ဂျူလိုင်လ ၁၇ ရက်နေ့UNFC စည်းလုံးညီညွတ်သော တိုင်းရင်းသား ဖက်ဒရယ်ကောင်စီခေါင်းဆောင်များအား တွေ့ဆုံရာတွင် နိုင်ငံတော် အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့သော မှတ်သားဖွယ်ရာ မိန့်ခွန်း နှင့် ဆွေးနွေးချက်များ

ဂျူလိုင်လ ၁၇ ရက်နေ့UNFC စည်းလုံးညီညွတ်သော တိုင်းရင်းသား ဖက်ဒရယ်ကောင်စီခေါင်းဆောင်များအား တွေ့ဆုံရာတွင် နိုင်ငံတော် အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့သော မှတ်သားဖွယ်ရာ မိန့်ခွန်း နှင့် ဆွေးနွေးချက်များ
by -
သျှမ်းသံတော်ဆင့်/ဟွမ်ဟိန်း
ဂျူလိုင်လ ၁၇ ရက်နေ့က UNFC ခေါင်းဆောင်များ နိုင်ငံတော် အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့်တွေ့ဆုံစဉ်
ဂျူလိုင်လ ၁၇ ရက်နေ့က UNFC ခေါင်းဆောင်များ နိုင်ငံတော် အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့်တွေ့ဆုံစဉ်
အပိုင်း (၁) အဖွင့်မိန့်ခွန်း ကျမကိုအခုလိုလာပြီးတွေ့တဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်။ ဒီလိုတွေ့ဆုံမှုအတွက်လဲကျမတို့မျှော်လင့်ခဲ့ တာကြာပါပြီ။တွေ့ဆုံခြင်းအားဖြင့်လဲကျမတို့အားလုံးအတွက်တိုးတက်မှုတွေအကျိုးကောင်းတွေရလိမ့်မယ်လို့မျှော်လင့်ပါတယ်။

ကျမတို့ တွေမိသားစုလိုတွေ့တယ်ဆိုတော့ ကျမတခုမေးချင်ပါတယ်။

ဒီအထဲမှာဘယ်သူအသက်အကြီးဆုံးလဲ?  ဦးကျော်တင့်ဆွေအပါအဝင်ပေါ့။ ဦးကျော်တင့်ဆွေက ကျမထက် ၃ လငယ်တယ်။ကျန်တဲ့ဧည့်သည်တွေကော ကျမထက်ကြီးတဲ့သူပါလား။

ဗိုလ်ချုပ်ဆေထဲင်ကအသက်ဘယ်လောက်လဲ။ ၈၀ နှစ်။ ကျမထက်ကြီးတယ်။ ဗိုလ်ချုပ်အန်ဘန်လာကော၊ ၆၇ ဆိုကျမထက်ငယ်တယ်။ကျမထက်ကြီးတာ တယောက်ဘဲရှိတာပေါ့။

ကျမဘာဖြစ်လို့မေးလဲဆိုတော့ ကျမ ဒီအစည်း အဝေးမလာခင် ကျမ စဉ်းစား မိတယ်။ ကျမတို့အားလုံးမှာ ကျမတို့ကြိုက်သည်ဖြစ်စေ မကြိုက် သည်ဖြစ်စေ တူညီချက်တခုရှိတယ်။ ကျမတို့ဘယ်လိုမှအမြဲနေသွားလို့မရဘူး။ ကျမတို့ သက်တမ်းဆုံးတဲ့ အခါမှာ ကျမတို့ဒီလောကကနေထွက်သွားရမှာဘဲ။

ကျမတို့ဒီလောကကနေမထွက်သွားခင်မှာ အားလုံး စုပေါင်းပြီးတော့ နိုင်ငံ့ တိုးတက်မှုလုပ်သွားချင်တယ်။ အဲဒါ ကျမစိတ်ထဲရောက်လာတယ်။ ကျမတို့ဒီမှာရှိတဲ့အားလုံးလူငယ်တွေအပါအဝင်ပေါ့၊ပြောလို့ရတာမဟုတ်ဘူး၊လူငယ်၊လူကြီးဘယ်သူဟာဤလောကကြီးကနေအရင်ထွက်သွားမလဲဆိုတာတနေ့တချိန်တခါမှကျမတို့ထွက်သွားရမှာဘဲ။ဘယ်သူမှငြင်းလို့မရဘူး။

