KIO မှ Covid-19 ကာကွယ်ရေးကော်မတီနှင့် ဆက်သွယ်မေးမြန်းခြင်း

KIO မှ Covid-19 ကာကွယ်ရေးကော်မတီနှင့် ဆက်သွယ်မေးမြန်းခြင်း

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုကော်မတီသည် Covid-19 တားဆီးရေး ကော်မတီဖွဲ့ပြီး အသစ်ဝင်လာသူများကို သီးသန့် Quarantine ထားပြီးစောင့်ကြည့်မှုများ ပြုလုပ်ခဲ့သည်။

ထို့အပြင် စောင့်ကြည့် သံသယလူနာများကို တရုတ်နိုင်ငံအစိုးရအကူအညီဖြင့် ရောဂါပိုးစစ်ဆေးမှုများပြုလုပ်ခဲ့သည်ကို သိရသည်။

KIO နယ်မြေများတွင် Covid-19 ကာကွယ်ရေး စီစဉ်ထားမှုနှင့်ပတ်သက်ပြီး ကော်မတီ၏ အတွင်းရေးမှူး ဦးဟိန်းဝမ်ကို ကချင်သတင်းဌာန KNG မှ တွေ့ဆုံမေးမြန်းထားပါသည်။

မေး။ ။ Covid-19 ရောဂါနဲ့ ပက်သက်ပြီး KIO ထိန်းချုပ်နယ်မြေအားလုံးမှာ ဘယ်လိုလုပ်ဆောင်နေတာ ရှိလဲ။

ဖြေ။ ။ Covid-19 ရောဂါကာကွယ်တိုက်ဖျက်ရေးကော်မတီကနေ အားလုံးကို အသိပေးကြေညာထားပြီ။ လောလောဆယ်တော့ ကျနော်တို့ လူတွေကို စီစစ်တယ်။ နောက်ပြီး အပြင်လူမဝင်နိုင်အောင် စီစစ်ပြီးတော့ စောင့်ကြည့်လူနာအဖြစ်ထားရှိဖို့ အဲဒီအပိုင်းကို လုပ်ဆောင်နေတယ်။

မေး။ ။ Covid-19 ရောဂါကာကွယ်တိုက်ဖျတ်ရေးကော်မတီအနေနဲ့ ဘယ်လောက်အတိုင်းအတာလောက်ထိ ဆေးဝါးကုသပြုစုနိုင်မလဲ။

ဖြေ။ ။ ကျနော်တို့မှာ အခုက ဆေးကုသမယ်ဆိုရင် မလွယ်ကူဘူး။ ကမ္ဘာက အမေရိကန်တွေတောင် အများအပြားသေဆုံးနေကြတာ အဲလိုအခြေအနေကို မရောက်အောင် ကျနော်တို့က ကြိုတင်ကာကွယ်တယ်။ ဆရာဝန်စုံတဲ့ ဆေးရုံကြီးမှာ ဆေးကုသနိုင်ဖို့ လုပ်ထားတယ်။ တခြားနေရာမှာတော့ ကျနော်တို့ သပ်သပ် ရောဂါကာကွယ်ရေးဘက်ကို အဓိကထား လုပ်တယ်။ ဆေးကုသပေးတာတော့ မပါဘူး။ ဌာနချုပ်မှာတော့ ဆေးကုသဖို့ သီးသန့်ဆေးရုံးတစ်ခုလုပ်ထားတယ်။ ပုံမှန်ဆေးရုံနဲ့ မပေါင်းဘူး။

မေး။ ။ ဆေးဝါး နဲ့ စက်ကိရိယာအခြေအနေက ဘယ်လိုရှိလဲ။

ဖြေ။ ။ ဖျားနာတဲ့သူတွေအတွက် သင့်တော်မဲ့ စက်ကိရိယာတွေနဲ့တော့ စစ်ဆေးဆောင်ရွက်တာရှိတယ်။ အရမ်းဈေးကြီးတာတော့ မဝယ်နိုင်သလို ကိုင်သွယ်အသုံးပြုတတ်တဲ့သူတွေကလည်း မရှိဘူး။ ကျနော်တို့ ကိုင်သွယ်နိုင်တဲ့ အသုံးတည့်တယ်ဆိုတဲ့ စက်ပစ္စည်းတွေ အောက်စီဂျင်တွေကိုတော့ ပြင်ဆင်ထားတယ်။

