ဦးသန်းထွန်း- မစ္စက် ယန်ဟီးလီ ဟာ ခုတစ်ကြိမ်ဆိုရင် ရခိုင်ပြည်ကို တတိယ မြောက် အကြိမ်လို့ ကျွန်တော်တို့ ထင်ပါတယ်။ တတိယမြောက် အကြိမ်မြောက်ရောက်တယ်လို့ ထင်တော့ သူက ဘာလဲဆိုတော့ သူလာတဲ့ ခရီးစဉ်တိုင်း မှာ ဒီဘင်္ဂလီ အပေါ်မှာ ဘယ်လောက်ထိ ခွဲခြား ဆက်ဆံတယ်။ ဘင်္ဂလီတွေ လူ့အခွင့်အရေး ဘယ်လောက်ထိ ချိုးဖောက်ခံနေရသလဲ။ စသည်ဖြင့် အဲသလို မကောင်းတဲ့ အမြင်ကို သက်သေ ပြဖို့ အတွက် လာတဲ့ ခရီးစဉ်တွေချည်း ဖြစ်နေတယ်။ သူလာတဲ့ ခရီးစဉ်ဟာ ဒီပဋိပက္ခ ပြဿနာကြီး ဖြစ်နေတဲ့ လူအဖွဲ့အစည်းနှစ်ခု အကြား ကို ဘယ်လို ညှိနိုင်း ဖြေရှင်းဖို့အတွက် အကောင်းဆုံး အဖြေရနိုင်မလဲ အဖြေရှာမယ့် ခရီးစဉ်မျိုး မဟုတ်ဘဲနဲ့ အစိုးရနဲ့ ဒီက ရခိုင်တိုင်းသားတွေ က ဘင်္ဂလီတွေ အပေါ်မှာ ဘယ်လို နှိပ်ကွက်တယ်၊ ဘယ်လို ပိုင်းခြားဆက်ဆံ တယ် စသည်ဖြင့် အဲဒါတွေကို သက်သေပြနိုင်ဖို့ အတွက် အဲဒီ မကောင်းတဲ့ အကွက်တွေကို မကောင်းတဲ့ ကိစ္စတွေကို သက်သေပြနိုင်ဖို့ အတွက် အထောက်အထား လာရှာတဲ့ ခရီးစဉ်လိုဘဲ မြင်ပါတယ်။
မေး- သူမရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ဆရာတို့ဘက်က ဘယ်လို ဖြေစေချင်ပါသလဲ။
ဦးသန်းထွန်း- တကယ် ဖြစ်စေချင်တဲ့ ဆန္ဒကတော့ ၂၀၁၂ ကနေပြီးတော့ ပဋိပက္ခ ဖြစ်လာကြတဲ့ အချိန်မှာ ခုဆိုရင် နည်းနည်း တည်ငြိမ်တဲ့ အနေအထားလေး ဖြစ်လာပြီ။ တည်ငြိမ်တဲ့ အနေအထားလေး ဖြစ်လာပြီ။ ဒီကြားထဲမှာ တည်ငြိမ်တဲ့ အနေအထားလေးကို ဆက်ထိန်ထားပြီးတော့ ဒီပြဿနာကို ဘယ်လို ငြိမ်းချမ်းစွာ ဘယ်လို ဖြေရှင်းကြ မလဲဆိုတဲ့ ရှာကြံဖို့ နည်းလမ်းကိုပဲ ကျွန်တော်တို့ လိုချင်ပါတယ်။ ဒါပေမယ့် သူတစ်ခေါက် ရောက်တိုင်း ရောက်တိုင်း ပြဿနာတွေက အမြဲတန်း ဖြစ်ဖြစ် နေတယ်။ အဲဒီတော့ ရှင်ရှင်း ပြောရရင် သူဟာငြိမ်းချမ်းရေး သံတမန် အနေနဲ့ မဟုတ်ဘဲ Problem Maker ပြဿနာ ဖန်တီးလူ ဖြစ်ဖြစ်နေတာကို တွေ့ရတာကြောင့် ကျွန်တော်တို့ စိတ်မကောင်း ပါဘူးဗျား။