ကယားပြည်နယ်မှာ ဒီငြိမ်းချမ်းရေးလက်မှတ်မထိုးသေးသော်လည်းပဲ ငြိမ်းချမ်းနေပြီပေါ့နော။ သေနတ်သံတွေမကြားရဘူး။ ငြိမ်းချမ်းနေတဲ့အတွက်ကြောင့် ဒီကယားပြည်နယ် ခရီးသွားလုပ်ငန်း အခြေအနေက ဖွံ့ဖြိုးတိုးတက်လာတဲ့အပေါ် မူတည်ပြီးတော့ ပြည်တွင်းပြည်ပ ပိုမိုစိတ်ဝင်စားပြီး လာရောက်ကြတဲ့ အနေအထား ရှိ်ပါတယ်။
မေး။ ။ ၂၀၁၇ ခုနှစ်အတွင်း ခရီးသွားလုပ်ငန်းကနေ ခရီးသွားဦးရေ ဘယ်လောက် ဝင်ရောက်ခဲ့ပြီးပြီလဲ။
ဖြေ။ ။ ခုထိ ၂၀၁၇ အောက်တိုဘာလဆိုရင် ကျတော်တို့က ပြည်တွင်းစုစုပေါင်းပေါ့နော။ ၂၁၈၇၂ ယောက်ရယ် နောက်ပြီးတော့ ပြည်ပဦးရေးက ၆၅၄၄ ဦး လောက်တော့ ဝင်ရောက်ခဲ့ပြီးပေါ့နော။
မေး။ ။ ဒီကနေ ၂၀၁၇ လျာထားချက် ဘယ်လောက်ထားရှိသလဲ။
ဖြေ။ ။ ကျတော်တို့ ၂၀၁ရယာထားချက်က ပြည်တွင်း ၂၀၀၀၀ လောက်ဝင်းမယ်လို့ ခန့်မှန်းထားပြီးတော့ ကျတော်တို့က ပြည်ပကို ၂၂၀၀၀ လောက်ဝင်မယ်လို့ ခန့်မှန်းထားတယ်ပေါ့။ လက်ရှိအနေအထားတော့ အောက်တိုဘာ ချုပ်ပြီးတဲ့ အနေထားကြည်မယ်ဆိုရင် ခုနက ကျတော်ရှင်းပြသလို့ ၂၂၀၀၀ လောက် ပြည်တွင်းထဲ ဝင်သွားတဲ့အတွက်ကြောင့် ဒါပြည်တွင်းဦးရေ ကျတော်တို့လျာထားချက်အရ ကျော်လွန်နေပြီပေါ့နော။ နောက်ပြည်ပကလည်း ၂၂၀၀၀ မှန်းထားပေမဲ့ ယခုလက်ရှိ ကျတော်တို့ (၁၀)လပိုင်း ပြီးမှာ ၆၅၀၀ ကျော်ဝင်နေပြီးဆိုတော့ ကျနော်တို့ ဒီနောက်လတွင် နိုဝင်ဘာ၊ ဒီဇင်ဘာ ကျတော်တို့ရဲ့ အစီစဉ်ပေါ့ နော်။ ကျတော်တို့ရဲ့ ခရီးသွားရာသီနှုန်းမှာ ထပ်ပြီးတော့ ဝင်သွားမယ်ဖြစ်တဲ့အတွက်ကြောင်း ကျတော်တို့မှန်းထားတဲ့အတိုင်း ၁၀၀%ဝင်ရောက်မယ်လို့တော့ ကျတော်တော့ ထင်မြင်ပါတယ်ဗျာ။
မေး။ ။ ခရီးသွားတွေပေါ့နော။ နိုင်ငံခြားသားတွေ ဘယ်နေရာကို အဓိကထား လာပြီးလည်ပတ်ကြတာ များလဲ။