ကျမတို့အားလုံးတခြားကိစ္စတွေ NCA နဲ့ဘယ်လောက်ဘဲငြင်းခုံခုံ၊ ဖက်ဒရယ် နဲ့ပတ်သက်ပြီးဘယ်လောက် ဘဲငြင်းခုံခုံတူညီတဲ့ ကိစ္စတခုကတော့ ကျမတို့ တချိန်ချိန်မှာဤလောက ကနေထွက်သွားရမှာဘဲ။ မထွက်သွားခင်မှာ ကျမညီညွှတ်မှုကို လိုချင်တယ်။ ကျမတို့အစဉ်အဆက် ကျမတို့ခေါင်းဆောင်တွေ တိုင်းရင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေမျှော်မှန်းခဲ့တဲ့ညီညွတ်မှုကိုရယူပြီးတော့ ထားပစ်ခဲ့ချင်တယ်ဆိုတဲ့ စိတ်ကျမပေါ်ပေါက်ခဲ့ပါတယ်။

နောက်တခုကျမစဉ်းစားမိတာ ဘာလဲဆိုတော့ ကျမတို့အားလုံးဟာ ဘာလဲ ဘယ်သူလဲ ဆိုတာ အရင်စဉ်းစား ရင်ကောင်းမလားလို့။

 ဥပမာဆိုလို့ရှိရင် ကျမအနေနဲ့ - ကျမကဘယ်သူလဲ ဆိုတော့ ကျမဟာမြန်မာ နိုင်ငံသား တယောက်လို့ ပြော မှာလား၊ ကျမဟာ ကျမမိဘရဲ့သမီးပြောရမှာလား၊ ကျမအဖေဟာ အညာသားဗမာစစ်စစ်၊ ကျမအမေဟာ ဧရာဝတီက မွန်သွေး ပါ တယ်။ ရခိုင်သွေး ပါကောင်းပါမယ်။ ဖိုးဖိုးဘက်က ကျမ သိပ်မသေချာဘူး ။ သေချာတာ ကတော့ မွန်သွေး ပါတယ်။ ကျမက မွန်မျိုးနွယ်လို့ခေါ်ရမှာ လား။ အညာသားမျိုးနွယ်လို့ ခေါ်ရမှာလား။ ပြောရမယ် ဆိုရင်ကျမတို့ Identity အမျိုးမျိုးရှိတယ်။ တခုတည်းမဟုတ်ပါဘူး။

ဒီတော့ ကျမက ကိုယ့်ကိုယ်ကို ဗုဒ္ဓဘာသာတယောက်လို့သတ်မှတ်ရမှာလား။ ကိုယ့်ကိုယ်ကို ဘာလဲ ဘယ်လူလဲဆိုတာ သတ်မှတ်သာအမျိုးမျိုးရှိတယ်။လူတိုင်းလူတိုင်းမှာရှိပါတယ်။ အဲဒါ Diversity ဘဲ။

နောက်ဆုံးတော့ ဒိုင်ဗာစီတီအရင်လာသလား ယူနီတီလာတာလား။ Diversity of the unity ဆိုတာဒီမတူကွဲပြား မှုဆိုတာ ကျမတို့အချင်း ချင်းကြား ထဲမှာမဟုတ်ဘူး၊ ကျမတို့ တယောက်ချင်းတယောက်ချင်း အတွင်းမှာကို မတူကွဲပြားမှုတွေ အစုံရှိပါတယ်။

ဥပမာဆို ကချင်၊ ကချင်ဆိုပေမယ့် ကိုယ်ကိုးကွယ်တဲ့ဘာသာဆိုလို့ကိုယ့်ရဲ့ Identity ဘဲ။ကို်ယ်ကိုး ကွယ်တဲ့ ဘာသာဆိုလဲ မတူတဲ့ကချင် တိုင်းရင်းသားတွေ ရှိတယ်။ ကချင်ပြည်နယ်မှာ ဆိုတာလဲမတူတဲ့အရပ် ဒေသ က လာတာ ရှိတယ်။ ကိုယ့်ရဲ့မိဘကမတူညီတဲ့ အခြေအနေတွေရှိတယ်။ အဲဒီလိုအမျိုးမျိုး မတူညီတာ တွေရှိတယ်။

ကျမစဉ်းစားမိတာကတော့ တကယ်ကြီးတဲ့သစ်ပင်ကြီးတွေ ခိုင်ခံ့တဲ့သစ်ပင်ကြီးတွေဆိုတာ အမြစ်တွေအများကြီးရှိပါတယ်။ဒီအမြစ်တွေအများကြီးစုဆောင်းပြီးတော့မှ ခိုင်ခံ့တဲ့အပင်ကြီးတခုဖြစ်လာတာပါ။ အမြစ်တခုတည်းရှိတဲ့အပင်တွေဟာမခိုင်ခံ့ပါဘူး။

ဥပမာဆိုရင်မုံလာဥ ဆွဲထုတ်လိုက်ရင်ပါသွားတာဘဲ။ သူကအမြစ်က တခု တည်း ရှိတယ်။ တကယ်တော့မြစ်မ ပင်မ တခုတည်းရှိတယ်။ နည်းနည်းလေးပေါ့တခြားအမြစ်သေးသေးလေးရှိရင်ရှိမယ်။ဒီလိုအမြစ်ကြီးကြီး တခုတည်း ရှိတာ မခိုင်ခံ့ပါဘူး။ဆွဲနှုတ်လိုက်လို့ရှိရင်တခါတည်းပါသွားတာဘဲ။

ဒီလို Diversity ရှိတဲ့အမြစ်တွေအများကြီးရှိတဲ့သစ်ပင်ကြီးတွေတာတကယ်ကို ခိုင်ခံ့နိုင်မှာပါ။ အဲဒီတော့ကျမတို့ ကနေ ပြီးတော့ Diversity of Strength ဆို ပြီးတော့လက်တွေ့ကျကျသဘာဝအရမှန် တယ်လို့ကျမမြင် တယ်။ ကျမ တို့ ဘယ်သူ မှ Identity တခုတည်းရှိတာမဟုတ်ဘူး။ ကျမဒီဟာကိုဘာဖြစ် လို့ေ လ့လာလဲဆိုတော့ ကျမတို့ တကမ္ဘာလုံးမှာ ဖြစ်နေ တဲ့ Identity Crisis ပေါ့။ အထူးသဖြင့်ဘာသာရေးအရ ကွဲပြားတာတွေ၊ အဲဒီဟာနဲ့ ပတ် သက်ပြီးတော့ပြင်သစ်မှာ ကြီးလာတဲ့ North Africa က မူစလင်ဘာသာဝင်တယောက် က ရေး ဖူး ပါတယ်။

ဒီ Identity နဲ့ပတ်သက်လို့ပေါ့။လူတွေဟာကိုယ့်မှာ Identity တခုရှိတယ်လို့ သတ်မှတ်လိုက်လို့ရှိရင်ပြသနာ ဖြစ်တယ် တဲ့။ဒါပေမယ့်လူတိုင်းလူတိုင်းမှာ Identity အများကြီးရှိတယ်။ဒီဟာတွေအားလုံးကိုသိမ်းသွင်းပြီးတော့ လက်ခံပြီးတော့ ကျော်လွှားနိုင်ရမယ်။ဒီဟာတွေအားလုံးကိုအင်အားဖြစ်အောင် လုပ်ဆောင်နိုင်ရမယ်ဆိုတော ့ကျမ ဒီဟာကိုသိပ်ကိုသဘောကျပါတယ်။

