ကြိုတင်တင်မဲများနှင့်ပက်သက်၍ ပါတီ ၄ ခုမှ ယနေ့ညနေ ၄ နာရီတွင် ကော်မရှင်သို့တင်လိုက်ပြီ ဖြစ်သည်။
နိုဝင်ဘာလ၈ရက်တွင်ကျင်းပခဲ့သောရွေးကောက်ပွဲ၌ရှမ်းပြည်နယ်မဲဆန္ဒနယ်ပြင်ပကြိုတင်မဲများအနက် ရပခတပ် မှ ၆၁၆ မဲ နှင့် ၂၂၂ ထောက်ပံတပ်မှ အောင်သပြေရပ်ကွက်မဲရုံသို့ပို့လာ သောကြိုတင် မဲ ၃၀၀ တို့အားတရားဝင်မဲအဖြစ်ရေတွက်ခြင်းအားကန့် ကွက်ကြောင်းနှင့် ပယ်မဲအဖြစ် သတ်မှတ် ပေးရန်။ စုံစမ်းစီစစ်ပေးရန် NLD ပါတီ SNLDပါတီ UNPOပါတီနှင့် SNDP ပါတီတို့က UEC သို့ ပြည်နယ်ကော်မရှင်မှတဆင့်ကန့်ကွက်စာပေးပို့ခြင်းဖြစ်သည်သိရသည်။
" ဒီကြိုတင်မဲတွေကိုလက်ခံရတဲ့ပုံစံ၁၈(၁)ကို ခုအချိန်ထိ ကော်မရှင် ကမပြနိုင် သေးဘူး။ ဒီမဲတွေဘယ်ကလာတယ်ဆိုတာ ဘယ်သူအပ်လဲဆိုတာ အဲဒီ ပုံစံမှာစစ်ကြည့်လိုက်ရုံပဲမလား"ဟု NLDပါတီမှကိုဝင်းနိုင်စိုးကပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ USDP ပါတီမှပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ဝင်ရောက်ယှဉ်ပြိုင်သူ ဦးစိုင်းဇော်ဇော်က ၎င်းအနေဖြင့် အဆိုပါမဲများနှင့်ပတ်သက်ပြီးလုံးဝမသိကြောင်း ပြုလုပ်ခဲ့ခြင်းမရှိ ကြောင်းနှင့် ကန့်ကွက်စာအတွက် ကော်မရှင်များ၏ အဆုံးအဖြတ်ချက် အတိုင်းသာဖြစ်ရမည်ဟု ဖြေကြားခဲ့သည်။