ဖြေ။ ။ ကျတော်တို့က အဓိက ပြည်တွင်းခရီးသွားတွင်ကတော့ အခုကျနော်တို့ ရုံးပိတ်ရက်တွင် ဒီနှစ်အတွင်း ရုံးပိတ်ရက်တွင် ဆက်တိုက်ပိတ်တဲ့အတွက်ကြောင်း ကျနော်တို့ ကယားပြည်နယ် ပိုပိုပြီးတော့ လာရောက်ကြတာများပါတယ်။ ဘာကြောင့် လာရောက်ကြလဲဆိုတော့လည်း တောင်ကြီးတန်ဆောင်တိုင်းပွဲ၊ သီတင်းကျွတ်တုန်းကဆိုရင် ကျနော်တို့ အင်းလေးဖောင်တော်ဦးနဲ့ တိုက်နေတော့ ဒီက ဖောင်တော်ဦးပွဲပြီးတာနဲ့ ကယားပြည်နယ်ကို ဆက်လာကြတယ်ပေါ့။ တန်ဆောင်တိုင်ဆိုရင်လည်း ကျနော်တို့က တန်ဆောင်တိုင်ပြီးတာနဲ့ ထပ်ပြီးရပ်တဲ့အခါကျတော့ ကျတော်တို့ဒီဘက် ကယားပြည်နယ်ကို ဆက်ဆင်းလာ ကြတယ်။ နောက်တစ်ခုကတော့ ဘာလို့ကယားပြည်နယ်ကို စိတ်ဝင်စားကြလည်းဆိုရင် ကယားပြည်နယ်မှာ ဒီငြိမ်းချမ်းရေးလက်မှတ်မထိုးသေးသော်လည်းပဲ ငြိမ်းချမ်းနေပြီပေါ့နော။ သေနတ်သံတွေမကြားရဘူး။ ငြိမ်းချမ်းနေတဲ့အတွက်ကြောင့် ဒီကယားပြည်နယ် ခရီးသွားလုပ်ငန်း အခြေအနေက ဖွံ့ဖြိုးတိုးတက်လာတဲ့အပေါ် မူတည်ပြီးတော့ ပြည်တွင်းပြည်ပ ပိုမိုစိတ်ဝင်စားပြီး လာရောက်ကြတဲ့ အနေအထား ရှိ်ပါတယ်။ နောက်တစ်ခုကတော့ ကျနော်တို့ အများဆုံးသွားရောက်တဲ့ နေရာတွင်ကတော့ ကျနော်တို့ရဲ့ အဓိက ကယားပြည်နယ်အထိမ်းအမှတ်ဖြစ်တဲ့ သိရီမင်္ဂလာတောင်ကွဲစေတီ ပြီးတော့ ကြတ်ဂူ။ ကြတ်ဂူဆိုတာကလည်း ကျတော်တို့ အများသိတဲ့အတိုင်းပဲ တစ်ကယ်စိတ်ဝင်စားကြတယ်။ သမိုင်းတွေနဲ့ ပြည့်နက်နေတဲ့ ကြတ်ဂူဖြစ်ပါတယ်။ နောက်တစ်ခုကတော့ မြို့ထဲမှာဆိုရင် နောင်ယာကန် ပြီးတော့ ကျနော်တို့ရဲ့ နောက်ဆုံး ဒီကန္တာရဝတီနယ်စား အုပ်စိုးသွားတဲ့ ကန္တာရဝတီစောဖျာရဲ့ ဟော်နန်းပေါ့နော။ ဒါတွေကတော့ ကျနော်တို့ မြို့ထဲမှာ ရှိတာပေါ့။ နောက်ပြီးတော့ ဒီးမော့ဆိုမှာဆိုရင် ကန်ခုနှစ်ဆင့် နောက် ကယန်းတိုင်းရင်းသားတွေရှိတဲ့ ပန်ပတ်ကျေးရွာ နောက် ကျနော်တို့ဒီဘက်မှာဆိုရင်လည်း ဒေါဆန်းဘွန်းကျေးရွာပေါ့။ နောက်ပြီးကျလိုရှိ်ရင် ကျတော်တို့ အဓိက ငွေတောင်ပြည်ပေါ့နော။ အဲ့ဒီက ငွေတောင်ဆည် အဲ့ဒီကိုလည်း အဓိကလာလည်ကျတာကို တွေ့ရပါတယ်။ နောက်တစ်ခုကျတော့ ကျနော်တို့ ရှမ်း-ကယားနယ်စပ်မှာရှိတဲ့ ထီးစဲခါးရေတံခွန်ပေါ့။ အဲ့ဒီကိုလည်း အဓိကသွားရောက်ကြတယ်ဆိုတာ ကျနော်တွေ့ရပါတယ်။
မေး။ ။ ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းမှာ အောင်မြင်မှုတွေနဲ့ ဘာတွေရှိနေပြီလဲ။
ဖြေ။ ။ ကျနော်တို့က ဒီ ၂၀၁၄ မှာမှ ကျနော်တို့ရဲ့ ဟော်တယ်/ခရီးရုံးစတင်ဖွင့်ရတဲ့ အတွက်ကြောင့် ကျနော်တို့ ၂၀၁၄ ကနေမှ ၂၀၁ရအတွင်းမှာ ကျတော်တို့ CBT (Community Build Tourist) ခေါ်တဲ့ ရပ်ရွာအခြေပြုခရီးသွား လုပ်ငန်းကို ကျတော်တို့ အကောင်ထည်ဖော်ပါတယ်။ အဲ့ဒီဟာကတော့ ခုနက ပန်ပတ်နဲ့ တနီးလာလဲ နှစ်ရွာပါ။ ဒါပေမဲ့ ကျနော်တို့ရဲ့ နောက်ဆက်တွဲအနေနဲ့ ပန်းပတ်နဲ့ တနီးလာလဲ အောင်မြင်တဲ့အတွက် ဖရူဆိုမှာရှိတဲ့ ထေခိုကျေးရွာနဲ့ နောက်ပြီးတော့ ဒေါတမကျေးရွာကို CBT ကနေ ဆက်ပြီးအကောင်ထည်ဖော်နေပါတယ်။ ဘာကြောင့်ဆက် အကောင်ထည်ဖော်ရတာလည်းဆိုတော့ ကျနော်တို့က ထေခိုဆိုတာက ကယောတိုင်းရင်းသားလူမျိုးတွေ ရှိပါတယ်။ အဲ့ကြောင့် ကျနော်တို့လည်း အဲ့ဒီမှာ CBD အနေနဲ့ ဖော်ဆောင်ရေးဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ဒေါတမကတော့ ကယားတိုင်းရင်းသားအစစ်တွေပါ။ အဲ့ကြောင့် ကျနော်တို့က ကယားတိုင်းရင်းသားအစစ်တွေရှိတဲ့ ဒေါတမကျေးရွာကိုလည်း CBT နဲ့ ဖော်ဆောင်ဖို့ဆိုပြီး ဆက်လက်ဆောင်ရွက်နေပါတယ်။ နောက်ဆုံးတစ်ခုကတော့ ကျနော်တို့ ကယားပြည်နယ်က ဒီလွိုင်ကော်မြို့က ဘယ်ပြည်နယ်တိုင်းကနဲ့မှမတူပဲနဲ့ လွိုင်ကော်မြို့ကို ဖြတ်သန်းစီးဆင်းနေတဲ့ ဘီလူးချောင်းရှိပါတယ်။ အဲ့ဘီလူးချောင်းထဲမှာ ကျနော်တို့က ညနေဘက်ကို ဒီအပျော်စီးစက်လှေတွေနဲ့ ကယန်းတိုင်းရင်းသားတွေမှာ ရိုးရာဂီတပါမယ်။ ဘူဖေးလေးတွေပါမယ်။ အဲ့ဒီမှာ ကျနော်တို့က ညနေ(၆)နာရီကနေ (၈)နာရီ(၉)နာရီလောက်ထိ ကျနော်တို့ဒီ မြို့ရဲ့အလှပကို ကြည်ရှုခံစားနိုင်အောင် ပျော်စီးလှေတွေနဲ့ ကျတော်တို့ အခု ခရီးသည်ဝန်ဆောင်မှုပေးဖို့ ကျတော်တို့ စီမံချက်တွေလုပ်ကိုင်နေတာတွေရှိပါတယ်။ ဒါလည်း ကျတော်တို့ မကြာခင် ကောင်ထည်ဖော်ပေါ်လာမယ်ဆို ကျတော်သတင်းကောင်းပန်ချင်ပါတယ်။ နောက်တစ်ချက်ကတော့ ဒီဘီလူးချောင်းဘေးကနေ ဟို ရုပ်ရှင်ရုံ အဟောင်းထိ ညစျေးဖွင့်ဖို့လည်း ကျနော်တို့ စီမံချက် ပြည်ထောင်စုကို တင်ထားပါတယ်။ အဲ့ဟာလေးကို ကျနော်တို့ မကြာခင်မှာအကောင်ထည်ဖော်မယ်ဆိုတာကို သတင်းကောင်းပါးချင်ပါတယ်ဗျာ။
မေး။ ။ ညဈေးကို ဘယ်လို ပုံစံမျိုးနဲ့ အကောင်အထည်ဖေါ်ဖို့ စီစဉ်ထားတာလဲ။
ဖြေ။ ။ မကြာခင်မှာ အကောင်ထည်ဖော်တော့မှာပါ။ ကျနော်တို့ ပြည်နယ်အစိုးရကို တင်ပြထားပါတယ်။ အဲ့ဟာလေးကလည်း မကြာခင် ကောင်ထည်ဖော်ပြီးတော့ ကျနော်တို့က ဒါဘာကြောင့်အကောင်ထည်ဖော် ရတာလည်း ကျနော်တို့က ကယားပြည်နယ်လာရင် တစ်ညအိပ်သုံးရက်လောက်ပဲ ဧည့်သည်တွေက ပြန်ကြတယ်။ အဲ့ဒါ ကျနော်တို့က ညဘက်မှာ လည်စရာမရှိဘူး လွိုင်ကော်မြို့မှာ။ အဲ့ကြောင့်မိုလို့ ကျနော်တို့က ဧည့်သည်တွင် လွိုင်ကော်မြို့မှာ နောက်ထပ်တစ်ညအိပ်အောင် ပေါ့နော။ ပြီးလို့ရှိရင် ညဘက်မှာ လွိုင်ကော်မြို့ရဲ့အလှပခံစားနိုင်အောင်။ နောက်ပြီးလို့ရှိရင် လွိုင်ကော်မြို့မှာရှိတဲ့ ကျတော်တို့ရဲ့ ရိုးရာယဉ်ကျေးမှု၊ အဝတ်အထည်တွင် အစားသောက်တွင် စားသောက်နိုင်အောင် ကျနော်တို့ ညစျေးကို ကောင်ထည်ဖော်ခြင်းဖြစ်ပါတယ်။ ဘာပဲပြောပြော ကျနော်တို့က ဒီမှာ တစ်ညအိပ်ရင် ကျတော်တို့တွက် ခရီးသွားတွင် သုံးသွားတဲ့ ငွေကြေးပိုက်ဆံတွေက ပြည်သူလူထုဆီတိုင်းစီးဆင်းမှာဖြစ်ပါတယ်။
မေး။ ။ အဲ့ဒီအစီအစဉ်ကို အစိုးရကိုယ်တိုင်လုပ်မှလား။ ဒါမှမဟုတ် ပုဂ္ဂလိကကို ပေးမှာလား။
