှမ်းနီပါတီအနေနဲ့ ၀င်ပြိုင်မလား၊ မ၀င်ပြိုင်ဘူးလာဆိုတာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ကျင်းပတဲ့ရွေးကောက် ပွဲတိုင်းကို ကျွန်တော်တို့ ၀င်ပြီးတော့ ယှဉ်ပြိုင်နိုင်အောင်ကျွန်တော်တို့ ကြိုးစားသွားမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့ရှမ်းနီတွေ လွှတ်တော်ထဲမှာရော နိုင်ငံရေးဆွေးနွေးမှုတွေမှာ ပါးစပ်ပေါက် တွေမရှိ ခဲ့လို့ စကားမပြောနိုင်ခဲ့လို့ ရှမ်းနီလူမျိုးတွေမြေပျောက်ရေပျောက်ပြီးမှ လူမျိုးပါပျောက်မတက်ဖြစ်ခဲ့ ရပြီးပြီ။ ၁၉၄၇ ခုနှစ် မှာ ပင်လုံစာချုပ်ချုပ်တယ်။ ပြည်ထောင်စုနေ့ပေါ်လာတယ်။ ပြည်ထောင်စု အတုအ ယောင်ဖြစ်သွားတယ်။ အစစ်မဟုတ်ဘူး။ နော်အဲဒီဟာ ၁၉၄၇ ပေါ်လာတယ် တစ်ပြည်ထောင်စနစ်ဖြစ်သွားတယ် ပြည်ထောင်စုဆိုပေမယ့် တစ်ပြည်ထောင်စနစ်ဖြစ်သွားတဲ့ အဲဒီအချိန်မှာလည်း ကျွန်တော်တို့ အခွင့်အရေးတွေ မပြောနိုင်ခဲ့ဘူး။ ပြောနိုင်ခဲ့ရင် ကျွန်တော်တို့ ဒီဘ၀မျိုးမရောက်ဘူး။ မပြောနိုင်ခဲ့လို့ ကျွန်တော်တို့ ရေပျောက်မြေ ပျောက် လူမျိုးပါပျောက်မတက်ဖြစ်ခဲ့တဲ့ ဘ၀ရောက်သွားခဲ့တယ်။ ပြီးတော့ စာပေယဉ်ကျေးမှု ကျွန်တော်တို့ အကုန်လုံးပျောက်ခဲ့ရတယ်။ ယနေ့ဆိုရင်တော့ ရှမ်းနီဆိုပြီး ပြန်ပေါ်လာအောင်ကစဉ်စားကြည့် ဘယ်လောက် ကြိုးစားခဲ့ရလဲ ဗိုလ်ထွန်းရင်တို့ခေတ်တုန်းကလဲ။ ကြိုးစားခဲ့ရတယ်။ ကျွန်တော်တို့ လက်ထပ်မှာလည်း ကြိုးစားခဲ့ ရတယ်။ ယနေ့ရှမ်းနီလူမျိုးဟာ ဟိုတုန်းကတည်းကရှိခဲ့တယ်။ မခေါ်ရဲကြဘူး။ မခေါ်ရဲအောင်ဖိနှိပ်ထားတယ်။ ကျွန်တော်တို့ပါတီထွက်ပြီးနောက်ပိုင်းမှ အင်နဲ့အားနဲ့ ခေါ်လာခဲ့တာအခု ပါတီကရှစ် နှစ်ကျော်လာပြီ။ ရှမ်းနီလူမျိုးလို့ အင်နဲ့အားနဲ့ခေါ်လာနိုင်ခဲ့တာက ၂၀၁၆ နောက်ပိုင်းမှာအင်နဲ့အားနဲ့ခေါ်လာနိုင်ခဲ့တာ ဖြစ်ပါတယ် ဟိုဘက်ကိုဆိုရင်တော့ ပါတီသာပေါ်လာတာ မရဲတစ်ရဲနဲ့ ကိုယ်နာမည်ကိုမပြောရဲတဲ့အဆင့်ကိုရောက်ခဲ့ရတာ ဖြစ်ပါတယ်။ အဲဘ၀မျိုးကို ကျွန်တော်တို့ပြန်မသွားချင်ဘူး။

မေး - အခုနောက်ပိုင်း CRPH က ၂၀၀၈ ဖွ့စည်းပုံဖျက်သိမ်းရေးနဲ့ တိုင်းရင်းသားတွေနဲ့ လိုက်လျောညီထွေမှုရှိမယ့် ဖယ်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံရေးဆွဲမယ်ဆိုတဲ့ ထုတ်ပြန်ချက်တစ်ခုလဲရှိခဲ့တယ်ပေါ့လ။ အဲဒီအပေါ်မှာ ဘယ်လိုမြင်လဲ။