ကျမတို့အားလုံးဟာပြည်ထောင်စုသားတွေဆိုတဲ့ Identity ကိုလဲရှိစေချင်တယ်။ကိုယ်သက်ဆိုင်ရာ သက်ဆိုင်ရာ တိုင်းရင်းသားဆိုတဲ့ Identity ကိုလဲရှိစေချင်တယ်။ကိုယ်ကိုးကွယ်ရာဘာသာဆိုတဲ့ Identity ကိုလဲရှိစေ ချင်တယ်။  ကိုယ့်ရဲ့မိဘတွေကလဲ လူမျိုးစုတခုတည်းကဘဲဖြစ်ချင်မှဖြစ်မယ်။ဒီလိုမတူကွဲပြားတဲ့ Identity ကိုပေါင်းပြီးတော့ ပိုပြီး ခိုင်ခံ့တဲ့အပင်ကြီး သဖွယ်ဖြစ်တဲ့ ပြည်ထောင်စုကို ထူထောင်တာဟာ ကျမတို့ ခေတ်မှာကျမတို့အသက်ရှင် ကာလ မှာ ကျမတို့ထူထောင်သွားစေချင်တယ်။

 ကျမတို့ဒီမှာအမြဲရှိနေမှာမဟုတ်ဘူး။ဒါဘယ်သူမှငြင်းလို့ရမှာမဟုတ်ဘူး။ကျမတို့အသက်၅၀ကျော်လာတာနဲ့အမျှ သက်တမ်းတဝက်ရောက်တဲ့သူက များပါတယ်။ အသက်တရာကျော်တဲ့သူက အခုနည်းနည်းတော့များလာတယ်။ကျမတို့မြန်မာနိုင်ငံရဲ့ပျမ်းမျှခြင်းသက်တမ်းနဲ့ အမျိုးသားတွေက၆၃နှစ်၊ အမျိုးသမီးတွေက၆၅နှစ်ဆိုတော့၊ ဒီမှာလဲအမျိုးသား တွေဘက်က ၆၃ နှစ် ကျော်သွားပြီ၊ ကျမလဲ ၆၅ နှစ်ကျော်သွားပြီ၊ ကျမတို့မှာကျန်တဲ့သက်တမ်းအတွင်းမှာ ကျမတို့ ရေရှည်ထားပေးခဲ့ရမယ့် နောင်မျိုးဆက်တွေအတွက် ဘာဖြစ်မလဲဆိုတာ စဉ်းစားပြီးတော့ ကျမတို့ပြောမယ်ဆိုမယ် ဆွေးနွေးမယ်ဆိုရင် အခက်အခဲရှိမယ်မထင်ဘူးလို့ ကျမယုံကြည်ပါတယ်။

အဲဒါ့ကြောင့်မို့လို့ ဒီအချက်နှစ်ချက်မနေ့က စဉ်းစားတာပါ။ ဒီအစည်းအဝေးကျရင်ပွင့်ပွင့်လင်းပြောရရင် အောင်မြင်ချင်စေတယ်။ အရင်တုန်းက မအောင်မြင်ခဲ့တဲ့ဟာကို အောင်မြင်ချင်တယ်။ ဒီလိုအောင်မြင်မှုရအောင် ဘယ်လိုစဉ်းစားမလဲဆိုတော့ ကျမအတွေးနှစ်ခုဝင်လာတယ်။ တခုက အကန့်အသတ်မရှိတဲ့အချိန်မရှိဘူး။ ကမ္ဘာကြီးတောင်မှ အကန့်အသတ်မရှိဘူးလို့ပြောလို့ရတာမဟုတ်ဘူး။ ကမ္ဘာကြီးလဲတချိန်တခါပြီးသွားမှာပဲပေါ့နော်။ ကျမတို့တဦးချင်းတဦးချင်းမှာ အကန့်အသတ်မဲ့အချိန်ရှိတာမဟုတ်ပါဘူး။ ဒီရှိတဲ့အချိန်ကို တန်ဖိုးအရှိဆုံးဖြစ်အောင်လို့သုံးစေချင်တယ်။ဒီရှိတဲ့အချိန်ကို သတ္တိရှိရှိနဲ့ အပြောင်းအလဲဖြစ်အောင် ကျမလုပ်ချင်တယ်။