ဖြေ။ ။ ကျတော်တို့ကတော့ ပုဂ္ဂလိကကို ဖိတ်ခေါ်ထားတယ်ပေါ့။ ကျနော်တို့ကတော့ ဒီခွင့်ပြုချက်ကိုတော့ ပြည်နယ်အစိုးရကိုတောင်းမယ်။ တောင်းပြီးတော့မှ ဒီ ပုဂ္ဂလိကကို လုပ်ငန်းရှင်ကနေမှ ဆွဲမယ်ပေါ့နော။ အဲ့ပေါ်မှာမှ ကျနော်တို့ ခရီးသည်လူဘယ်လောက်သတ်မှတ်မယ်ပေါ့နော။ သတ်မှတ်ပြီးတော့မှ ဆွဲမယ်။ သတ်မှတ်တဲ့အခွန်ခနဲ့ ကျန်တဲ့ခရီးသွားလုပ်ငန်းရန်ပုံငွေအနေနဲ့ ဒီပုဂ္ဂလိကကို ကနေပြန်ထည့်ပါ့မယ်။ အဲ့ဒီပေါ်မှာ ကျတော်တို့က ဒီပြုပြင်ထိန်းသိမ်းတာတို့ ဒီဘီလူးချောင်းသာယာလှပဖို့ အဲ့ဒီပေါ်ကနေသုံးမှာပေါ့နော။
မေး။ ။ ဘယ်အချိန်လောက် အကောင်အထည်စဖေါ်ဖြစ်မှာလဲ။
ဖြေ။ ။ ဒီ ၂၀၁၈ မတိုင်ခင် ကျနော်တို့ နိုဝင်ဘာထဲမှာ ခွင့်ပြုချက်တောင်းထားပါတယ်။ ဖြစ်နိုင်ရင်တော့ ခရီးသွားရာသီ ကျနော်တို့မှီအောင်လို့ ကျတော်တို့လုပ်မှာပါ။ ဒီဇင်ဘာလောက်မှာ ကျနော်တို့စနိုင်အောင် လုပ်မှာပါ။ ဘာလုပ်လဲဆိုတော့ ကျနော်တို့က တစ်ခုရှိတာက ကျနော်တို့ ဘီလူးချောင်းထဲသွားမယ်ဆိုပေမဲ့ ကျနော်တို့ဆီမှာရှိတဲ့ တံတားက နည်းနည်းလေး နိမ့်နေပါတယ်။ အဲ့ခါကျတော့ ဘီလူးချောင်းထဲသွားနိုင်အောင် လှေကိုပြန်ဆောက်ရပါတယ်။ ပြန်ဆောက်ရတဲ့အခါကျတော့ အဲ့ဒီလှေဆောက်ချိန်နဲ့ဆိုတော့ ကျနော်တို့ကတော့ ဒီဇင်ဘာရောက်အောင်တော့ တောင်းထားပေးမယ်။ မပြီးရင်လည်း ၂၀၁၈ ဇန်နန်ဝါရီလကိုတော့ စနိုင်အောင်တော့ ကျနော်တို့လုပ်ဖို့ အစီစဉ်ရှိပါတယ်။
မေး။ ။ ပြီးခဲ့တဲ့တလောတုန်းက နယ်မြေအခြေအနေကြောင့် နိုင်ငံခြားသားခရီးသွားတွေကို ကန့်သတ်လိုက်တဲ့ အခြေအနေရှိတယ်။ အဲ့ဒါဘာကြောင့်လဲ။
ဖြေ။ ။ ကျနော်တို့က ဒီလို့ပါဗျာ။ ဟို ကယားပြည်နယ်က ကျနော်တို့ကန့်သတ် နိုင်ငံခြားသားသွားလာခွင့် နယ်မြေ၊ ကန့်သတ်နယ်မြေနဲ့ သတ်မှတ်ထားတာရှိပါတယ်။ ကန့်သတ်နယ်မြေဆိုတာ ကျနော်တို့ ပြည်ထဲရေးဝန်ကြီး သတ်မှတ်ထားတာပါ။ ကန့်သတ်ထားတယ်ဆိုတာက နယ်မြေအခြေနေပေါ်မူတည်ပြီးတော့ မှ ကန့်သတ်ထားခြင်းဖြစ်ပါတယ်။ အဲ့မှာ ကျနော်တို့ ရှင်းပြရရင်တော့ နိုင်ငံခြားသားတို့ သွားလို့ရတာက လွိုင်ကော်မြို့ပေါ်သွားလို့ရတယ်။ ဒီးမော့ဆိုမြို့ပေါ် သွားလို့ရတယ်။ ဖရူဆိုမြို့ပေါ်ထိ သွားလို့ရတယ်။ ကျန်နေရာသွားမယ်ဆို ခွင့်ပြုချက်တောင်းရပါတယ်။ ခွင့်ပြုချက်တောင်းရတဲ့အခါကျတော့ ကျနော်တို့က ပြည်နယ်အစိုးရကို ခွင့်ပြုချက်တောင်းပြီးသွားရမယ်ပေါ့နော။ အဲ့မှာသွားမယ့်ဟာကလည်း ကျနော်တို့ ဟိုတယ်ခရီး ပြည်နယ်ရုံးကနေတစ်ဆင့် ဒီခရီးသွားကုမ္ပဏီတွေ ကားတွေက သွားချင်တဲ့ ခရီးစဉ်ကို ကျနော်တို့ ဟော်တယ်/ခရီးပြည်နယ်ရုံးကို လာပြီးတော့ လျှောက်ရပါမယ်။ လျှောက်ပြီးရင် ကျနော်တို့က ပြည်နယ်အစိုးရကို တင်ပြပြီးတော့ ပြည်နယ်အစိုးရကနေမှ အချိန်မှီ ခွင့်ပြုပြီးတော့ ကျနော်တို့ ဒါကို သွားရခြင်းဖြစ်ပါတယ်။ ကျတော်တို့ ဒီပန်ပတ်၊ တနီးလာလဲတို့ကလည်း ဟိုခုနပြောသလို့ ကန့်သတ်ဧရိယာဖြစ်နေတယ်ပေ့ါ။ ဒါပေမဲ့လည်း ကျတော်တို့ ဒီရွာသည် CBT ရွာလုပ်နေတဲ့အတွက်ကြောင့် ကန့်သတ်ဧရိယာမသွားရရင် ကျနော်တို့မှာ ခက်ခဲဖြစ်တဲ့ အတွက်ကြောင့် ကျနော်တို့က ပြည်နယ်အစိုးရနဲ့ ညိုနှို်င်းပြီးတော့ ကျတော်တို့ ဟိုတယ်ခရီး ကျနော်တို့ လွိုင်ကော်ရုံးရဲ့ တာဝန်ယူမှုတာဝန်ခံမှုနဲ့ ကျနော်တို့က ပြည်နယ်အစိုးရကိုတင်ပြတယ်။ ပြည်နယ်အစိုးရကလည်းကျတော်တို့ကို ချက်ခြင်း ခွင့်ပြုပြီးတော့ သွားလာခွင့်ရှိ နေပါတယ်ဗျာ။ နောက်တစ်ခုလည်း ကျနော်ခုနကပြောသလို့ ထေခို၊ ဒေါတမကြီးကလည်း ခုနအရင်တုန်းကလို့ကန့်သတ်သွားလို့အဆင်မပြေခဲ့ပေမယ့် အခုဆိုတော့ ကျနော်တို့ ပြည်နယ်အစိုးရကို ပြည်နယ်ဝန်ကြီးချုပ်ရဲ့ ညှိုနှိုင်းမှုနဲ့ ဒါကျနော်တို့ အဖွဲ့စည်းတွေနဲ့ ကျနော်တို့ ဟိုတယ်ခရီးနဲ့ နယ်လုံဝန်ကြီးနဲ့ ကျန်တဲ့ ကုမ္ပဏီအသင်းဖွဲ့တွေနဲ့ ဒါကျနော်တို့ ဦးဆောင်ပြီးတော့ စေ့စပ်ညှိနှိုင်းမှုနဲ့ ကျတော်တို့ ထေခို၊ဒေါတမကြီးလည်း ဒါပြန်ဖွင့်ပြီးတော့ သွားလာခွင့်ရနေပါပြီဗျာ။