မေး။ ။ KIO ကျန်းမာရေးဌာနအနေနဲ့ Covid-19 ရောဂါအတွက် ဘာတွေလိုအပ်နေသေးလဲ။

ဖြေ။ ။ ရောဂါကာကွယ်တိုက်ဖျက်ရေးမှာ အသုံးပြုရမယ့် PPE ဝတ်စုံတွေ ၊ 95 တွေ ၊ Sodium Chloride တွေ ၊ အရက်ပျံ တွေ ၊ နေ့စဉ်အသုံးပြုနေတဲ့ Mask တွေကတော့ အရမ်းလိုအပ်နေတယ်။ နောက်ပြီး ဆေးကုသတဲ့ဘက်မှာဆို ဥပမာ- ICU မှာ အသုံးပြုမဲ့ စက်ပစ္စည်းကိရိယာတွေ ထပ်ဖြည့်ဖို့ လိုအပ်နေတာဖြစ်တယ်။

မေး။ ။ အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံကို Covid-19 ရောဂါအတွက် ထောက်ပံ့ငွေပေးတဲ့အပေါ်မှာ KIO ဘက်ကိုရော ရနိုင်မလား။

ဖြေ။ ။ ကျနော်တို့လည်း အဲဒါကို သတင်းမှာပဲကြားသေးတာ။ ကျနော်တို့ဆီကိုတော့ မရောက်ပါဘူး။ ကျနော်တို့ မရသေးပါဘူး။

မေး။ ။ အပြင်က ကူညီထောက်ပံ့မှုမရရင် ကိုယ်တိုင်ကိုယ်ကျ ကြိုးစားဆောင်ရွက်နေတဲ့အပိုင်းက ဘယ်အခြေအနေထိရှိလဲ။

ဖြေ။ ။ မြန်မာနိုင်ငံအတွင်းမှာကူညီနေတဲ့ NGO အဖွဲ့အစည်းတွေကို များသောအားဖြင့် သူတို့ကို အကူညီတောင်းပြီး ၊ တစ်ချို့ကျနော်တို့ အကူညီးတောင်းထားတဲ့ အဖွဲ့အစည်းတွေကလည်း ရပါပြီ။ ကာကွယ်ရေးအတွက် အသုံးပြုတယ်၊ စောင့်ကြည့်လူနာဆောင်တွေမှာသုံးတယ် ၊ ပညာပေးတာတွေကိုတော့ လိုက်လုပ်နေပြီ။ ထောက်ပံ့ငွေအကြီးကြီးတော့ မရသေးပါဘူး။ အကူညီတောင်းထားတာပဲရှိသေးတယ်။

မေး။ ။ Covid-19 ရောဂါကြောင့် အဓိကအခက်အခဲတွေက ဘာတွေဖြစ်မလဲ။

ဖြေ။ ။ လူဝင်လူထွက်ပိတ်လိုက်တယ် ၊ လမ်းခရီးတွေ ပိတ်ကုန်တော့ စက်ပစ္စည်းတွေ တင်သွင်းဖို့ခက်တယ် ၊ အစားအသောက်တွေ ခက်ခဲလာတယ်။

မေး။ ။ Covid-19 ရောဂါနဲ့ ပက်သက်ပြီး KIO ထိန်းချုပ်နယ်မြေက နောက်ဆုံးအနေ ဖြည့်စွပ်ပြီး ဘာပြောချင်သေးလဲ။

ဖြေ။ ။ ကျနော်တို့ ဒီမှာက တတ်နိုင်သလောက်တော့ ကူညီနေတယ်။ ကျနော်တို့ကိုလည်း တခြား ကူညီမှုအဖွဲ့အစည်းတွေအနေနဲ့ လိုအပ်တဲ့နေရာမှာ ကူညီထောက်ပံ့ပေးဖို့ တောင်းဆိုချင်တယ်။

မြစ်ကြီးနား လေယာဉ်ကွင်း။ Photo - Crd
April 10, 2025
မန္တလေး – မြစ်ကြီးနား လေယာဥ်လက်မှတ်စျေး အဆမတန်မြင့်တက်နေပြီး ဝယ်ယူရလည်း ခက်ခဲတယ်လို့...
April 9, 2025
ကချင်ပြည်နယ် တနိုင်းလီဒိုလမ်းမပေါ်ရှိ  ဝါရာဇွပ်နဲ့ လဝါးကျေးရွာအနီး တိုက်ပွဲတွေကြောင့်...
ဖားကန့် သွားလမ်းမှာ ခရီးသွားယာဉ်တွေ ပိတ်ဆို့နေတဲ့အခြေအနေ (ပုံဟောင်း)
April 8, 2025
ကချင်ပြည်နယ် မြစ်ကြီးနား–တနိုင်း လီဒိုကားလမ်းပိုင်းမှာ KIA နှင့် မင်းဇေသန့်ပြည်သူ့စစ်တပ်တို့...
April 3, 2025
ငလျင်နောက်ဆက်တွဲ ကယ်ဆယ်ရေးအတွက် ရက်ပေါင်း ၂၀ ယာယီအပစ်ခတ်ရပ်ကြောင်း ကြေညာလိုက်တဲ့ စစ်ကောင်စီတပ်ဟာ...