နောက်ပြီးတော့ ကျမတို့အားလုံးဟာ Identity ပေါ့နော် အမျိုးမျိုးရှိတယ်။ တခု တည်း ရှိတာမဟုတ်ဘူး။ အဲဒီ လိုစဉ်းစားမယ်ဆိုလို့ရှိရင် ကျမတို့ ကွာဟ ချက်တွေက အင်မတန်မှနည်းသွားမယ်။ ဥပမာဆိုလို့ ရှိရင်ကျမမေမေ က မွန်ဆိုတော့ မွန်သွေးပါတယ်။ မွန်တွေနဲ့ချိတ်ဆက်မှုလုပ်လို့ရတယ်။ ကျမအဖိုးက ခရစ်ယာန်ဆိုတော့ ခရစ်ယာန်တွေနဲ့ချိတ်ဆက်လို့ရတယ်။  ကျမတို့ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာက ဘာသာဆိုပြီးတော့ ဗုဒ္ဓဘာသာနဲ့ချိတ်ဆက်လို့ရတယ်။တူညီတဲ့အပိုင်းတွေမှာ ကျမတို့ချိတ်ဆက်ပြီးတော့ ငါတို့အားလုံးဟာ မျှဝေနိုင်တာဘဲဆိုတဲ့ စိတ်ထားနဲ့ ပြသနာတွေကို ကိုင်တွယ်မယ်ဆိုရင် ဖြေရှင်းမယ်ဆိုရင် ချဉ်းကပ်မယ်ဆိုရင်တော့ မဖြေရှင်းနိုင်တဲ့ကိစ္စမရှိဘူးလို့ ကျမထင်ပါတယ်။

Identityနဲ့ပတ်သက်လို့ ကျမကလေးမတယောက်အကြောင်းဖတ်ပြီးတော့ သူကလဲဒီလိုပါဘဲ။ သူ့ရဲ့မျိုးနွယ်တွေမနေတဲ့ နိုင်ငံမှာကြီးလာရတော့သူ့ရဲ့ Identity ကိုသူပြောပြေတော့Tangla Identity ပေါ့၊ ရှုပ်ထွေးလှတဲ့ Identity ပေါ့၊သူဘယ်သူလဲဆိုတာ သူဆုံးဖြတ်ရတာရှုပ်ထွေးနေ တယ်။

ဒီလိုရှုပ်ထွေးမှုက ကျမတို့ မဖြစ်စေ ချင်ဘူး။ကိုယ့်မှာရှိတဲ့ Identity အားလုံး ဟာတန်းတူရည်တူလက်ခံနိုင်တယ်၊ သူတို့တွေဟာ သဟဇာတရှိရှိနဲ့ ရှင်သန် နိုင် တယ်။ဒီလိုအခြေအနေမျိုးဖြစ်စေချင်တယ် ။ပြည်ထောင်စု ဆိုတာဒီလိုပါ ဘဲ။ အားလုံးဟာအတူတူနေပြီးတော့ ကိုယ့်ရဲ့မတူညီတဲ့ကိစ္စတွေကို သဟ ဇာတဖြစ်အောင်လုပ်တာ   ပြည်ထောင်စု တည်ထောင်ခြင်းပါဘဲ။

အဲဒီလိုစိတ်ဓါတ်နဲ့သွားမယ်ဆိုရင် ကျမတို့အောင်မြင်နိုင်မယ်လို့ ကျမယုံကြည်ပါတယ်။ ဒါကိုကျမတို့အနေနဲ့ကျမတို့ တိုင်းရင်းသားတွေက ဘာ့ကြောင့်ဒီ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ဖို့အခက်အခဲရှိတယ်ဆိုတာ ပွင့်ပွင့်လင်းလင်းပြောပါ ပွင့်ပွင့်လင်းလင်းပြောရင် ကျမတို့လဲဒီကိစ္စကိုထိထိရောက်ရောက်ကိုင်တွယ်ဖို့ကြိုးစားပါ့မယ်။ ကျမတို့အနေနဲ့လဲ ကျမတို့အမြင်တွေကို ပွင့်ပွင့်လင်းလင်းမှန်မှန်ကန်ကန်ပြောပြမယ်။ အခြေခံအားဖြင့်တော့ ပွင့်လင်းဖို့ဖြောင့်မတ်ဖို့လိုပါတယ်။ဖြောင့်မတ်ဖို့ပွင့်လင်းဖို့ဆိုတာကလဲ ဒါပထမလိုအပ်တဲ့ယုံကြည်မှုဘဲ။ ကိုယ်မယုံကြည်တဲ့သူနဲ့ဆိုပွင့်လင်းဖို့အင်မတန်မှခက်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ဒီလူဟာကိုယ့်ကို မကောင်းကြံမယ်လို့ထင်ရင် သူနဲ့ပွင့်ပွင့်လင်းလင်းဆက်ဆံမယ်ဆိုရင် ကိုယ့်အကြောင်းသိသွားတာကို အခြေခံပြီးတော့အခွင့်အရေးယူမလားဆိုပြီးတော့ ဒီလိုစိုးရိမ်မှုလဲရှိနိုင်ပါတယ်။ ပထမဦးဆုံးတယောက်နဲ့ တယောက်ပွင့်လင်းနို်င်ဖို့ အတွက်ဖြောင့်မတ်နိုင်ဖို့အတွက် အဲဒီ့အထိတော့ယုံကြည်မှုရှိရမယ်။