မေး။ ။ ခရီးသွားလုပ်ငန်းကနေ ဒီကယားပြည်နယ်အတွက် ဘယ်လောက်အတိုင်းအတာအထိ အလုပ်အကိုင်နဲ့ ဝင်ငွေတွေကို ရယူစေနိုင်ခဲ့သလဲ။
ဖြေ။ ။ ကျတော်တို့ဒီမှာ ကျနော်တို့ ဟိုတယ်ခရီးလိုင်စင်ယူရတဲ့ ဟိုတယ် တည်းခိုရိပ်သာ လိုင်စင်ရ ဆယ့်ခြောက်လုံးရှိပါတယ်။ ဒါပေမဲ့ အခန်းပေါင်းကတော့ ကျနော်တို့မှာ ရှိပါတယ်ပေ့ါနော။ ၃၄၇ ခန်း ရှိတယ်ပေါ့။ နောက်ပြီးတော့ ထပ်မံတည်ဆောက်နေတဲ့ ဟိုတယ်က (၁၃)လုံးလောက်ရှိပါတယ်။ အဲ့မှာ အခန်းပေါင်းကတော့ (၃၃၈)ခန်းလောက် တိုးလာပါအုံးမယ်။ နောက်ဆုံးကတော့ ဒီမိုင်လုံးနားမှာ ကျတော်တို့ (၁၁)ထပ် ဆင့်မြင့် သမ္မတတွေ တည်းလို့ရနိုင်တဲ့ အဆင့်မြင် 3 Star အဆင့်ရှိတဲ့ ဟော်တယ်တစ်ခုကို ဆောက်ဖို့ ပြည်နယ်အစိုးရကနေ ခွင့်ပြုထားပါပြီ။
မေး။ ။ ခရီးသွားလုပ်ငန်း တိုးတက်ဖို့အတွက် အဓိကအချက်က ဘာဖြစ်မလဲ။
ဖြေ။ ။ ကျနော်တစ်ဦးတည်းမြင်တာ သုံးသပ်ပြောဆိုရမယ်ဆိုရင်တော့ ခရီးသွားလုပ်ငန်းဆိုတာ မီးခိုမထွက်တဲ့ စက်ရုံပါ။ သဘာဝအရင်းမြစ်တွေ ဒါသစ်တောသတ္တုမထုတ်ပဲနဲ့ မီးခိုးမထွက်တဲ့ စက်ရုံနဲ့ ခရီးသွားလုပ်ငန်းဖြစ်ပါတယ်။ အဲ့ဒီအတွက်ကြောင့်မို့လို့ ကျနော်ခုနပြောသလို့ပဲ ငြိမ်းချမ်းရေးနဲ့ ခရီးသွားလုပ်ငန်းက ဆက်စပ်ပါတယ်။ အရင်တုန်းကလည်း ကယားပြည်နယ် ခရီးသွားလုပ်ငန်းမအောင်မြင်ခဲ့တာ ငြိမ်းချမ်းရေးနဲ့ အများကြီးသက်ဆိုင်ပါတယ်။ အဲ့ကြောင့်မို့လို့ ကျတော်တို့ အကြံပြုချင်တာက ငြိမ်းချမ်းရေးရရှိမယ်ဆိုလို့ ရှိရင် ငြိမ်းချမ်းရေးသာ လက်မှတ်ထိုးခဲ့လို့ရှိရင် ကျတော်တို့အခု ဥပမာအနေနဲ့ ပြောရမယ်ဆိုရင်တော့ ကရင်ပြည်နယ်ကို ကြည့်ပါ။ ကရင်ပြည်နယ်သည် အခုငြိမ်းချမ်းရေးလက်မှတ်ထိုးတယ်။ ကရင်ပြည်နယ်မှာ ခရီးသွားလုပ်ငန်းတွေ တအားဖွံ့ဖြိုးလာပြီးတော့ ကရင်ပြည်နယ် ပြည်နယ်သူ/သားတွေ ခရီးသွားလုပ်ငန်းကြောင့် ဒီငွေတွေရရှိနေတာကို တွေ့ရမှာပါ။