Pu En Kan Gu (ဦးအင်ခန့်ဂို)
(ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ် (Zomi Congress for Democracy) ကိုယ်စားလှယ်လောင်း
မနက်ဖြန်ရွေးကောက်ပွဲဆိုတော့ ကိုယ်ကလည်း နှစ်လလောက် ကြိုးစားခဲ့တာပေါ့နော်။ နှစ်လလောက်အချိန်ယူပြီး ကိုယ့်လူမျိုးတွေ အတွက် ကိုယ်လုပ်ဆောင်ချက်တွေ ပုံဖော်ပြီးတော့မှပြည်သူတွေ နားလည်သဘောပေါက်အောင် ရှင်းပြတဲ့နေရာမှာပေါ့နော် အားလုံးက နားလည်တဲ့ သူရှိသလို ကျွန်တော်တို့ပြည်သူတွေက နားမလည်နိုင်တဲ့သူတွေ လည်းရှိနေသေးတယ်။
ကျွန်တော်တို့မနက်ဖြန်နားလည်တဲ့သူကပေးတဲ့အသီးအပွင့်တွေ ခံစားရတော့မှာပေါ့နော်။အဲဒီအတွက်ကြောင့် အဲဒီနေရာမှာ ကျွန်တော်တို့အစိုးရိမ်ဆုံးကတော့ မဲပေးချင်ရဲ့သားနဲ့ မပေးမိမှာ မနက်ဖြန်အတွက်ကို အစိုးရိမ်ဆုံး ဖြစ်တယ်။
ဘာကြောင့်လဲ ဆိုတော့သူတို့ ရဲ့နှလုံးသားတွေဟာ သူတို့နှလုံးသားထဲက မဲပြားတွေဟာကျွန်တော့်အပေါ် အားလုံး ရောက်နေပြီးလို့ ကျွန်တော်သိတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်တယ်ဆိုရင် ကျွန်တော်ကတော့ မဲအားလုံးရဲ့ ၆၅-၇၀ ကြားမဲ ၁၀၀၀၀၀ ရှိတယ်ဆိုရင် မဲ ၆ သောင်းခွဲ နှင့် ရ သောင်းကြား မျော်လင့်ထားတယ်။ မဲအပေးမှားတာတွေရှိတယ် ဆိုရင်တော့ ဒါတော့မတတ်နိုင်ဘူးပေါ့နော်။
Dr. Kam Cin Dal (ဒေါက်တာ ကမ်ကျင်ဒါလ်း)
(ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ) ကိုယ်စားလှယ်လောင်း
ရင်မခုန်ပါဘူးစိတ်ချပါတယ်။ ကျွန်တော်ရမှာပါ။ မနေ့ ည နဲ့ ဒီမနက် ကလည်း ဟူးမလင်း၊ တမှုးဘက်က ဖုန်းလာတယ်၊ အားလုံးကောင်းပါတယ်တဲ့။တမှုးမှာဆိုရင် ဒေါက်တာကထိပ်ပဲလို အဲလိုပြောကြပါတယ်။ ကလေးမှာလည်း တော်တော်များများမှာ ကျွန်တော်ဝင်ခဲ့တယ်။ ၂၀၁၅ ရွေးကောက်ပွဲပြီးရင် အစိုးရက NLD တစ်ပါတီတည်းနဲ့ မဖွဲ့နိုင်ဘူး။ ပြည်ခိုင်ဖြိုး တစ်ပါတီတည်းနဲ့လည်း မဖွဲ့နိုင်ဘူး။
ကျွန်တော်တို့ တောင်ပေါ်သား ပြည်နယ်ပါတီတွေနဲ့ပေါင်းမှ အစိုးရဖွဲ့နိုင်မှာပါလို့ အဓိက ပြောတယ်လေ။ အဲဒီတော့ သူတို့သဘောပေါက်တယ်၊ ကျွန်တော်ကကိုယ့်အကြောင်းကိုများများ မပြောပါဘူး။ တစ်နိုင်ငံလုံးရဲ့ နိုင်ငံရေးအခြေအနေတွေ ကိုပြောတယ်လေ။ ကောင်းပါတယ် အခြေအနေကောင်းပါတယ်။
Pu Khua Tio (ဦးခွါထီယို)
(ပြည်ထောင်စုကြံခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ) ကိုယ်စားလှယ်လောင်း
မနက်ဖြန် ရွေးကောက်ပွဲကတော့ တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်မှာပါ။ အနိုင်ရမယ် မရဘူးဆို တာ ကျွန်တော်မခန့်မှန်းတတ်ဘူး။ ပြည်သူလူထုတွေက သူတို့ရဲ့ဆန္ဒ၊ စိတ်ထဲမှာ ဘယ်လိုရှိတယ်ဆိုတာတော့ အဖြေသိမှပဲ ကျွန်တော်တို့ သိရမှာပေါ့။
ရွေးကောက်ပွဲဝင်တဲ့သူတိုင်းကတော့ ကိုယ့်ကိုယ်ကို နိုင်မယ်လို့ထင် လို့ဝင်ကြတာပဲဆိုတော့ တကယ့်အဆုံးအဖြတ်က ပြည်သူ လူထုအပေါ်မှာပဲ မှုတည်နေတာဆိုတော့ ပြည်သူလူထုက မဲထည့်တဲ့ အပေါ်မှာ ပြည်သူလူထု ဆုံးဖြတ်တဲ့အတိုင်းပဲ ကျွန်တော်တော့ ခံယူဖို့ အသင့်ပါပဲ။