ကျမတို့ဟာတယောက်နဲ့ တယောက်ဆွေးနွေးတဲ့အချက်တွေကို ပြန်ပြီးတော့ တိုက်ခိုက်ဖို့သုံးဖို့အတွက်မဟုတ်ဖူး၊ ကြားမှရှိနေတဲ့ ပြသနာကို ဘယ်လိုပြေလည်အောင်အဖြေရှာဖို့။ ကျမထပ်သလဲလဲပြောပါတယ်
ပြသနာဟာခက်တာမဟုတ် ဘူး။

အဖြေရှာမှာမို့ဘဲအရေးကြီးတာ။ပြသနာတော့ရှိမှာပဲ။အခုလဲရှိမှာပဲနောင်လဲရှိမှာဘဲ။ကျမတို့ပြည်ထောင်စုကြီးတည်တည်တံ့တံ့ရှိတဲ့အခါမှာလဲရှိမှာဘဲ။အဲဒီ့တော့ပြသနာဖြေရှင်းတဲ့နည်းကိုဘဲ ကျမတို့ရှာဖို့ပါပဲ။ ပြသနာကိုတော့စိုးရိမ်ဖို့မလိုပါဘူးလို့ ကျမအနေနဲ့တင်ပြချင်ပါတယ်။

ဒါ့ကြောင့်မို့လို့ NCA အခက်အခဲ ငြိမ်းချမ်းရေးပရောဆက်တွေရဲ့ အခက်အခဲတွေကို ပြသနာပါလို့ဆိုမဲ့အစား ကိုင်တွယ်ရမယ့်ကိစ္စ တခုဆိုတဲ့ အမြင်နဲ့ ဝိုင်းပြီးတော့အဖြေရှာပေးချင်ပါတယ်လို့ကျမ အနေနဲ့မေတ္တာရပ်ခံချင် ပါတယ်။

ဒုတိယပိုင်းဆက်တင်ပေးမည်

မြေရှားသတ္တုစစ်ယူသည့် အက်ဆစ်ရေကန်များ
January 17, 2024
ဆမ်နော် — ကမ္ဘာ့မြေရှားတောင်းဆိုမှုအရ တရုတ်ရဲ့ လိုအပ်မှုအတိုင်း ကချင်မြေရှားတွေကတော့ ဆက်လက်...
March 21, 2023
ရခိုင်ပြည်ထဲက ရထားလမ်းစီမံကိန်းမှာ သံလမ်းမရောက်၊ ရထားမရောက်ဘဲ ခါးပြတ်နေသည့်...
April 27, 2022
“ကျနော်တို့ပြည်နယ်တော့ ပြန်ပြီးငြိမ်းချမ်းမယ်လို့ ထင်တယ်လေ။ မငြိမ်းချမ်းနိုင်တော့ဘူးလား။...
March 28, 2022
“ဒီစစ်အာဏာရှင်တွေနဲ့ ဆွေးနွေးပြီးတိုက်နေလို့ ဘယ်တော့မှအမြစ်ပြတ်မှာ မဟုတ်ဘူး။ စစ်ရေးအရ အပြင်...