UNHCR က မလေးရှားနဲ့အိန္ဒိယမှာနေထိုင်တဲ့ ဒုက္ခသည်များနဲ့ နိုင်ငံရေးခိုလှုံလိုသူများအဖြစ်ရောက်ရှိနေတဲ့ ချင်းလူမျိုးများကို နေရပ်ပြန်ခိုင်းတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီ အခြေစိုက် ချင်းလူ့အခွင့်ရေးအဖွဲ့တာဝန်ခံ ဆလိုင်းကျုံဒေါ့နဲ့ခနတာ

UNHCR က မလေးရှားနဲ့အိန္ဒိယမှာနေထိုင်တဲ့ ဒုက္ခသည်များနဲ့ နိုင်ငံရေးခိုလှုံလိုသူများအဖြစ်ရောက်ရှိနေတဲ့ ချင်းလူမျိုးများကို နေရပ်ပြန်ခိုင်းတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီ အခြေစိုက် ချင်းလူ့အခွင့်ရေးအဖွဲ့တာဝန်ခံ ဆလိုင်းကျုံဒေါ့နဲ့ခနတာ

မေး။ ။ UNHCR က ဘာကြောင့် ဒုက္ခသည်များနဲ့ နိုင်ငံရေးခိုလှုံလိုသူများအဖြစ်ရောက်ရှိနေတဲ့ ချင်းလူမျိုးများကို နေရပ်ပြန်ခိုင်း တယ်လို့ထင်လဲ။

ဖြေ။ ။ ဦးသိန်းစိန်အစိုးရလက်ထက် မြန်မာနိုင်ငံကို ဒီမိုကရေစီစနစ်နဲ့သွားတော့မယ်လို့ ကျွေးကြော် လာပြီးနောက် ဦးသိန်းစိန်ကိုယ်တိုင်က နိုင်ငံတကာမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ နေရပ်ပြန်နိုင်ပြီလို့ပြန်လည်ဖိတ်ခေါ်ခဲ့တယ်။ အဲဒီနောက် နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း မြန်မာနိုင်ငံကို အတော်အလေးထားလာပြီး 2013 ခုနှစ်ကစပြီး UN card ထုတ်ပေးတာလည်း ရှားလာတယ်။ နောက် အဲန်အယ်ဒီပါတီ အစိုးရဖြစ်လာတော့ ဒီမိုကရေစီအပြောင်းအလဲ အလျှင်အမြန်ပြောင်းလဲလာပြီး စစ်အစိုးရအုပ်ချုပ်ရေးတုန်းကလို ဖိနှိပ်မှုတွေမရှိတော့ဘူးလို့ နိုင်ငံတကာက ထင်ခဲ့ကြတယ်။ အဲဒီနောက် အိန္ဒိယနဲ့ မလေးရှားမှာရှိနေကြတဲ့ ဒုက္ခသည်တွေအတွက် လမ်းကြောင်းပိတ်လာသလိုဖြစ်လာတယ်။ ပြီးတော့ UNHCR ရဲ့ဒုက္ခသည်တွေအပေါ် စောင့်ရှောက်မှုတွေဖြစ်တဲ့ ကျန်းမာရေးပိုင်း၊ ပညာရေးပိုင်း၊ အရေးပေါ်ပြန်လည်ထူထောင်ရေးအပိုင်းတွေမှာ အများကြီးလျှော့ချလာတယ်။