ဦးစိုင်းဌေးအောင် - အဲတာကတော့ ကျွန်တော်တို့ပါတီကတော့ ၂၁ရာစုပင်လုံပထမအစည်းအဝေးမှာ စာတမ်းပေါင်း ၇၂ စောင်တင်ကြတယ်။ အောက်ကပိုတာရောဖတ်ကြားတာတွေရောပေါ့နော် အဲထဲမှာ ဖွဲ့စည်း ပုံပြန်လည်ရေးဆွဲရေးကို ကျွန်တော်တို့ပါတီတစ်ခုတည်းတင်တာဖြစ်ပါတယ်။ ၂၀၁၅ NLD အစိုးရဖွဲ့တဲ့အခါမှာ ဒီကိစ္စကိုတွေးနွေးကြတာဖြစ်ပါတယ်။ တိုင်းရင်းသားတွေဖြစ်ချင်တာက ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပါ ဖယဒရယ်အရင်လာမယ်။ ဒီမိုကရေစီကိုနောက်မှသွားမယ်။ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖြစ်ချင်တယ်။ ဒါပေမယ့် ညှိနှိုင်းဆွေးနွေးတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီမိုကရေစီကို အရင်သွားမယ်။ ဖယ်ဒရယ်ကိုနောက်မှ လုပ်မယ်။ အဲခါကျတော့ ဒီမိုကရေစီဖယ်ဒရယ်လုပ်မယ်။ အတိုင်းအတာနဲ့ဆိုတော့ တစ်ပြိုင်ထဲသွားမှအဆင်ပြေမယ် ညှိနှိုင်းဆွေးနွေးကြတာဖြစ်ပါတယ်။ ကဲအခေါ်အ‌ဝေါ်ကျတော့ ဒီမိုကရေစီကိုရှေ့ တန်းတင်လိုက်မယ်။ ဒါကြောင့်မို့ ၂၀၁၅ကနေပြီးတော့မှ ၂၀၂၀အတွင်း ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမှာ အနိုင်ရကိုယ်စားလှယ်တွေသာတက်ရောက်ခွင့်ရပါတယ်။ ဒီမိုကရေစီနည်းအရ ရွေးချယ်တင်မြှောက်ခံ လိုက်ရတဲ့ပါတီမှသာ တက်ရောက်ခွင့်ရတာဖြစ်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီအရင်သွားမယ်။ အနိုင်ရတဲ့သူတွေနဲ့ ဖယ်ဒရယ်ကိုသွားတယ် ဆိုပြီးတော့မှပြင်ထားတာဖြစ်ပါတယ်။ ယနေ့ CRPH ရဲ့ ကြေညာချက်မှာလဲ ပါပါတယ်။ အချက် သုံးမှာ ဒီမိုကရေစီအရေး အချက် လေးမှာ ဖယ်ဒရယ်ကိုသွားမယ်ဆိုတာလေးတွေထည့်သွင်းထားတာပါ။ ဒီမိုကရေစီဖယ်ဒရယ်ပါပဲ မပြောင်းပါဘူး။ အဲတာလေးကို အပိုဒ်နှစ်ပိုဒ်ခွဲရေးထားတာပါပဲ။ ဒါကြောင့်မို အခုတိုင်းရင်းသားတွေသွားချင်တဲ့လမ်းကြောင်းနဲ့ သူတို့သွားချင်တဲ့လမ်းကြောင်းက ဖယ်ဒရယ်ဒီမိုကရေစီနဲ့ ဒီမိုကရေစီဖယ်ဒရယ် ကျွန်တော်တို့ အငြင်းမပွားတော့ပါဘူး။ ဒါပေမယ့်လုပ်ဆောင်ချက်ကအဓိကပါ။ သူတို့ဘယ်လိုလုပ်မလဲ၊ ဘယ်လိုမူဝါဒတွေချမလဲဆိုတာ အများကြီးစဉ်းစားထားပြီးဖြစ်ပါတယ်။ အခုအနေနဲ့ CRPH ကလက်ခံတယ်ဆိုရင်တော့ ဟိုအရင်တုန်းကလဲ အကြုံပြုခဲ့တာရှိပါတယ်။ NLD အစိုးရလက်ထပ်မှာ ပေါ့နော်။ အခု ၂၀၀၈ အခြေခံဥပဒေကိုမကြိုက်ဘူး။ မကြိုက်ဘူးဆိုပေမယ့် အခုလောလောဆယ်ဒီအခြေခံဥပဒေ ကိုကျင့်သုံးနေမယ်၊ လောလောဆယ် တစ်ခြားတစ်ဖတ်ကနေဖွဲ့စည်းပုံရေးဆွဲရေးကို ပြင်ဆင်မယ်။ အဲကော်မတီဖွဲ့စည်းဖို့လွတ်တော်ထဲမှာဆွေးနွေးပါလို့ ကျွန်တော် အကြံပြုခဲ့ပါတယ်။ ဒါကျွန်တော် UPDJC ထဲမှာပြောတဲ့စကားတွေပေါ့နော်။ အဲလိုမျိုးအကြံပြုခဲ့ဖူးပါတယ်။  ဒါပေမယ့်ဖြစ်မလာဘူး။ ကျွန်တော်ဆီမှရှိတယ် အခု ဒုတိယအကြိမ်မူကြမ်းဖြစ်တယ်။ ဖယ်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံရှိနေပြီ။ အဲတာကို လောလောဆယ်လက်ခံ ကျင့်သုံးလိုက်။ ၂၀၀၈ ကိုကျွန်တော်တို့လုံး၀မကြိုက်ဘူး။ ဖျက်သိမ်းပြီလို့ကြေညာလိုက်။ ဒါဆိုရင် ကျွန်တော်တို့ တိုင်းရင်းသားတွေ သူတို့ကို ထောက်ခံမှုတော်တော်များများရသွားနိုင်တာပေါ့။ ဒါကတော့ ကျွန်တော်အကြံပြု တာပါ။ သူတို့ကတော့ အခုထိဖွဲ့စည်းပုံဘယ်လိုသွားမယ်ကခုထိမရှိသေးဘူးလေ။ ဟိုကတော့ အရံသင့်ရှိထား ပြီးသား။ အခုဖွဲ့စည်းတဲ့ CRPH မှာလဲ တိုင်းရင်းသားတွေပါ၀င်မှု အင်မတန်အားနည်းပါတယ်။ တိုင်းရင်း သားတွေအနေနဲ့လဲ ခံစားချက်ကိုယ်ဆီရှိကြတယ်လို့ ကျွန်တော့အနေနဲ့မြင်တာပေါ့။

မေး - စစ်ကောင်စီကနေခေါ်တဲ့ အစည်းအ‌ဝေးတွေတက်ပြီးနောက်ပိုင်းတွေမှာ သူတို့အနေနဲ့ နေရာတစ်ခုခုမှာပါ၀င်ဖို့ ကမ်းလှမ်းချက်တွေရှိကြတယ်။ ရှမ်းနီပါတီကိုရော ကမ်းလှမ်းထားတာရှိပါသလား။ ဘယ်လိုမူဝါဒရှိပါသလဲ။

ဦးစိုင်းဌေးအောင် - ကျွန်တော်တို့အာဏာသိမ်းပြီးနောက်ပိုင်း ၁ ရက်မှာ ကျွန်တော်တို့ဆွေးနွေးကြတယ်။ အဲမှာ ဘာတွေဖြစ်လာနိုင်တယ်ကျွန်တော်တို့စဉ်းစားတဲ့အခါကြတော့ သူတို့ကမ်းလှမ်းလာတယ်။ ကမ်းလှမ်းလာရင် လက်ခံမလား၊ လက်မခံဘူးလားကျွန်တော်တို့ပြောပါတယ်။ အဲမှာလဲ လက်ခံချင်တဲ့သူနဲ့ လက်မခံချင်တဲ့သူရှိ တာပေါ့နော်။ မဲခွဲဆုံးဖြတ်ထားတယ်။ လက်ခံမယ်ပေါ့နော်။ လေးရက်နေ့မှကမ်းလှမ်းခဲ့ပါတယ်။ ကမ်းလှမ်းတော့ ကျွန်တော်တို့ ဗဟိုကော်မတီအစည်းအ‌ဝေးပြန်ထိုင်မယ်။ ပြန်ပြီးအကြောင်းကြားမယ်ဆိုပြီးတော့ ကျွန်တော်တို့ ပြောထားတာဖြစ်ပါတယ်။လက်ခံတာတော့လက်ခံမယ်။အခြေအနေစောင့်ကြည့်မယ်။ ကချင်ပါတီလိုမျိုးဆို ရင် တော့ ကချင်ပြည်နယ် ပြည်သူပါတီကို ဥပမာပေးကြပါစို့။ သူဆိုရင်တော့ ပါတီကနေပါရင်နုတ်ထွက်ရမယ် ဆိုပြီးပြောထားတာရှိတဲ့အတွက်ကြောင့်မို့ ပါတီကနေနုတ်ထွက်ခွင့်ပေးထားတယ်။ ဒါပေမယ့်ကချင်လူမျိုးနဲ့ ကျွန်တော်တို့လူမျိုးပြန်ပြီးနှိုင်းယှဉ်ကြည့်တဲ့အခါမှာ နိုင်ငံရေးပါတီမှာ ရပ်တည်မှုတွေက ကချင်တွေက ကျရာ ဇာတ်ကနေကဖို့ သူတို့လူယောက်စေ့ထားထားနိုင်တာဖြစ်ပါတယ်။ ရှမ်းနီတွေကမရှိသေးဘူး။ မရှိသေးတဲ့ အခါကျတော့ ဒီဇာတ်နဲ့ ဒီရပ်ကစားတဲ့အခါကျတော့ ကျွန်တော်တို့ပိုပြီးမှ သတိထားပြီးကစားရတာဖြစ်ပါတယ်။ တခြားပါတီရဲ့မှုဝါဒ ဆုံးဖြတ်ချက်ကိုပြောရတာစိတ်တော့မကောင်းပါဘူး။ ကျွန်တော်တို့ပါတီမှာလည်း ဒီကိစ္စကို ကြိုပြီးတော့ တွက်ဆထားတာဖြစ်ပါတယ်။ ဒါမို့ ဘယ်အစိုးရတက်တက် ကျွန်တော်တို့ အနေနဲ့ ပါ၀င်သွားမယ်။ အခု NLD အနေနဲ့ တက်လာပြီဆိုရင်လည်း သူတို့ကမ်းလှမ်းလာရင်လဲ လက်ခံမယ်။မကမ်းလှမ်းဘူးဆိုရင် ကိုယ့်အ မျိုး သားရေးမှာ ကိုယ်တိုင်အားရှိအောင် ကြိုးစားမှာဖြစ်ပါတယ်။ ကမ်းလှမ်းလာပြီးဆိုရင် ကျွန်တော်တို့လက်ခံ ဆောင် ရွက်သွားမှာဖြစ်ပါတယ်။ အခု အာဏာသိမ်းစစ်ကောင်စီအနေနဲ့  ကျွန်တော်တို့ကို ကမ်းလှမ်းလာတဲ့အပေါ်မှာ ကျွန်တော်တို့အနေနဲ့ ဘယ်နေရာဘယ်ကဏ္ဍမှာ ထားပေးမယ်လို့မသိသေးဘူး။ ဒါပေမယ့် လက်ခံမယ် ဆိုတဲ့အကြောင်းပြန်ထားတာတော့ရှိပါတယ်။

Most read this week

June 28, 2021
မင်းတပ် မြို့မိ/မြိုဖတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်   စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့်...
June 23, 2021
မင်းတပ်မြို့နယ်မှ စစ်ဘေးရှောင်ကူညီရေးတာဝန်ခံ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးနှင့် အင်တာဗျူး...
June 16, 2021
ကရင်နီတပ်မတော် (K-Army) အမှတ် (၁) နည်းဗျူဟာမှူး ဗိုလ်မှူးကြီးအယ်မွီးနှင့် အင်တာဗျူး  ...
June 11, 2021
ကာတွန်းဝေယံ (တောင်ကြီး) နှင့် အင်တာဗျူး   ကာတွန်းသည် အခြေအနေတရပ်၏အနေအထားကို သက်၀င်အောင်...