မေး ။ ။ သူတို့နေခဲ့တဲ့ နေရပ်ဒေသဟာ တကယ်ပြန်နိုင်တဲ့ အနေအထားဖြစ်နေပြီလား။

ဖြေ ။ ။ အခုဆိုရင် UNHCR က မလေးရှားနဲ့ အိန္ဒိယမှာရှိတဲ့ ဒုုက္ခသည်များနဲ့ နိုုင်ငံရေးခိုုလှုံလိုုသူများအဖြစ်ရောက်ရှိနေတဲ့ ချင်းလူမျိုးများကို နေရပ်ပြန်လို့ရပြီ၊ ပြန်စရိတ်တွေ၊ ကိုယ့်နေရပ်ဒေသမှာ ပြန်လည်အခြေချနိုင်ဖို့တွေအတွက် ကူညီပေးမယ်လို့ပြောလာပြီ။ အခုလို UNHCR ရဲ့ထုတ်ပြန်လာတာကို ကြည့်လိုက်ရင် ပြသနာရှိတာက ချင်းပြည်နယ်ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနေတာမဟုတ်သေးဘူး။ မသေချာမရေရာတဲ့ အုပ်ချုပ်မှုစနစ်ကြီးရဲ့အောက်မှာ ရှိနေသေးတယ်ဆိုတာကို လျစ်လျူရှုလိုက်သလိုဖြစ်တယ်။ ချင်းအမျိုးသားတပ်ဦး နဲ့ မြန်မာ့တပ်မတော် ကြားအပစ် အခတ်ရပ်စဲရေးစာချုပ်ဟာလည်း အာမခံချက်ရှိတဲ့ စာချုပ်မဟုတ်သေးဘူး။ တစ်ဖက်နဲ့တစ်ဖက်သေနတ်ကိုင်ပြီး အပစ်အခတ်ရပ်စဲရေးပြောနေတုန်းပဲဖြစ်တယ်ဆိုတာကို မစဉ်းစားဘူး။ ချင်းပြည်နယ်အတွင်း အချိန်မရွေးစစ်ဖြစ်ပွားနိုင်တယ်ဆိုတာကို သူတို့ကောင်းကောင်းမလေ့လာဘူးဆိုတာ သိသာတယ်။ ပလက်ဝမှာဆိုရင် အခုလည်းဖြစ်နေတယ်။ ပြီးတော့ ချင်းလူမျိုးတွေက ကိုးကွယ်တဲ့ဘာသာကြောင့်ရယ်၊ ချင်းလူမျိုးဖြစ်နေတာတွေကြောင့် လူမျိုးကြီးဝါဒအောက်မှ တမင် နှိမ့်ချခံနေရတုန်းပဲဆိုတာကို မစဉ်းစားကြဘူးထင်တယ်။ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေ သကြီးကိုကြည့်မယ်ဆိုရင် အေးချမ်းပါပြီ။ အသက်သေဆုံးရတဲ့အထိ စိတ်ပူပင်စရာ မရှိတော့ဘူးလို့ သူတို့ပြောတယ်။ အရင်တုန်းကလို ဘော်တာဆွဲ၊ အတင်းအဓ္ဓမအလုပ်စေခိုင်းတာ၊ နှိပ်စက်တာ မျိုးမရှိတော့တာ ဖြစ်ကောင်းဖြစ်မယ်။ အရင်အစိုးရ လက်ထက်အုပ်ချုပ်မှုပုံစံက အခုထိအောက်ခြေမှ မပြောင်းလဲသေးဘူး။ ကိုယ့်တိုင်းရင်း သားစာပေကိုလည်း အခုထိ ကျွန်တော်တို့ လိုချင်သလိုလွတ်လွတ်လပ်လပ် စီမံပိုင်ခွင့်မရှိဘူး။ ဘာသာရေးမှာလည်း တကယ် လွတ်လွတ်လပ်လပ် တည်ဆောက်ခွင့်၊ ကိုးကွယ်ခွင့်တွေ ပြည့်ပြည့်ဝဝမရှိသေးဘူးဆိုတာ သူတို့ကထည့်တွက်မစဉ်းစားဘူး။ ဒါကြောင့် ဒီတစ်ခေါက် ချင်းဒုက္ခသည်တွေကို နေရပ်ပြန်ခိုင်းတာဟာ သူတို့အနေနဲ့ အပေါ်ယံကိုပဲကြည့်ပြီး တကယ်မြေပြင်က ဖြစ်ပျက်နေတုန်းပြသနာတွေကို ထည့်တွက်မကြည့်လို့ဖြစ် တယ်လို့ပဲယူဆတယ်။

မေး ။ ။ နိုင်ငံရေးခိုလှုံလိုသူများအဖြစ်ရောက်ရှိနေတဲ့ ချင်းလူမျိုးများအနေနဲ့ကော နေရပ်ပြန်ရင် ဘယ်လိုအခက်အခဲရှိမလဲ။

ဖြေ။ ။ အခု UNHCR ပြောတာက နေအိမ်တွေ ပြန်တည်ဆောက်ပေး တာမျိုးမဟုတ်ပဲ နေရပ်ပြန်ဖို့ စရိတ်နဲ့ ဘဝအစပျိုးနိုင်ဖို့အတွက် ထောက်ပံ့ပေးမယ်လို့လို့ပဲပြောတာဖြစ်တယ်။ ဒီကိစ္စနဲ့ပတ် သက်ပြီးတော့လည်း UNHCR အနေနဲ့ ချင်းပြည်နယ်အစိုးရနဲ့ မြန်မာနိုင်ငံအစိုးရနဲ့ ဆုံဖို့ဝေးသေး၊ မြန်မာသံရုံးကိုတောင် UNHCR က ကောင်းကောင်းမပြောသေးဘူး။ ဒီတော့ သတ်မှတ်ထားတဲ့ရက်မှာ ချင်းလူမျိုးတွေအနေနဲ့ နေရပ်ပြန်မယ်ဆိုရင် နေအိမ်တွေ၊ ယာတွေ၊ မြေနေရာတွေမရှိတော့တဲ့သူတွေ ပိုပြီးဒုက္ခရောက်မှာဖြစ်သလို အသက်မွေး ဝမ်းကြောင်းအတွက် အလုပ်ရှိမှာမဟုတ်တော့ဘူး။ ဒါကြောင့် ဒီအတွက် ချင်းပြည်နယ်အစိုးရက မြေပေးနိုင်မလား၊ နေအိမ်တည်ဆောက်ဖို့ ထောက်ပံ့နိုင်မလား၊ အလုပ်အကိုင်အခွင့်အ လမ်းဖန်တီးပေးနိုင်မလား၊ ဒုတိယနိုင်ငံမှာ မွေးဖွားကြီးပြင်းတဲ့ ကလေးတွေအတွက် ကျောင်းတွေတက်နိုင်ဖို့ လုပ်ပေးနိုင်မလား၊ ဒီထဲမှာ ထည့်တွက်စဉ်းစားဖို့က မြန်မာနိုင်ငံ မှာကျောင်းတက်ရင် မြန်မာစာက မသင်လို့မရဘူး။ ဒုတိယနိုင်ငံမှာနေ တဲ့ ကလေးတွေက အခု ကိုးတန်း - ဆယ်တန်းအရွယ်တွေဖြစ်ကုန်ပြီ။ ပြီးတော့ အလယ်တန်းတက်နေတဲ့ ကလေးတွေက မြန်မာပြည်ပြန်ရောက်ရင် သူရောက်တဲ့ အတန်းပြန် တက်ခွင့်ရှိမလားဆိုတာတွေ အသေးစိတ်စဉ်းစားပေး ဖို့လိုပါတယ်။ ဘာပဲပြောပြော နေရပ်ပြန်ဖို့ ဆိုတဲ့ အသံပေါ်လာပြီဆိုတော့ ခုနပြောတဲ့ဟာလေးတွေကို ချင်းပြည်နယ်အစိုးရအနေနဲ့ ကြိုတင်ပြင်ဆင်မှုမလုပ်ပေးထားဘူးဆိုရင် ကလေးငယ်ပေါင်းများစွာ ရှေ့ရေးပျက်စီးကုန်မယ်။ အစားအသောက်ဆင်းဆင်းရဲရဲနဲ့ ဒုုက္ခသည်များနဲ့ နိုုင်ငံရေးခိုုလှုံလိုုသူများအဖြစ်ရောက်ရှိနေတဲ့ ချင်းလူမျိုးများက ချင်းပြည်နယ်မှာ ပြန်ပြီးဒုက္ခရောက်ဖို့ပဲရှိတယ်။

UNHCR ရဲ့ ထုတ်ပြန်ချက်မှာတော့ ၂၀၁၉ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ လက်ရှိကိုင်ဆောင်ထားတဲ့ UN Register Card ကို ဆက်လက် ကိုင်ဆောင်ခွင့်၊ လိုအပ်ရင် သက်တမ်းတိုးခွင့်ပေးမှာဖြစ်ပြီး ၂၀၂၀ ဇန်နဝါရီလ (၁) ရက်နေ့မှာတော့ အဲဒီကတ်တွေ သက်တမ်းကုန်ဆုံးမှာ ဖြစ်တယ်လို့ ပါရှိပါတယ်။

ဒါ့အပြင် UNHCR အနေနဲ့ လက်ရှိထုတ်ပေးထားတဲ့ UN Card အစား ထောက်ခံစာတစ်စောင် အစားထိုး ထုတ်ပေးမှာဖြစ်ပြီး နှစ်လအတွင်း အကြောင်းပြန်ကြားပေးမှာဖြစ်တယ်။ အဲဒီအကြောင်းပြန်ချက်ကိုကြည့်ပြီး မလေးရှားနိုင်ငံမှာ ဆက်နေဖို့ (ဒါမှမဟုတ်) တတိယနိုင်ငံကို ဆက်လက်ထွက်ခွာဖို့ (ဒါမှမဟုတ်) မြန်မာနိုင်ငံကို ပြန်ဖို့ ဆုံးဖြတ်ရမှာဖြစ်တယ်လို့လည်း ပါရှိပါတယ်။

Most read this week

December 16, 2024
“ကျနော်တို့ မသန်စွမ်းသူတွေအတွက် ဘဝလုံခြုံမှု လုံးဝမရှိတော့ဘူး။ အခု တောထဲမှာနေရတယ်။...
December 12, 2024
မိုင်မိုင်မန်းထာ — တီးတိန်မြို့နယ်၊ သိုင်းငင်းရွာဟာ ကုန်သွယ်ရေးနှင့် ခရီးသွားလာရေးအတွက်...
December 6, 2024
ဒီဇင်ဘာလကနေစပြီး ကလေးမြို့ နှင့် တီးတိန်မြို့ကို ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတစ်ခုဖြစ်တဲ့ Shalom...
December 2, 2024
“အင်အားကြီး နိုင်ငံ နှစ်ခုလုံးက မြန်မာ့အရေးနဲ့ ပတ်သက်ရင် ဆီးရီးယားတို့ ၊ လစ်ဗျားတို့လို...